Sunday, January 19, 2014

ယာဉ်တန်းကိုတားပြီး မိမိအား ငိုယိုကာ တွေ့ခွင့်တောင်းတဲ့ ကျောင်းဆရာမကို အရေးမယူဘဲ ဆရာမရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ လမ်းညွှန်ခဲ့တဲ့သမ္မတ ဦးသိန်းစိန်ရဲ့ ကြင်နာသနားတတ်သော စိတ်ဓာတ်ကို ပြည်သူများချီးကျူးနေ

သမ္မတဦးသိန်းစိန်ထံ အသနား ခံစာပေးလို၍ သမ္မတနှင့် ငါးမိနစ်ခန့် တွေ့ဆုံခွင့်ရရေး
 အော်ဟစ်တောင်း ဆိုသူ အငြိမ်းစား ကျောင်းဆရာ
မကြီးကိုအရေးယူခြင်း၊ 
 အော်ငေါက်ခြင်း
မပြုရန် သမ္မတက မြို့နယ် 
တာ ၀န်ရှိသူတချို့ကို မကွေးခရီးစဉ်အတွင်း 
ဇန်န၀ါရီ ၁၆ ရက်က ညွှန် ကြားခဲ့သည်။
“သူ့ကို ရုံးမှာခေါ်တွေ့လိုက် ပါ။ ပြဿနာရှိရင် အဖြေကလည်းရှိမှာပဲ။ မှန်မှန်ကန်ကန်နဲ့ဖြစ်အောင် ဥပဒေ နဲ့ညီညွတ်အောင် လုပ်ပေးလိုက်ကြပါ။ တရားစွဲတာတို့၊ အမှုဖွင့်တာတို့၊ ဟောက်တာတို့ ဟန်းတာတို့ မ လုပ်ပါနဲ့။ြ  ပဿ နာဆိုတာ ဖြေရှင်းလို့ရတယ်။ ဒါပေမဲ့ ဥပဒေနဲ့အညီ လုပ်”ဟု သမ္မတ က မကွေးမြို့နယ်မှ အစိုးရ၀န်ထမ်းတစ်ဦးကို ပြောကြားသည်။
မကွေးမြို့ အလယ်ရပ်ကွက်မှ အသက် ၆၀ ခန့်ရှိ ကျောင်းဆရာမဟောင်း ဒေါ်လှမြင့်က မကွေးမြို့ တော် ခန်းမတွင် ကျင်းပသာ သမ၀ါယမချေးငွေပေးအပ်ပွဲအပြီး သမ္မတဦးသိန်းစိန် ပြန်အထွက် တွင် မြို့တော် ခန်းမရှေ့၌ အော်ဟစ်ငိုယိုကာ အသနားခံစာပေးရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

“သမ္မတကြီး ငါးမိနစ်လောက်တွေ့ခွင့်ပြုပါ။ ပညာရေးဝန်ထမ်း အငြိမ်းစားပါရှင့်။ သမ္မတကြီး သနားပါရှင့်။ နေစရာမရှိအောင် အနိုင်ကျင့်ခံရပါတယ်ရှင့်။ အိမ်ကြီးကိုဖျက်ပြီးတော့ အိမ်ဝိုင်းကြီး ကို အနိုင်ကျင့်ပြီးသိမ်း သွားလို့ပါရှင့်။ ဦးဘုန်းမော်ရွှေ (၀န်ကြီးချုပ်)က လျစ်လျူရှုထားပါတယ်” ဟု ဒေါ်လှမြင့်က မြို့တော်ခန်းမ ရှေ့တွင် ငိုယိုကာ အော်ဟစ် တောင်းဆိုခဲ့သည်။

၎င်းက မိမိနေအိမ်အား မတရားသဖြင့် သိမ်းဆည်းခံခဲ့ရသည်ကို မကွေးတိုင်းဝန်ကြီးချုပ်က လျစ် လျူရှု ထားသည်ဟုဆိုကာ သမ္မတကို တွေ့ခွင့်တောင်းခဲ့ခြင်းဖြစ်သော် လည်း တွေ့ခွင့်မရ ရှိခဲ့ပေ။

အဆိုပါ သိမ်းဆည်းခံမြေနှင့်ပတ်သက်၍ ဒေါ်လှမြင့်က “ကျွန်မတို့ နှစ် ၈၀ လောက် နေလာတဲ့ ကျွန်မတို့ ဘိုးအေပိုင် ဒီမြေကွက်ကြီးကို လုံးဝနေထိုင်ခဲ့ခြင်းမရှိတဲ့ တောင်တွင်းကြီးမြို့ ကဒေါ်တင် တင်က ဒီအိမ်ဝိုင်း မှာနေထိုင်တယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်လက်မှတ်ယူပြီး မကွေးခရိုင်အုပ်ချုပ်ရေး မှူးရုံးကလဲ လုပ်ထုံးလုပ်နည်းနဲ့မညီဘဲ မြေဂရန်ကို ထုတ်ယူသွားပါတယ်။ အဲဒီကနေ မကွေးတိုင်း တရား သူကြီးရုံးသို့ ကျွန်မတို့ကို တရားမမှုနဲ့ တရားစွဲခံရပါတယ်။ တရားခွင် မှာ ငွေများ တရားနိုင်ဆိုသလို ကျွန် မတို့ကို ပြီးခဲ့တဲ့ တစ်နှစ်ခွဲလောက်က အဆောက်အအုံတွေ ဖျက်ပြီး အားလုံးထွက်ပေးရန် အနိုင်ကျင့်ခံ လိုက်ရပါတယ်။ ယခု မြင်ရတဲ့အတိုင်း ကျွန်မတို့ လမ်းဘေး မှာ မိုးကာတဲလေးထိုးပြီး နေရပါတယ်”ဟု ပြောသည်။

သမ္မတ၏ကားတန်းအထွက်တွင် ဒေါ်လှမြင့်အား တာဝန်ကျရဲမေနှစ်ဦးက ဆွဲခေါ်ပြီး ဟိုင်းလတ် ကားဖြင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားခဲ့သည်။ ဒေါ်လှမြင့်က ကားနောက်ခ န်း မှနေ၍“အသနားခံစာလေးပေးချင်တာ။ ပေးလို့မရဘူး”ဟု ပေးမည့်စာအိတ်ကိုပြကာ ပြောသွားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မကွေးတိုင်းအစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူးဦးမင်းယုရှိန်က “နိုင်ငံတော် သမ္မတကြီး၏ မှာကြားချက်အရ ဆရာမကြီးဒေါ်လှမြင့်ကို တရားစွဲဆိုခြင်း၊ အရေး ယူဆောင်ရွက်ခြင်းမပြု ရန် လမ်းညွှန်တဲ့အတွက် ဖြစ်စဉ်အမှန်အတိုင်း ဥပဒေ လုပ်ထုံးလုပ် နည်းနဲ့အညီ စစ်ဆေး ဖြေရှင်းရန် ဆောင်ရွက်သွားပါမည်”ဟု ပြောသည်။

အငြိမ်းစား ကျောင်းဆရာမကြီး ဒေါ်လှမြင့်သည် အလယ်တန်းပြဆရာမကြီး မကွေးမြို့ အမှတ်(၄) အ လယ်တန်းကျောင်းမှ ပင်စင်စားတစ်ဦးဖြစ်ပြီး စစ်မှုထမ်းဟောင်း ဦးမောင်မောင် (ကွယ်လွန်)၏ ဇနီး ဖြစ် သည်။


အဆိုပါဆရာမ၏ လုပ်ရပ်အပေါ် နားလည်စာနာပြီး အရေးမယူဘဲ ဥပဒေနဲ့ အညီပြသနာ ကို ဖြေ ရှင်းပေး ဖို့သက်ဆိုင်ရာကို တိုက်တွန်း ခဲ့တဲ့ သမ္မတကြီးရဲ့ ညှာတာသနားတတ်တဲ့ လုပ်ရပ်အပေါ် ဒေသခံပြည်သူများကချီးကျူးပြောဆိုနေကြကြောင်း သတင်းရရှိသည်။By Mizzima

No comments:

Post a Comment