Wednesday, January 29, 2014

ဒေါ်အောင်ဆန်းစုကြည်သည် ခပ်စွာစွာ ဟု သူရဦးရွှေမန်း သုံးသပ်ပြောကြား၊ ခပ်စွာစွာ ဆိုသည်မှာ အနီးစပ်ဆုံးပုံဖော်မှု ဟု လေ့လာသူများ သုံးသပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ဒေါ်အောင်ဆန်းစုကြည်သည် 
ခပ်စွာစွာ ဖြစ်ကြောင်း
 ပြည်ထောင်စုလွှတ်တော်
 နာယက သူရဦးရွှေမန်းက
 သုံးသပ်ပြောကြားလိုက်သည်။
သူရဦးရွှေမန်းသည် ပြည်ထောင်
စုလွှတ်တော်သို့ MPA သင်တန်းသားများ လာရောက်လေ့လာစဉ် ဇန်န၀ါရီလ ၂၄ ရက်နေ့က တွေ့ဆုံကာ လွှတ်တော် ဆိုင်ရာများ ရှင်းလင်းပြောကြားရာ၌ ထည့်သွင်း ပြော ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သင်တန်းသာများ၏ သိလိုသည်များ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားရာတွင် သူရဦးရွှေမန်းက "ပြောမယ်ဆို ဒီဘက်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ NLD မှာလဲ ဒီအတိုင်းပဲ NDF မှာလဲ ဒီအတိုင်းပဲ။ အမျိုးသားပြန်လည်သင့်မြတ်မယ် ပါတီချင်း ရန်ဖြစ်လို့ မဖြစ်ဘူး။ မင်းမပါနဲ့ ငါပဲ လုပ်မယ်။ ဒီလို မရဘူး။ ဒါကြောင့်မလို့ ဒီနေ့ လွှတ်တော်ထဲမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ဆောင်ရွက်လျက် ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်နဲ့ မဖြစ်ဘူး။ ရန်မဖြစ်ကြေး။ နိုင်ငံ့အတွက်ဆို ပေါင်းပြီးတော့ လုပ်မယ်။ နော်... ဒါပေမယ့် ရွေးကောက်ပွဲအတွက် ပြိုင်မယ်။ နိုင်အောင် ပြိုင်မယ်။ ဘယ်ရမလဲ ဟိုကလဲ စွာတဲ့သူ ဆိုတော့ (ရယ်လျက်) ဒေါ်အောင်ဆန်းစုကြည်ကလဲခပ်စွာစွာလေ။ ဟဲ..... ဟဲ.... ဟဲ...။ ပြန်ပြောကြည့် ဟုတ်လား၊ မဟုတ်လား။ ကျွန်တော်ကလဲ နိုင်ဖို့ လုပ်မယ်။ သူကလဲ လက်ခံပါတယ်။ ကျွန်တော်တို့ ပြိုင်တဲ့နေရာမှာ တရားသဖြင့် ယှဉ်ပြိုင်-အောင်နိုင်အောင် ကြိုးပမ်း-ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအစွမ်း လို့ သူ့ကို ပြောလိုက်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစွမ်း လို့ သူက ပြန်ပြောတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ပြိုင်ရမယ်။ နိုင်ငံအတွက် အများအတွက် လုပ်ပေးနိုင်တဲ့ နေရာမှာ ပြိုင်ရမယ်" ဟု ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ စိတ်နေစိတ်ထားအပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင်ပိုင်းမှ ပထမဦးဆုံး သုံးသပ်ချက်အဖြစ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း၊ သူရဦးရွှေမန်း၏ သုံးသပ်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်အား ရင့်ကျက်မှု လွန်စွာလိုအပ်နေသေး သည့် ရှုမြင်ချက် ဖြစ်ကြောင်း သိရှိရသည်။
သူရဦးရွှေမန်က ထိုသို့ ပြောကြားရာတွင် ရယ်ရယ်မောမော် ပြောကြားခဲ့ခြင်း ဖြစ်ပြီး MPA ကျောင်း သူ ကျောင်းသားများ အားလုံး ပွဲကျစေခဲ့ကြောင်း သိရှိရသည်။
"ဒေါ်အောင်ဆန်းစုကြည်ကလဲ ခပ်စွာစွာလေ" ဟူသော ပြောကြားချက်မှာ အဓိပ္ပါယ်များစွာ ထုတ်ဖော်နိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ စိတ်မြန် လက်မြန် ရှိမှု၊ မရင့်ကျက်မှု၊ မိန်းမ ဆန်မှု၊ အထအန ကောက်တတ်မှု၊ ဒေါသကြီးမှု၊ မဟုတ်လျှင် မခံမှု၊ တုံ့ပြန်မှု မြန်ဆန်မှု၊ စိတ်ခံစားမှု ကို ထိန်းချုပ်နိုင်စွမ်း အားနည်းမှု၊ နိုင်ငံရေး ပရိယာယ်အားနည်းမှု၊ မဟာဗျူဟာအမြင် လိုအပ်မှု အစရှိသည်တို့ကို ဖော်ပြနေကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ် ပြောကြားသည်။
"အမှန်ကတော့ ဦးရွှေမန်း ပြောတာ ဒေါ်စုရဲ့ အနေအထား အမှန်ပဲ။ စွာတယ် ဆိုတဲ့ စကားလုံးနဲ့ အလိုက်ဖက်ဆုံး၊ အနီးစပ်ဆုံး ပုံဖော်မှု ဖြစ်မယ် ထင်တယ်။ ဒေါ်စုက တကယ်လဲ စွာတယ် မဟုတ် လား" ဟု ၄င်းက ပြောဆိုသည်။ 

From:ပြည်သူ့အာဏာ

No comments:

Post a Comment