Thursday, January 30, 2014

ဆိုင်ကယ်စီးပြည်သူများကို ဆိုင်ကယ်စီး ဦးထုပ် သိန်း ၈၀၀ ဖိုး အခမဲ့ပေးသွားမည်ဟုဆို

မန္တလေးတိုင်းအတွင်း ဆိုင်ကယ်မောင်းနှင်သူများ ဆိုင်ကယ်ဦးထုပ်ဆောင်း
ရန်အတွက် ကျပ်သိန်း ၈၀၀ တန်ဖိုးရှိ ဆိုင်ကယ်စီး ဦးထုပ် အလုံးရေ ၁၀,၀၀၀ ကို အခ
မဲ့ပေး သွားမည်ဟု မန္တလေး 
တိုင်း အမှတ်-၁၁၊ ယာဉ်ထိန်း ဒု-တပ်ဖွဲ့ခွဲမှူးရုံး မန္တလေးမှ အကြီးတန်းအရာရှိတစ်ဦးက
ဇန်န၀ါရီ ၂၈ ရက်တွင်  ပြောသည်။

“ဆိုင်ကယ်စီးဦးထုပ်တွေ အခမဲ့ပေးသွားမှာဖြစ်ပါတယ်။ အဲဒီအတွက် မေးခွန်းလေးတွေကို မေးမြန်းပြီး အဖြေမှန်တဲ့သူကို ပေးသွားမှာ ဖြစ်ပါတယ်။ အဓိက ပညာပေးအနေနဲ့ လုပ်ဆောင်တာဖြစ်တယ်”ဟု အ ဆိုပါအရာရှိက ပြောသည်။

မန္တလေးတိုင်းအတွင်း ဆိုင်ကယ်စီးသည့်အရေအတွက်များပြားလာသော်လည်း ဆိုင်ကယ်ဦးထုပ်ဆောင်း သည့်အလေ့အထနည်းခြင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းပိုင်းဆိုင်ရာများ သိရှိမှု လုံးဝနီးပါးမရှိခြင်း၊ ယာဉ်တိုက်မှုဖြစ်ပွားမှုများတွင် လူငယ်လူရွယ်များ သေဆုံးမှုနှုန်းမြင့်တက်လာခြင်းကြောင့် အသိပညာ ပေးခြင်း၊ ဦးထုပ်ဆောင်းရန် အသိပေးခြင်းတို့ကို လုပ်ဆောင်သွားရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆို သည်။

စတင်ပေးမည့်အချိန် မသတ်မှတ်ရသေးသော်လည်း အမြန်ဆုံးပေးနိုင်ရန် စီစဉ်လျက်ရှိသည်ဟုလည်း အရာရှိက ပြောသည်။ “မန္တလေးတိုင်းအတွင်းမှာ လူငယ်လူရွယ်တွေ ဆိုင်ကယ်တိုက်မှုရာနှုန်းမြင့်တက် လာတာကြောင့် ယာဉ်ထိန်းရဲတွေက စစ်ဆေးမှုတွေပြုလုပ်ပြီး စည်းကမ်းနဲ့ မလိုက်နာတဲ့သူတွေကို စနေ နေ့တိုင်း အသိပညာပေးဟောပြောပါတယ်။ အဲလိုစစ်ဆေးတွေ့ရှိတဲ့သူတွေကို ဘာဒဏ်ကြေးမှ ကောက်ခံခြင်းမရှိပါဘူး။ပညာပေးကာလဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်”ဟု ပြောသည်။

သို့သော်လည်း ပညာပေးဟောပြောမှု လုပ်ဆောင်ပြီးသူများအား ၀န်ခံကတိလက်မှတ်ထိုးခိုင်းပြီး ၀န်ခံ ကတိထိုးထားသောသူများ ထပ်မံပြစ်မှုကျူးလွန်သူများအား ဆိုင်ကယ်လိုင်စင် လအလိုက် အသုံးပြုခွင့် ပိတ်ပင်ခြင်း၊ လူသေဆုံးသည်အထိ ပြစ်မှုမျိုး ကျူးလွန်လျှင် ဆိုင်ကယ်လိုင်စင် ရာသက်ပန်ပိတ်သိမ်းခြင်း တို့ကို လုပ်ဆောင်သွားမည်ဖြစ်သည်။

No comments:

Post a Comment