Wednesday, January 29, 2014

ဗုံးဖောက်ခွဲမှုများကို အဓိကကြိုးကိုင်သူ တရားခံပြေး စောနေတိုးကို ဖမ်းဆီးပေးမည်ဟု KNU မှ ထိပ်သီးခေါင်းဆောင်များဆို

၂၀၁၃ ခုနှစ်၊ အောက်တို ဘာလအတွင်းဖြစ်ပွားခဲ့သော ဗုံး ဖောက်ခွဲမှုဖြစ်စဉ်များ၏ အဓိက တရားခံတစ်ဦးဟုယူဆရပြီးလက်ရှိ
အချိန်ထိထွက်ပြေးလွတ်မြောက်
 နေသည့် စောနေတိုးအားဖမ်းမိ 
 နိုင်ရေး အတွက် ဆက်လက် လုပ် ဆောင်သွားမည်ဟု ကရင်အမျိုး သားအစည်းရုံးဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောကြား သည်။
အောက်တိုဘာလအတွင်းက ရန်ကုန်မြို့အပါအ၀င်မြို့ကြီးအချို့ ၌ ဖြစ်ပွားခဲ့သောဗုံးပေါက် ကွဲ မှု ဖြစ်စဉ်များတွင် နောက်ကွယ်မှ အဓိကကြိုးကိုင်ခဲ့သူဟု ယူဆရသူ စောနေတိုးအား အဖမ်းခံရန် သွား ရောက်ပြောဆိုခဲ့သော်လည်း အဖမ်းမခံဘဲထွက်ပြေးသွားခြင်းဖြစ် သည်ဟု သိရသည်။

““တိုင်းပြည်တည်ငြိမ်အေးချမ်း ရေးအတွက် ကျွန်တော်တို့နိုင်ငံ တော်အစိုးရနဲ့ပူးပေါင်းလုပ်ဆောင် သွားမှာပါ။ အဖမ်းခံထားရတဲ့ လူတွေဆီကနေ စောနေတိုးလုပ် ခိုင်းတာလို့ သိသိချင်းအဖမ်းခံဖို့ ကျွန်တော်ရယ်၊ ကာကွယ်ရေး ၀န်ကြီးဖဒိုစောရော်ဂျာခင်ရယ်၊ ဗဟိုကတာဝန်ရှိသူတွေရယ် သွား ပြောပါ တယ်။ ဒါပေမဲ့အဖမ်းမခံဘဲ ထွက်ပြေးသွားတာပါ””ဟု ဖဒိုမန်း ငြိမ်းမောင်က ပြော သည်။

ယင်းသို့ထွက်ပြေးလွတ်မြောက် နေခြင်းက ငြိမ်းချမ်းရေးဖော်ဆောင် ရာတွင် တစ်စုံတစ်ရာအဟန့် အတားဖြစ်ပေါ်လာနိုင်သည့်အတွက် ထိုသို့မဖြစ်ပေါ်စေရန် မဖြစ်မနေ ဖမ်းမိအောင်လုပ်ဆောင် သွားမည် ဟုလည်းKNU ထိပ်ပိုင်းခေါင်း ဆောင်များက ဆိုသည်။

စောနေတိုးသည်KNU တပ်မဟာ(၅)မှ စီးပွားရေးတာဝန် ခံတစ်ဦးဖြစ်သည့်အပြင် ဗုံးဖောက် ခွဲမှုဖြစ်စဉ်များကို ၎င်း၏ဆန္ဒအရ လုပ်ဆောင်ခြင်းဖြစ်ပြီး ဗဟိုမှစေ ခိုင်းခြင်း လုံးဝမရှိခဲ့ကြောင်း ကရင် အမျိုးသားအစည်းရုံး၏ တာဝန် ရှိသူများ၏ ပြောဆိုချက်အရ သိ ရသည်။

ထိုသို့လုပ်ဆောင်ခြင်းမှာလည်း ၎င်းင်းအားနောက်ကွယ်မှ ကြိုးကိုင် သူများရှိနေနိုင်ကြောင်းနှင့် ပေါက် ကွဲမှုဖြစ်စဉ်များ၌ အသက်သေဆုံး ခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာရရှိ ခဲ့သူများအတွက် လွန်စွာစိတ်မ ကောင်းဖြစ်ရကြောင်း ကရင် အမျိုးသားအစည်းရုံးမှ ဗိုလ်မှူး စောသမိန်ထောက ပြောသည်။

““ဖြစ်စဉ်ဖြစ်ရပ်တွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ သူ့ကို နောက်ကကြိုးကိုင်သူတွေရှိနေ တယ်။ ပုဂိ္ဂုလ်ရေးမုန်းတည်းမှုကို အခြေခံပြီးလုပ်ခဲ့တာပါ။ ကျွန်တော် တို့ ဗဟိုရဲ့စီမံချက်၊ လုပ်ငန်းစဉ် တွေထဲမှာမပါဘူး””ဟု ဗိုလ်မှူး စောသမိန်ထောက ဆိုသည်။

၂၀၁၃ ခုနှစ်၊ အောက်တို ဘာလ(၁၁)ရက်နေ့၊ ညပိုင်း တောင်ငူမြို့တည်းခိုခန်းတစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါ ပေါက်ကွဲမှု၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။

ယင်းပေါက်ကွဲမှုနောက်ပိုင်း တွင် ရန်ကုန်မြို့၊ မန္တလေးမြို့၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ်မြောက် ပိုင်း နမ့်ဆန်းမြို့တို့တွင် ဗုံးပေါက် ကွဲမှုနှင့် ဗုံးလန့်မှုများ(၁၀)ကြိမ် ထက် မနည်းဖြစ်ပွားခဲ့ပြီး စုစု ပေါင်းလူဦးရေ သုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်းကိုလည်း သတင်း များအရ သိရသည်။

By Hot News Journal

No comments:

Post a Comment