Wednesday, January 29, 2014

ကိုယ်စားလှယ် အရွေးမခံရသဖြင့် ပါတီမှနှုတ်ထွက်ပြီး ပြန်တိုက်ခိုက်မည့် သူများ ထွက်သွားလျှင် ကောင်းမည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

NLD ပါတီအတွင်း ကိုယ်စားလှယ် ဖြစ်ခွင့် မရ သောကြောင့် အဖွဲ့မှ နှုတ်ထွက်ပြီး အဖွဲ့ ကို ပြန်ဆော် မည့် သူများ ပါတီမှ အစောဆုံး ထွက်သွားသင့် ကြောင်း နှင့် တိုင်းဒေသကြီး ၊ မြို့နယ်နှင့် ကျေးရွာ ပါတီ ကော်မတီဝင်များ ၏ ပြဿနာအချို့တွင် ဗဟို၏ ဆုံးဖြတ်ချက်ကို သာ ခံယူ ရမည် ဖြစ်ကြောင်း ဒေါ် အောင်ဆန်း စုကြည်က ၂၃-၁-၂၀၁၄ ရက်တွင် လူငယ်ကော် မတီအချို့နှင့်နေပြည်တော်ရှိ ပည်သူ့ လွှတ်တော် အဆောက်အအုံတွင် တွေ့ ဆုံစဉ် ပြောကြား လိုက်ကြောင်း သိရသည်။
NLD ပါတီအနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်၍ ပါတီဥက္ကဌ ဒေါ်အောင် ဆန်း စုကြည်က သမ္မတရာထူး မျှော်မှန်းထားချိန်တွင် ပါတီ၏ အခြေခံ အောက်ခြေအဖွဲ့များ၏ ပါတီတွင်း စည်းမျဉ်းစည်းကမ်း လိုက်နာမှု အားနည်းခြင်းများ မရှိစေလိုဘဲ ပြည်သူအားကိုး ယုံကြည်သော ပါတီတစ်ခု၊ ကိုယ်စားပြုအဖွဲ့တစ်ခုအဖြစ် ဖော်ဆောင်နေသည် ဟု သိရသည်။

"အချို့မြို့နယ်တွေ မြို့နယ်ညီလာခံတွေက တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေ CEC, EC တွေ က မြို့နယ် အစည်းအဝေးတောင် မတက်ဘူး လို့ ကြားတယ်။ ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ။ စည်းမျဉ်း စည်းကမ်းနဲ့မညီရင် ဗဟိုကို တိုင်လို့ရတယ်။ ကိုယ့်ဘာသာကိုယ် အမြင်ကတ်လို့ ဖြစ်ချင်တာ မျိုးတော့ မ လုပ်နဲ့ပေါ့။ မြို့နယ်က ကိုယ့်သဘောနဲ့ကိုယ် လုပ်လို့ မရဘူး။ ဗဟိုက ဆုံးဖြတ်မယ်" ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြား ခဲ့သည်။

NLD ပါတီ၏ မြို့နယ်နှင့် အောက်ခြေအဆင့် ကော်မတီဝင်များတွင် ပါတီ၏ စည်းကမ်းများကို ချိုးဖောက် သည့် ပြဿနာများ ရှိနေကြောင်း ၂၃-၁-၂၀၁၄ ရက်နေ့က ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ ဆုံခဲ့သည့် လူငယ်ကော်မတီဝင် အချို့၏ တင်ပြချက်အရ သိရသည်။

"ပါတီတွင်းမှာ အမှား ရှိတတ်ပါတယ်။ အချို့တော့ ကိုယ်စား ၀င်ပြိုင်ဖို့ ရွေးတာ ရှုံးလို့ ငါ့ကို ကိုယ်စားလှယ်မပေးရကောင်းလားဆိုပြီးအရွေးမခံရတော့ ပါတီဝင်ကနေ နှုတ်ထွက် တယ် ပြီးတော့ ပါတီကို ပြန်ဆော် တာမျိုးတွေ လုပ်မယ် ဆိုရင် အဲဒီလို လူမျိုးဟာ နှုတ်ထွက်သွားတာ အကောင်းဆုံးပါပဲ" ဟု ဒေါ်အောင်ဆန်း စုကြည်က ဆက်လက် ပြောကြားသည်။

NLD ပါတီအနေဖြင့် ပါတီမှနှုတ်ထွက်သွားကြသူများက ပါတီအတွင်းရေး ဖော်ထုတ်ချက်ဟူသော စာရွက် စာတမ်းများကို လူမှုကွန်ရက် စာမျက်နှာအချို့နှင့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ပြောဆိုနေမှု များ တွေ့ ကြုံခဲ့ရ ကြောင်း သိရသည်။

(ပြည်မြန်မာ)

No comments:

Post a Comment