Wednesday, January 29, 2014

ဖုန်းငွေဖြည့်ကတ် ထုတ်လုပ်ရောင်းချမည့် ကုမ္ပဏီအသစ်များ မတ်လတွင် စတင်ရောင်းချမည်

ဖုန်းငွေဖြည့်ကတ်ထုတ်လုပ်ရောင်းခွင့်အတွက် တင်ဒါအောင်မြင်သောကုမ္ပဏီအသစ်များအနေဖြင့် ၂၀၁၄ မတ်လတွင် ဖုန်းငွေဖြည့်ကတ်များ စတင်ရောင်းချနိုင်မည်ဟုအဆိုပါကုမ္ပဏီများကဆိုသည်။
ယခင်က ဖုန်းငွေဖြည့်ကတ်ထုတ်လုပ်ခွင့်ရရှိထားသည့် ကုမ္ပဏီငါးခုမှာမူ ဖုန်းငွေဖြည့်ကတ်များ ထုတ် လုပ်ရောင်းချလျက်ရှိနေပြီး ကုမ္ပဏီအသစ်များမှာ မတ်လ၀န်းကျင်မှ စတင်ရောင်းချနိုင် မည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဖုန်းငွေဖြည့်ကတ်ရောင်းချနိုင်မည့်ကုမ္ပဏီများကို
၂၀၁၃ ခုနှစ်တွင် တင်ဒါသစ်ဖြင့် ပြန်လည်ခေါ်ယူခဲ့ပြီး မူလက ကုမ္ပဏီငါးခုရှိရာမှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှစတင်ကာ ကုမ္ပဏီကိုးခုအထိ လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။
တင်ဒါအောင်မြင်ထားသော Amara Communication မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးထွန်း ထွန်းလင်းက “မတ်လအတွင်းလောက်မှာ ဖုန်းငွေဖြည့်ကတ်တွေ စတင်ရောင်းချသွားဖို့ရှိပါတယ်။   လော လောဆယ်တော့ ဖုန်းငွေဖြည့်ကတ် ထုတ်လုပ်ပြီး လုံခြုံရေးပိုင်ဆိုင်ရာစမ်းသပ်မှုတွေ လုပ်ဆောင်နေ ပါပြီ။ မတ်လမှာ ဈေးကွက်ထဲ စတင်ရောင်းချမှာပါ”ဟု မဇ္ဈိမကို ပြောသည်။
တင်ဒါအောင်မြင်သည့်ကုမ္ပဏီများတွင် Asia Mega Link ကုမ္ပဏီ၊Global Telephone ကုမ္ပဏီ၊ တာမိုး ညဲချမ်းသာ ထွန်းဝေသာကုမ္ပဏီ၊ ရတနာပုံတယ်လီပို့ နှင့်Elite Tech IT Services ကုမ္ပဏီကဲ့သို့ လတ် တလော ဖုန်းငွေဖြည့်ကတ်ထုတ်လုပ်ရောင်းချခွင့်ရရှိထားသည့်ကုမ္ပဏီများ ပါဝင်ပြီး Amara Communication၊ မြန်မာပိတောက်၊ ABC၊ Fortune International ကုမ္ပဏီများသည် တင်ဒါအသစ်ဖြင့် လုပ် ကိုင်ခွင့်ရရှိလာခြင်းဖြစ်သည်။
“ဖုန်းငွေဖြည့်ကတ် ထုတ်လုပ်ခွင့်ရရှိခဲ့တဲ့ကုမ္ပဏီလေးခုကို စာချုပ်,ချုပ်ပြီး နှစ်လကျော်အတွင်းမှာ ဖုန်း ငွေဖြည့်ကတ်စရောင်းနိုင်တယ်လို့ မြန်မာ့ဆက်သွယ်ရေးဘက်က သတ်မှတ်ထားတာတော့ရှိတယ်။ ကျွန်တော်တို့အနေနဲ့လည်း မတ်လအတွင်းလောက်မှာပဲ ဖုန်းငွေဖြည့်ကတ်တွေ စရောင်းနိုင်ပါလိမ့် မယ်”ဟု ဖုန်းငွေဖြည့်ကတ် ထုတ်လုပ်ရောင်းချခွင့်ရရှိခဲ့သည့် Furtune Interna-tional ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးဇော်အောင်က ပြောသည်။
ငွေဖြည့်ကတ်ထုတ်လုပ်မည့်ကုမ္ပဏီများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တင်ဒါအသစ်ဖြင့် ပြန်လည် ခေါ်ယူခြင်းဖြစ်ပြီး တင်ဒါအောင်မြင်သောကုမ္ပဏီများမှာ သုံးနှစ်အထိဖုန်းငွေဖြည့်ကတ်ထုတ်လုပ်ခွင့် ရရှိမည်ဖြစ်ကာ ကြိုတင်ငွေပေးချေကတ် (Top Up Card) အပြင်Electronic Charging စနစ်ဖြင့် ဖုန်းဘီလ်ဖြည့်သွင်းသည့် E-Top Up စနစ်ပါ လုပ်ကိုင်ရမည်ဖြစ်သည်။

No comments:

Post a Comment