Friday, January 24, 2014

ဒေါ်စုလုံခြည်ခြုံ လော်ဘီများကိုတရားဝင် စိန်ခေါ်လိုက်သည့် ဒေါက်တာ သူရိန်လှိုင်ဝင်း

"If War They Want,
 War They Shall Have"

ကောင်းပြီလေ။ အစတုန်း
ကတော့ ဒီကိစ္စအကျယ်
အကျယ်နဲ့ မငြိမ်းဖွယ်ဖြစ်နေ
တယ်ဆိုပြီး ထားလိုက်တော့
မလို့ပဲ။ ဒါပေမယ့် ခင်ဗျားတို့
က အရမ်းကိုတိုက်ခိုက်ချင်နေ
တယ်ဆိုတော့လည်း ကျွန်တော့်ဘက်က လက်ခံပေးရတာပေါ့။ တစ်ခုတော့ရှိတယ်။ အွန်လိုင်းကနေ ချောက်တီးချောက်ချက်တော့ လုပ်မနေ ဘူး။ ပုန်းရှိုးကွယ်ရှိုး ကိုယ့်ဝေါပေါ်မှာပဲ ကွန်မင့်ပိတ် အချင်းချင်းကြိတ်ဆဲနေမှာမဟုတ်ဘူး။ တကယ် တမ်း ဝေဖန်ပြီဆိုရင် ဘယ်လိုမျိုး သက်ရောက်လဲဆိုတာကို ပုံနှိပ်မီဒီယာကနေပဲ ချပြတော့မယ်။ ဘယ် သူက မှားနေပြီး ဘယ်သူက မှန်လဲဆိုတာကို ပုံနှိပ်မီဒီယာမှာရှင်းကြတာပေါ့

ဒေါ်မေဇင်အေးနဲ့ ၀ါဒဖြန့်ချိရေး အပေါင်းအပါတွေအကုန်လုံးကို ဒီကနေပဲစိန်ခေါ်လိုက်မယ်။ ဒီမို ဖက်တီး၊ ခွန်ဒီးယမ်၊ ဒီချစ်သူ၊ ဒီမျိုးချစ် အကုန်လုံးပေါ့။ ကျွန်တော့်ကို အရမ်းတိုက် ခိုက်ချင်တယ် မလား။ အိုကေ။ ခင်ဗျားတို့ ကြိုက်တဲ့နည်းနဲ့ တိုက်နိုင်တယ်။ ကြိုက်သလိုပြောနိုင်တယ်။ ဒါပေမယ့် ဘယ်သူဘယ်ဝါမှန်းတောင် သေချာမသိရတဲ့ လူနာမည်နဲ့မဟုတ်တဲ့လူတွေကိုတော့ ကျွန်တော်အ ဖတ် လုပ်ပြန်ပြောနေမှာမဟုတ်ဘူး။ ကိုယ်ပြောတာ ကိုယ် တာဝန်ယူစရာမရှိအောင် ပရို ဖိုင်ပျောက်နေ တဲ့သူတွေ ကိုတော့ အရေးအရာလုပ်နေမှာလည်းမဟုတ်ဘူး။ အဲတော့ ကျွန်တော့် ကိုပြောချင်တယ်ဆိုရင် ကိုယ့်ကိုကိုယ် ဘယ်သူပါဆိုတာကို အသေအချာပြလိုက်။ ဘာမှ လျို့ဝှက် ထားတာမရှိတဲ့ ကျွန်တော့်ဘက်ကလည်း ကျွန်တော်ရေးသင့်တာတွေအကုန်လုံးကို ရေးမယ်။ တစ်ခုတော့ရှိတယ်။ ခင်ဗျားတို့ဘက်က ဘယ်လိုလုပ်လုပ် ကျွန်တော့်ဘက် ကတော့ အောက်လုံး မထိုးဘူး၊ ပုဂ္ဂိုလ်ရေးမတိုက်ခိုက်ဘူး။ အမှားကို အမှားနဲ့ ပြန်တိုက်နေတဲ့ခင်ဗျားတို့အုပ်စုလို လုပ်ရပ် မျိုးတွေ ကျွန်တော်မလုပ်ဘူး။ စစ်အာဏာရှင်မှားတယ်။ ဒါပေမယ့် ခင်ဗျားတို့အုပ်စုကလည်း စစ်အာ ဏာရှင်ရဲ့အမှား ကို အမှားနဲ့ပဲပြန်ချေပတယ်။ အာဏာရှင်ကို အငြှိုးတကြီးနဲ့ တိုက်နေပါ တယ်ပြောရင်း အာဏာရှင် ပုံစံအသစ်အသစ်တွေ ထပ်မွေးထုတ်နေတယ်။ အာဃာတတွေအောက် မှာပဲ နစ်မွန်းနေတယ်။ အနှုတ်နှစ်ခုမြှောက်ရင် အပေါင်းဖြစ်သွားပေမယ့် အမှားနှစ်ခုပေါင်းလို့ အမှန်ဖြစ်သွားစရာမရှိဘူး။

အခုနောက်ပိုင်းရေးတာတွေကို ပုံနှိပ်မီဒီယာအပေါ်မတင်ခဲ့ဘူးဆိုတာ ဒီမှာတင်ပဲ ပြီးသွားစေချင်လို့။ အမျိုးမျိုးကွဲနေတဲ့ နိုင်ငံမှာ ထပ်မကွဲစေချင်တော့လို့။ ပြည်သူနဲ့ တိုင်းပြည်ရဲ့အနာဂါတ်ကိုကြည့်လို့ မရေးခဲ့ တာ။ ခင်ဗျားတို့ကိုကြောက်လို့၊ ကျွန်တော့်ကို ပုဂ္ဂိုလ်ရေး ၀ိုင်းအတိုက်ခိုက်ခံ ရမှာ ကြောက်နေ လို့မ ဟုတ်ဘူး။ ဒါပေမယ့် ပြုပြင်စေချင်တဲ့အကြောင်းရင်းကိုမမြင် ဘဲ ဝေဖန် တဲ့သူ ကိုပဲ ပြန်တိုက် ခိုက်လောက်အောင် လွန်ကြူးလာတဲ့ ခင်ဗျားတို့ရဲ့ အပြုအမူအတွက် အဲဒါနဲ့ တန်တာပဲ ကျွန်တော်ပြန်ပေးတော့ မယ်။ ခင်ဗျားတို့ ထိပ်တိုက်ရင်ဆိုင်ချင်လည်းရတယ်၊ ပြည်သူ ကိုလမ်းပေါ် ထွက်အောင် ဆွဲထုတ်ချင်နေတာဆိုလည်းရတယ်။ နောက်ဆုံးမှာ သမိုင်းကပဲ အဆုံး အဖြတ်ပေး လိမ့်မယ်။ ဒေါ်မေဇင်အေး နဲ့ အပေါင်းအပါတစ်သိုက်ကို ဒီကနေပဲ ထပ်စိန်ခေါ်လိုက် မယ်။ ခင်ဗျားတို့နဲ့ ကျွန်တော် ပုံနှိပ်မီဒီယာမှာ တွေ့ကြတာပေါ့။ ပုံနှိပ်မီဒီယာကိုရောက်ပြီဆိုရင်တော့ ကျွန်တော်ဝေဖန် တာမှားရင် ကျွန်တော့် ကိုတရားစွဲပေါ့။ အဲဒီအခါကျရင် ကျွန်တော်တရားခံ အဖြစ် နဲ့ ရင်ဆိုင် မယ်။ ပြီးရင်တော့ ခင်ဗျားက အမှုပေါင်းများစွာရဲ့ တရားခံအဖြစ် ပြန်ရင်ဆိုင်ဖို့တော့ ခင်ဗျားပြင်ထားပေါ့။

No comments:

Post a Comment