Tuesday, January 28, 2014

ချစ်လို့ပြောတာပါ အတိုက်အခံဖက်ကသေချာပေါက် ကျရှုံးဖို့သာ ပြင်ထားပေတော့

ဒေါ်လာသန်းနှစ်ထောင်။
နည်းတဲ့ပိုက်ဆံမဟုတ်ပါ။ ကမ္ဘာ့ဘဏ်က ကူညီ တာပါ။ ကမ္ဘာ့ဘဏ်ဥက္ကဌ မနေ့က ကျနော်တို့ ဒဂုံမြို့သစ်တောင် လာသေးတယ်။ ဆေးရုံ လာ ကြည့် တာ။ အရင်က ပိုက်ဆံလေးနည်း နည်း ချေးဖို့ အတွေ့တောင်မခံတဲ့အဖွဲ့အစည်း အခု တူးဘီလီယံ ရက်ရက်ရောေ ရာ ပေး တာနော်။ လက်ရှိ နိုင်ငံရေးကို မျက်ခြေ မပြတ်ကြည့်နေတာ။ လက်ရှိအစိုးရနဲ့ တပ်ကို မယုံရင် အပြောင်းအလဲကို အတုလို့ထင်ရင် ဒီလိုပေးမလားစဉ်းစားစရာ။
အစိုးရရော အတိုက်အခံရော စဉ်းစားဖို့ပါ။အစိုးရဖက်နဲ့အတိုက်အခံဖက် နှစ်ဖက် မျှထောက် ခံနေကြပြီ။ အစိုးရလည်း
၁။ အပြောင်းအလဲကိုတွန်းလုပ်ရမယ်။
၂။အဲဒီပိုက်ဆံတွေအလေအလွင့်မရှိအောင် ဂရုစိုက်ရမယ်။
၃။ နောက်ထပ် နိုင်ငံတကာက ယုံယုံကြည်ကြည်နဲ့ ပံ့ပိုးအောင် လက်တွေ့ကျကျ ပြောင်းအလဲကို အရှိန် မြှင့်ရမယ်။
၎။ အောက်ခြေကနေခိုးဖို့ချောင်းနေတဲ့လူတွေကိုအရင်လိုမျက်စေ့မမှောက်ပါနဲ့ဗျ။ (မျက်စေ့  မှောက် ချင် ယောင် လည်းမဆောင်သင့်။ )အစိုးရဖက်က မှန်ရင် နိုင်ငံတကာက ဘယ်သူဘာပြောပြောရပ်တည်ပေးမယ်ဆိုတာ အချက်ပြလိုက်တာပါ။ ဒီအချက်ကို အာရုံစိုက် သင့်တယ်။
အတိုက်အခံကလည်း ငါတို့ကို နိုင်ငံတကာက ထောက်ခံတာ ငါတို့ဖက်ကဆိုတဲ့ အချိန်လွန် သွားပြီဆိုတာသိရင်အကျိုးရှိမယ်။ နိုင်ငံတကာက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးနေ ပြီဆိုတာ ထည့်စဉ်းစားရမယ့်အချက်ဖြစ်လာပြီ။ အစိုးရကိုပိတ်ပြီးအတိုက်အခံဖက်ကိုနှစ်နှစ် ဆယ်ကျော်လောက် ပုံအော ပေးခဲ့ပြီးပေမယ့် နိုင်ငံတကာအကူအညီကို အလွဲသုံးစားလုပ်ခဲ့သူတွေ တချို့ အတိုက်အခံဖက်မှာ ရှိခဲ့ တာကို နိုင်ငံတကာကလည်းစိတ်ပျက်မယ်ဆိုတာလည်း ထည့်စဉ်း စားဖို့။
ဒီတော့ ရှေ့လျှောက် အတိုက်အခံက အောင်မြင်ချင်ရင်မဟာဗျူဟာ နည်းဗျူဟာတွေ ပြန်သုံး သပ် ပြင်သင့်ပြင် ပယ်သင့်ပယ်အသစ်လုပ်သင့်လုပ်။ မဟုတ်ရင် လွယ်မယ်မထင်။တော်ကြာ အစိုးရက ပါးနပ် လွန်းလို့ နိုင်ငံတကာကထောက်ခံမှု နှစ်ဖက်မျှပေးနေရာကအစိုးရနဲ့တပ်ဖက်ကို ပိုယုံကြည် သွားရင်................။

(ဒီတစ်ခါတော့မဖြစ်နိုင်ဘူး ငြင်းမယ်မကြံနဲ့ အရင် လုံးလုံးဆန့်ကျင်ခံထားရတာကနေ အခု တစ်ဝက် ရသွားပြီ။ ဆက်ငြင်းချင်သေးရင်တော့ တစ်ဖက်ကအကုန်ရသွားမှာပဲ။ အတိုက်အခံ ဖက်ကသေချာပေါက် ကျရှုံးဖို့သာ ပြင်ထားပေတော့။ ချစ်လို့ပြောတာပါ။ )

No comments:

Post a Comment