Wednesday, January 15, 2014

အနည်းဆုံးအခကြေးငွေသတ်မှတ်ချက် ထွက်ရန် ကြာနိုင်သေး

၂၀၁၄ နှစ်ဆန်းပိုင်းတွင် ထုတ်ပြန်မည်ဟု တရားဝင်ပြောကြားထားသည့် အနည်းဆုံး အခကြေးငွေ သတ် မှတ်ချက် အမှန်တကယ်ထွက်ရှိလာရန် အချိန်ကြာမြင့်နိုင်သေးသည်ဟု ယင်းနှင့်ပတ်သက် ၍ဆောင် ရွက်နေသူများအသိုင်းအ၀ိုင်းက မ ပြောကြားသည်။
နယ်မြေအလိုက် အနည်းဆုံးအခကြေး ငွေနှုန်းထားသတ်မှတ်ချက်များကို ၂၀၁၄ နှစ်ဆန်းတွင် စစ်တမ်း ကောက်ယူထုတ်ပြန်မည်ဟု အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က တရားဝင်ပြောကြားထားခြင်းနှင့် စပ်လျဉ်းကာ မဇ္ဈိမကမေးမြန်းရာတွင် ယင်းတို့
က ပြောကြားခဲ့ခြင်းဖြစ် သည်။
အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးကော်မတီတွင် ပါဝင်သူတစ်ဦးဖြစ်သည့် လှိုင်သာယာစက်မှု ဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က “အနည်းဆုံးအခကြေးငွေနှုန်းထား သတ် မှတ်ချက် က နှုန်းထားသတ်မှတ်ဖို့လုပ်နေတဲ့အဖွဲ့အစည်းတွေကသတ်မှတ်ပြီး သမ္မတဆီကို တင်ရ မယ်။ ပြီးတော့မှ သမ္မတအတည်ပြုရမှာဆိုတော့ ကြာနိုင်သေးတယ်။ မေလလောက်ဆိုရင် ဆန္ဒပြ မှုတွေက ဖြစ်လာနိုင် သေးတယ်ဆိုတော့ အဲဒီမတိုင်ခင် သတ်မှတ်ပြဋ္ဌာန်းပေးနိုင်ရင်တော့ အကောင်း ဆုံးပါပဲ။ အခုအနေ အထားက ဆက်ကြာနိုင်သေးတယ်”  ပြောသည်။
အခကြေးငွေနှုန်းထား သတ်မှတ်နိုင်ရေးအတွက် လက်ခစားအဆင့် CMP လုပ်ငန်းများဖြစ်သော အထည် ချုပ်လုပ်ငန်းများအား ၂၀၁၃ နိုဝင်ဘာ ၂၂ ရက်တွင်လည်းကောင်း၊ ၂၃ ရက်တွင် အအေး ခန်းလုပ်ငန်း၊ ဖိနပ်လုပ်ငန်း၊ ဆံပင်တုလုပ်ငန်းတို့မှ အလုပ်ရှင်နှင့်အလုပ်သမားများအား အသီး သီးတွေ့ဆုံညှိနှိုင်းစေ ခဲ့ရာ နှုန်းထားသတ်မှတ်မှုအောင်မြင်မှုမရှိခဲ့ခြင်းကြောင့် စစ်တမ်းကောက် ယူသတ်မှတ်ရန် ဆောင်ရွက် လျက်ရှိသည်ဟု အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာန၊ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က  ၂၀၁၃ နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့ သည်။
အဆိုပါ စစ်တမ်းများအရ ဒေသအလိုက် လုပ်ငန်းနယ်ပယ်အလိုက် အလုပ်သမားများ၏ လက်ရှိရ ရှိနေ သော လုပ်ခလစာဝင်ငွေနှုန်းထားနှင့် တစ်နေ့တာ ကုန်ကျစရိတ်များကိုလေ့လာ ကာ ဖြစ်သင့် သည့်နှုန်း ထားတစ်ခုအား သတ်မှတ်ပြဋ္ဌာန်းမည်ဖြစ်သည်ဟု အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က မဇ္ဈိမသို့ပြောသည်။
ဦးဝင်းရှိန်က“နှုန်းထားသတ်မှတ်တာတွေ တင်ပြတာတွေ လုပ်ရဦးမှာဆိုတော့ အဆင့်တွေက အများကြီး ကျန်နေသေးတယ်။ ဒီနှစ်ထဲမှာတော့ ပြတ်အောင်လုပ်ကြမှာပဲလေ။ ဒါပေမဲ့ ဒီနှစ်ဘယ်အချိန်လောက် ဖြစ်မယ်ဆိုတာက အဆင့်တွေ အများကြီးလုပ်ရမှာဆိုတော့ ပြောရခက်တယ်” ဟု ပြောသည်။
ထိုသို့ အခကြေးငွေနှုန်းထား သတ်မှတ်ချက် ပြဋ္ဌာန်းနိုင်ရေးကြာမြင့်နေခြင်းမှာလည်း ယင်းနှင့်စပ်လျဉ်း၍ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ဖြစ်ပေါ်လာမည့်ပြဿနာများအတွက် တာဝန်ယူရန် အခက် အခဲများစွာရှိနေခြင်းကြောင့်ဖြစ်ကြောင်း ဦးမြတ်သင်းအောင်ကပြောသည်။
ဦးမြတ်သင်းအောင်က “အခကြေးငွေ သတ်မှတ်တာကို တာဝန်ယူရဲတဲ့သူလည်း မရှိဘူးလေ။ ထိုင်းက ပြဿနာလိုဖြစ်လာမှာကို ကြောက်နေကြတာ။ နှစ်ဖက်အဆင်ပြေမယ့် နှုန်းထားတစ်ခုကိုြ မန်မြန်သတ် မှတ်ပေးနိုင်ဖို့တော့ အမြန်ဆုံးလိုနေတာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုများကြောင့် ဖြစ်ပေါ်နေသော စီးပွားရေးကျပ်တည်းမှုသည် ပြည်တွင်း တစ်ဦးချင်းရရှိသော ၀င်ငွေပမာဏလျော့ကျနေခြင်းကြောင့်ဖြစ်ပြီး ကုန်ဈေးနှုန်းမြင့်မားလာသော်လည်း တစ်ဦးချင်းဝင်ငွေမြင့်မားလာပါက အလိုက်အထိုက် အဆင်ပြေနိုင်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခ ဦးမောင်မောင်စိုးက မဇ္ဈိမသို့ပြောထားသည်။
၂၀၁၃ ခုနှစ် မတ်လ ၂၃ ရက်က အနည်းဆုံးအခကြေးငွေဥပဒေအား ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး နည်း ဥပဒေအား သြဂုတ်လအတွင်း ပြဋ္ဌာန်းခဲ့သော်လည်း ယခု ၂၀၁၄ ခုနှစ်အထိ အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရန် အခက်အခဲများစွာ ရှိနေဆဲဖြစ်သည်။

No comments:

Post a Comment