Saturday, January 18, 2014

လုံခြုံရေး နှင့် အဓိက ရုဏ်းများ အတွက် ယာဉ်၊ လက်နက် ခဲယမ်း၊ ချပ်ဝတ် တန်ဆာများ ၀ယ်ယူ ဖြည့်တင်း မည်

လုံခြုံ ရေးနှင့် အဓိက ရုဏ်းများ တွင် အသုံးပြု ရန် အတွက် ယာဉ်၊ လက်နက် ခဲယမ်း၊ ချပ် ၀တ် တန်ဆာ များကို ပြည်ထဲ ရေး ၀န်ကြီး ဌာနမှ ၀ယ်ယူ ဖြည့်တင်းသွားမည်  ဖြစ်
 ကြောင်း ပြည်ထဲ ရေး ၀န်ကြီး ဌာန ပြည် ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ် ကြီးကိုကို က ပြော သည်။ နိုင်ငံ တော် လုံခြုံရေး၊ တရား ဥပ ဒေ စိုးမိုး ရေး၊ ရပ်ရွာ အေးချမ်း သာယာ ရေး၊ ပြည် သူ့ အကျိုး ဆောင်ရွက် ရေးတို့ အတွက် ပြည် ထဲ ရေး ၀န်ကြီး ဌာန အနေ ဖြင့် လုံခြုံ ရေး ကိစ္စများ တိုးတက် ကောင်းမွန် စေရေး၊
အုပ်ချုပ် ရေး စနစ် မှန်ကန် စေရေး၊ လုပ်ငန်း စွမ်းရည် တိုးတက် မြင့် မားရေး စသည့် မူဝါဒ များ ရည် မှန်း ချက်များ ချ မှတ် ထား ပါ တယ် ဟု ၀န်ကြီး က ပြောကြား သည်။ ထို့ အပြင် တိုးချဲ့ ဖွဲ့စည်း မည့် တပ်ဖွဲ့ ၀င် များ အတွက် လစာ၊ စရိတ်၊ ထောက် ပံ့ငွေ၊ ရုံးနေ လူနေ အ ဆောက် အအုံများ၊ လက်နက် ပစ္စည်း များ တိုးချဲ့ ၀ယ်ယူ ရန် ဘဏ္ဍာ ငွေ တိုး မြှင့် သုံးစွဲ ရန် တင်ပြ တောင်း ခံထား ကြောင်း ပြည်ထဲ ရေး ၀န်ကြီး ဌာန က သိရသည်။ မြန်မာ နိုင်ငံ ရဲတပ် ဖွဲ့အနေ နဲ့ အဓိက အ နေနဲ့ ဖွဲ့ စည်းမှု အပိုင်း မှာ တပ်ဖွဲ့ ၀င်အင် အား တိုးချဲ့ ရေးနဲ့ တပ်ဖွဲ့များ တိုးချဲ့ ဖွဲ့စည်း ရေး ကို ဆောင် ရွက် ခဲ့ပါ တယ်။ ကျွန်တော် တို့ ရဲတပ် ရင်း ကွပ်ကဲ စီမံ အဖွဲ့ရုံး များ၊ ရဲတပ် ရင်းများ တိုးချဲ့ ဖွဲ့စည်းခြင်း အပြင် တိုင်း ဒေသကြီး နဲ့ ပြည် နယ် တွေက တပ်ဖွဲ့ဝင် တွေကို တိုးချဲ့ ဖွဲ့ စည်း ခြင်းနဲ့ ဆောင်ရွက် သွားမှာ ဖြစ်ပါ တယ် ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး က ဆိုသည်။ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် နေပြည် တော် တိုင်းဒေသကြီးတွင် ရဲတပ်ဖွဲ့ရုံး(၁၅)ရုံး၊ ခရိုင်ရဲတပ်ဖွဲ့ရုံး (၇၄)ရုံး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး (၃၂၅) ရုံးတို့ ဖွင့်လှစ်ပြီးဖြစ်ကြောင်း၊ နယ် မြေ ရဲစခန်း (၅၀၂) ခုအနက် (၄၇၀) ကို ဖွင့် လှစ်ပြီး ဖွင့်လှစ်ရန် ကျန်ရှိ သည့် ရဲစခန်း (၃၂) ခု ရှိကြောင်း၊ အလားတူ ရဲကင်းစခန်း (၄၁၅) ခုအနက် (၃၀၅)ခုမှာဖွင့်လှစ်ခဲ့ပြီးဖြစ်ပြီး၊ဖွင့်လှစ် ရန် ကျန်ရှိသည့်ရဲကင်း(၁၁၀) ရှိကြောင်း၊ နယ် မြေ အလိုက် တရား ဥပ ဒေစိုးမိုးရေးလိုအပ်ချက် အပေါ်တွင် မူတည် ၍ ရဲစခန်း များ ဆက် လက် ဖွင့်လှစ် ဆောင်ရွက် သွား မည်ဖြစ် ကြောင်း သိ ရသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ကြီးကြပ် ကွပ်ကဲမှုအောက်တွင် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူး စုံ စမ်း စစ်ဆေးရေးဌာန၊ အကျဉ်းဦစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ကို ဖွဲ့စည်း ထားကြောင်း သိရသည်။

No comments:

Post a Comment