Sunday, January 19, 2014

မန္တလေး-စင်ကာပူ တိုက်ရိုက်လေကြောင်း ပြေးဆွဲရန်စီစဉ်

မောင်ပြည်သူ(မန္တလေး)
စင်ကာပူနိုင်ငံအခြေစိုက် Silk Air သည် ဇွန်လ ဒုတိယပတ်မှစတင်ကာ တစ်ပတ်လျှင်သုံးကြိမ် အင်္ဂါ၊ ကြာသပတေး၊ စနေနေ့တို့တွင် မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ တိုက်ရိုက်လေကြောင်းလိုင်းသစ်တိုးချဲ့ပြေးဆွဲရန် စီစဉ်လျက်ရှိသည်။ နိုင်ငံခြားခရီးသွားဧည့်သည် စီးနင်း မှုများလာပါက စင်ကာပူ-ရန်ကုန်-မန္တလေး ခရီးစဉ် တိုးချဲ့ပြေးဆွဲရန်ရှိသည်။
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ထိုင်းနိုင်ငံဘန်ကောက်လေကြောင်းလိုင်း၊အိန္ဒိယလေကြောင်း လိုင်း၊ တရုတ်နိုင်ငံ ကူမင်းလေကြောင်းလိုင်းများ ပြေးဆွဲလျက်ရှိပြီး လေဆိပ်ကြီးကိုနိုင်ငံတကာအ ဆင့် မီပြုပြင်မွမ်းမံလျက်ရှိသည်။

No comments:

Post a Comment