Friday, January 17, 2014

နိုင်ငံရေး မိုးသံလေသံများကို နားစွင့်ခြင်း

၂၀၁၅ ရွေးကောက်ပွဲသည် အနာဂတ်မြန်မာနိုင်ငံ၏ နိုင်ငံရေးလမ်းဆုံ လမ်းခွဖြစ်သည် ဟု ပြောကြ သည်။ မြန်မာပြည်သည် ယခင် အာဏာရှင်စနစ်ဘက်သို့ နောက်ကြောင်းပြန်လှည့်မည်လော။ သို့တည်းမဟုတ် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်သွားမည်လော။ သို့တည်းမဟုတ် အာဏာရှင် လည်းမဟုတ်၊ ဒီမိုက ရေစီလည်း မဟုတ်။ အာဏာရှင်နှင့် ဒီမိုကရေစီ ရောထားသည့် အာဏာရော ဒီမိုကရေစီလမ်းကြောင်း အတိုင်း ဆက်သွားမည်လော။ ၂၀၁၅ ရွေးကောက်ပွဲသည်ကား တကယ့်
ကို မြန်မာနိုင်ငံ၏ နိုင်ငံရေးလမ်း ဆုံလမ်းခွ အမှန်ပင်ဖြစ်သည်။
အများသတိထား မိ သည့် နိုင်ငံရေး သဘောထားတစ်ခုမှာ လက်ရှိ စစ်တပ်နောက်ခံ အာဏာရယူ ထား သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကြီးအနေဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရန်ကြိုး ပမ်းရာ၌ ရနိုင် သည့် လိုအပ်ချက်ထက် ပိုမိုတောင်းဆိုပါက တိုင်းပြည်နိုင်ငံရေး မတည်ငြိမ်မှု များ ဖြစ်လာနိုင်သည်ဟုမြင် သည့် သဘောထားဖြစ်သည်။ တစ်ဖန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲမှရမည်ဆိုသည့် အသံတချို့ကိုလည်း ကြားရသည်။မည်သို့ပင်ဖြစ်စေ ဖွဲ့ စည်းပုံပါ ပြဋ္ဌာန်းချက်တချို့ကို ပြင်ဆင်မှသာလျှင်တကယ့်ဒီမိုကရေစီလမ်းကြောင်း ပေါ်ရောက်နိုင် မည်ဟု ဆိုသူများကလည်း ဆိုကြသည်။ စိုးရိမ်ဖို့ကောင်းသည့်အချက်မှာ ယခုအချိန်အထိ အစိုးရသ ည်လည်းကောင်း၊ အတိုက်အခံနိုင်ငံရေး အင်အားစုများသည် လည်းကောင်း၊ တိုင်းရင်းသား အင် အား စုများသည်လည်းကောင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ စနစ်ကျပြီး ပွင့်လင်း မြင်သာသည့် တွေ့ဆုံဆွေးနွေးအဖြေရှာသည့် နည်းလမ်းကို ပစ်ပယ်ထားနေ ကြဆဲ ဟူသည့်အချက် ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မှန်ကန်စွာ မပြင်ဆင်နိုင်ပါက ၂၀၁၅ ရွေးကောက်ပွဲသည် ဒီမိုကရေစီကို အခြေ ခံသည့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ခက်ခဲပေတော့မည်။ အချုပ်ပြောရလျှင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးသည် အနာဂတ်မြန် မာနိုင်ငံ၏ ကံကြမ္မာကို သွယ် ၀ိုက်၍ အတိတ်နိမိတ်ပြသည့်သဘော ဖြစ်လာသည်။ထို့ကြောင့် အစိုး ရ တာဝန်ရှိသူများ၊ အတိုက်အခံအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ကြိုးပမ်းကြရာ၌ မိမိတို့တိုင်းပြည်သမိုင်းက ချပေးထားသည့် အခြေ အနေများအပေါ် မူတည်ကာ အပေးအယူ အလျှော့အတင်းများဖြင့် တိုင်ပင်ညှိ နှိုင်းဆောင်ရွက်ရန် အရေး ကြီးလှသည်။
ဥပမာ လွှတ်တော်အတွင်း စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေမှု၊ သမ္မတ ရွေးချယ်ခံပိုင် ခွင့် ဆိုင်ရာ ပြဋ္ဌာန်းချက်နှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ ပြဋ္ဌာန်းချက်များကို အခြေအနေနှင့် အချိန်အခါအပေါ် မူတည်ကာ စဉ်းစားဆုံးဖြတ် ကြရမည်ဖြစ်သည်။ သူ့အင်အား ကိုယ့်အင်အားမှန်မှန်ကန် ကန်သုံးသပ်ကာ ရပိုင်ခွင့်ဆိုသည်ထက် ရထိုက်သည့် အခြေအနေ များ အပေါ် မူတည်စဉ်းစားကြရမည် သာဖြစ်သည်။ ကျွန်ုပ်တို့ပြည်သူများသည် ၂၀၁၅ ရွေးကောက်ပွဲ မတိုင် ခင် နိုင်ငံရေးအခြေအနေများကို မှန်ကန်စွာအကဲခတ် လေ့လာဖို့တော့ လွန်စွာအရေးကြီး သည်။

No comments:

Post a Comment