Wednesday, January 29, 2014

ကျွန်တော် ခံစားမိသော တစ်စုံတစ်ရာ....

ဓာတ်ပုံ က အေဖက်ပီ က ကိုရဲအောင်သူ ရိုက်ကူးခဲ့ တဲ့ ပုံပါ ။ လားရှိုး မှာ ဖြစ်တဲ့ အရေးခင်းမှာ စစ်သားတွေ ကူညီနေတဲ့ ပုံလေး ပါ ။ တခြားသူတွေကတော့ ဘယ်လို မြင်လဲ မသိပါဘူး ။ ကျွန်တော်ကတော့် နောက်
ကိုကြည့်နေတဲ့ ကလေးလေးမျက်ဝန်းရယ် ..ကလေးလေး ဆုပ်ကိုင်ထား တဲ့ အီကွတ်မန့် (equipment) ရယ် ရှေ့ က စစ်သားတစ်ယောက်ရဲ့ စစ်ဝတ်စုံရယ်က ကျွန်တော့်ကို ဖမ်း စားထားတယ် ။အတော်များ များ က ဦးပိုင်ကုမ္ပဏီကြီးစစ်တပ်က ပိုင်တာ ။ စစ်ဗိုလ်ချုပ်ကြီး တချို့ဘယ်စည်းပွားရေး ပိုင် တာ ။ လွှတ်တော် ထဲမှာ အစိတ်သားဝင်ထိုင်နေတာလောက် ပဲ သိကြတာပါ။ အခု စစ်သား ဝတ်ထားတဲ့ (equipment) ..စစ်တိုက်ဖို့ အတွက် အရေးအကြီးဆုံးလိုအပ်တဲ့အရာ။ကြည့်ကြည့် စမ်းပါ ။ ကျည်ကပ် ထည့်တဲ့ အိတ်တွေက ဆွေးပြီးပေါက်ပြဲနေပြီ ။ ရှေ့တန်းတွေမှာ မြေပုံကြည့်တဲ့ သံလိုက် အိမ်မြှောင် အိတ် ပါမှန်းတောင်မသိရတော့ဘူး ။ ဘေးနားက ရေဗူး .. ပလက်စတိတ် အိတ်ခံပြီးပိတ် ထားရ တယ် ။
ဒီ အီကွတ်မန့် တွေ ကြမ်းထော်နေတဲ့ ချည်စနဲ့ချုပ်ထားတဲ့ အစတွေ ။ စဝတ် ခါ စ ဆိုရင် အဲဒါဝတ်ပြီးပြေးရုံနဲ့ ခါးနဲ့ ခါးပတ် ပွတ်ပြီး ဘေးက ခါးရိုးနေရာတွေပွန်းတယ် ။ ဗိုလ်လောင်း ၃ နှစ် အီကွတ်မန့်လွယ် သဲကျောပိုးအိတ် တင်ပြီးပြေးခဲ့ တဲ့ အမာရွတ်တွေ ခုချိန်ထိ ကျောမှာရှိနေတုန်း။
အဲလောက် မာကျောတဲ့ အီကွတ်မန့် တွေ တောင် စုတ်ပြတ်သတ် နေအောင် ... ဘယ်လောက် လွယ်ခဲ့ ရမလဲ ဆိုတာ ယူနီဖောင်းအတွင်းထဲက ကျောကို ကျွန်တော်မြင်နေရတယ် ။ ဒီတောက ထွက်တော့ ၊ ဟိုတောဝင် ။ ဒီကတုတ်ကျင်း ကတက်ပြီး ၊ ဟိုကတုတ်ကျင်းဆင်း ။ ဒီစစ်ဆင်ရေးနယ်ပြီးတော့ ၊ ဟိုစစ်ဆင်ရေးနယ်ပြောင်း ။ ခါးမှာ ဝတ်တဲ့ အီကွတ်မန့် က အချိန်ကြာကြာ ချွတ်ရတယ်လို့ ကို မရှိခဲ့ဘူး ။ ဒါဟာ စစ်တပ်က စစ်တိုက်ချင်လို့ ၊ စစ်ဗိုလ်ချုပ်ကြီးတွေက စစ်တိုက်ချင်လို့ လို့ ထင်ရင်တော့ မှားလိမ့်မယ် ။ မြန်မာ့သမိုင်းကို က တောင်းဆိုခဲ့တာ ။

ရှေ့ က ရဲဘော်ကို ကြည့်လိုက်ဦး ။ လွယ်ထားတဲ့ အီကွေးမန့် က သံကွင်းတွေပြုတ်လို့ ဒီတိုင်းချည်ထားရတယ် ။ ဝတ်ထားတဲ့ စစ်ဝတ်စုံ က မင်္ဂလာဒုံချုပ် (၇၅၀၀) တန်ယူနီဖောင်း ။ သူ နဲ့ ကွက်တိ မဟုတ်ပဲ ကြီးနေလို့ ခါးပတ်ဝတ်ပြီးဆွဲတင်ထားရတာ ကဖင်ရှုံ့နေတယ် ။ ဈေးပေါပေါနဲ့ ဝယ်ထားရတဲ့ ယူနီဖောင်းမို့ ဘောင်းဘီအိတ်ကပ် က စ ပုံမကျ ပန်းမကျ ရှုံ့တွနေတယ် ။

သိပ်အများကြီး မမျှော်လင့် မိပါဘူး ။ စစ်တိုက်ဖို့ တကယ်လိုအပ်တဲ့ ၊ အီကွတ်မန့် ၊ ယူနီဖောင်းလေးတွေကိုတော့ ရဲဘော်တိုင်း ၊ စစ်သည်တိုင်း ကောင်းကောင်းလေး ရှိစေချင်မိတယ်။
ဦးပိုင်ကြီး ဖျက်ချင်ရင်လည်းဖျက်ကြပါ ။ ရဲဘော်တိုင်း ၊ စစ်သည်တိုင်း ကို လစာမဟုတ်ပါဘူး.. စစ်ဝတ်တန်ဆာ ၊ လူချင်းတူတူ အထောက်ပံ့ ပေးနိုင်စေရမယ်လို့ အာမခံ တဲ့ အစိုးရ အဖွဲ့ ၊ နိုင်ငံရေးသမားများရှိရင် သိပ်ကောင်းမှာပဲ ။

အတော်များများ က တော့ စစ်ခွေးလို့ ခေါ်ကြတယ် ။ မနာပါဘူး ။ စစ်ခွေးဆိုရင်တောင် မွဲ ဝဲစားနေတဲ့ ခွေးဝဲစားတွေပါ ။ အဲဒီ စစ်ခွေးဝဲစားတွေ က မြည်းဆံတဖားဖား ၊ လည်ဆန်တဖွားဖွား ၊ အသံအောင်အောင် နဲ့ ဟောင်တတ်မှာမဟုတ်ဘူး ။ တိုင်းပြည်တွက် လိုအပ်လာရင်တော့ အသေခံ ကိုက်နေကြဦးမှာ ပါ ။

ခါးချိနေတဲ့ စစ်သည်က နိုင်ငံသားတို့ရဲ့ ဘဝလုံခြုံ မှုကိုဆွဲလို့ ၊ နိုင်ငံရဲ့ အနာဂါတ်ကတော့ စိုးရိမ်နေတဲ့ မျက်ဝန်း နဲ့ ခနော်နီခနော်နဲ့ စစ်ဝတ်တန်ဆာ ကို အားကိုးတကြီးဆွဲနေရှာတယ်။

ရုပ်ဆိုး

No comments:

Post a Comment