Thursday, January 23, 2014

ဇာဂနာ သို့ အိတ်ဖွင့်ပေးစာ

ဇာဂနာ  ဘာလုပ်နေတာလဲဟိုဂတုံးမဟုတ်တာတွေရေးနေလို့ 
2007 အတိတ်ကို ပြန်တူးကြည့်
မိတယ် ။ရွှေဝါရောင် အရေးမဖြစ်ခင်
 11ရက်အလို" သံဃာ့သာမဂ္ဂီ ကြေငြာ
စာတန်း" နဲ့ ပထမဆုံးထိမ်းသိမ်း
ခံရတဲ့အထဲမှာ NLD လဲတစ်ယောက်
မှမပါသလို ဂတုံး လို ပွဲလန့်
ဖျာခင်းတွေလဲ တစ်ယောက်မှမ
ပါဘူး ။ အဲ့နေ့က နေ့လည် 2း15 မှာ
 ဦးမြင့်အေး(ရှေ့နေ)၊ နဲ့အတူ 
တို့ (၅)ယောက် အရင်ဆုံး
အဖမ်းခံရတာ ။ တို့တစ်တွေ 
စစ်ကြောရေး နှစ်ခုလောက်ပြောင်း
ခါမှ ရွှေဝါရောင်ထဖြစ်တာ ။ အဲ့လိုတွေမဖြစ်ခင် စုစုနွေးအရင်ရောက်လာတယ်၊
ငါတို့ပေါက်ခေါင်းကိုပို့ပေး လိုက်တယ် ။သံဃာတပ်ပေါင်းစုရဲ့ ကြေငြာစာတမ်းကို RFAကတဆင့်ကြေ ငြာဖို့ ငါတို့ ကြိုး ပမ်းနေချိန်မှာ NLD ကလူတွေ ကြောက်ရှာလွန်းလို့ "အမြှီး မြှောက်လိုက် အီးပေါက်လိုက်"။ဘယ်လိုမှ ဆွဲခေါ်လဲမရ အကြံဥာဏ်တောင်း တော့လဲ ပါတီအနေနဲ့ ဒီအရေးထဲ မပါဘူးတဲ့ ။လုပ်ပေးနိုင်တာကတော့ နောက်
ကွယ်ကနေပါဝင်ပေးပါ့မယ်တဲ့ ။(မြှောက်ပေးမယ်ပေါ့) ။ငါတို့လဲ တော်တော် အံ့သြမိတယ် ။အရေးခင်းလဲဖြစ်ရော နောက်ကနေ ရေသန့်ဗူးဝေတယ် ၊သံ ဃာတွေ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်တာကိုအခွင့်ကောင်းယူပြီး ဘောလုံး ကွင်းထဲရောက်နေသလို လက်ခုပ်လက်ဝါးတီးပြီးအားပေးတယ်။(တကယ် တော့ သေကြောင်းကြံတာပါ) ။ပြီးတော့ သူတို့အော်ချင်တာတွေ လျောက် အော်လို့ ဦးဆောင်သံဃာတွေနဲ့ ခွန်းကြီးခွန်းငယ်များတယ် ။သံဃာတွေက ပြောတယ် မင်းတို့ အော်ချင်တာအော်မယ်ဆိုရင် တို့သံဃာတွေ ဦးမဆောင်
ဘူး မင်းတို့ဘဲ ဆက်ပြီးဆန္ဒပြကြဆိုတော့ အကုန်ထွက်ပြေးကြတယ် ။(ဒါ လား မင်းတို့ NLD ရဲ့ ဆောင်ရွက်ချက် ) ။

ငါတို့ ပြန်ထွက်လာတော့ 2012အတွက် မင်းတို့ NLD တွေ အူယားဖားယားပြင် နေကြပြီ ။ 2007မှာ ငါတို့စိုက်ပျိုးခဲ့တဲ့ အသီးအပွင့်တွေကို မင်းတို့ကအလွယ် တကူစားသုံးခဲ့တယ် ။ငါတို့ကစိုက်ပျိုးပြီး ထောင်နန်းစံရချိန် မင်းကိုက အသင့် စားသုံးခဲ့ကြတယ် ။မင်းတို့ကိုယ်တိုင်ပဲ ပါဝင်ပတ်သက်ခဲ့သလို လုပ်ဇာတ်ခင်း ကြတယ် ။ 2007မှာ NLDမဟုတ်တဲ့ ငါတို့လို မျိုးချစ်တွေရယ် ၊ သံဃာတော်တွေ သီလရှင်တွေ ၊ အများကြီးပေးဆပ်ခဲ့ရတာ ဒုနဲ့ဒေး ။ထပ်ပြောလိုက်အုံးမယ်...
စစ်ကြောရေးမှာ လူစိတ်မရှိတဲ့ အရာရှိတွေရှိပေမယ့် ၊ဘာသာတရားကိုကိုင်း ရှိုင်းတဲ့ ပြည်သူ့ဘက်သားစစ်စစ်တွေ ငါတွေ့ခဲ့တယ် ။ဝါးလုံးချေးသုတ်ပြော ကြေးဆိုရင်တော့ မင်းသဘောပဲပြောင်ကြီး ။ ငါနဲ့ ဦးမြင့်အေးနဲ့ တနေရာထဲ တစ်ချိန်ထဲမှာ အဖမ်းခံရတာ ငါ့ကိုရိုက်တာ မှတ်မှတ်ရရ သာထိန်းကိုယ်တော် ဘုန်းကြီးကရိုက်တာ နရင်းကိုအားကုန်ဗျင်းတာ (၂)ချက် ။ ဒ န ကရဲအုပ်တစ် ယောက်က ခြေနဲ့ခတ်တာ (၁)ချက် အဲ့သုံးချက်ကလွဲရင် မင်းပြောသလို "ဖင် ချမယ်" ဆိုတာတွေအပြောမခံခဲ့ရဘူး ။ ပြောချင်တာက ကိုယ်တိုင်ကြုံမှပြောပါ ။ လေဖမ်းဒန်းစီးမလုပ်နဲ့ ပြောင်ကြီးရ ။

အခုလိုရေးတာကလဲ...NLD ကပဲ ရွှေဝါရောင်မှာ ဟီးရိုး တွေဖြစ်ခဲ့သလိုလို ။ ဘာမသိညာ မသိပြည်သူတွေကပဲ NLD ကို ကျေးဇူးတွေတင်နေရတော့မလို တွေရေးတာတွေ့လို့ အားလုံးအမှန်သိအောင်ရေးပေးတာပဲ ပြောင်ကြီး ။ မင်းပြောသလိုပဲ ပြောင်ကြီးရေ...မဟုတ်တာတွေ
လျောက်လျောက်မရေးစမ်း နဲ့ကွာ...အာရုံနောက်လွန်းလို့ပါ ။
From: ညီသုတ(ပြည်)

No comments:

Post a Comment