Thursday, January 16, 2014

ဘန်ကောက် ပိတ်ဆို့ ဆန္ဒပြလမ်းဆုံတစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပွား

Thursday, January 16, 2014
မည်သူမှန်းမသိရသော သေနတ်သမား

တစ်ဦးက ဘန်ကောက်မြို့ ပိတ်ဆို့ ဆန္ဒပြလမ်းဆုံ တစ်ခုဖြစ်သည့် နန်းလုံ Nang Loen တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဗုဒ္ဓဟူးနေ့ည ၁၁နာရီခွဲခန့်က ပစ်ခတ်သွားသော်လည်း တစ်စုံတစ်ဦးမျှ
ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဟု ဆိုသည်။
ထိုင်းနိုင်ငံ ပြုပြင်ပြောင်းလဲရေး ပြည်သူကျောင်းသား ကွန်ယက် ( Network of Students and People of Thailand ) ဆန္ဒပြစုရပ်ကို လုံခြုံရေးယူထားသော တပ်ဖွဲ့ဝင်များကို ဘန်ကောက်မှတ်ပုံတင် ၊ Kor Yor 8088 နံပါတ်တပ် ဟွန်ဒါဂျစ် ကားတစ်စီးပေါ်မှ သေနတ်ဖြင့် ၆ ချက် ပစ်ခတ်ကာ ယိုမာရတ် လမ်း ဆုံ ဘက်သို့ မောင်းပြေးသွားကြောင်း လုံခြုံရေး အရာရှိ တစ်ဦးက ပြောသည်။
ညသန်းခေါင်ယံ အချိန်ကလည်း လတ်ဖရောင်း ၅ လမ်းဆုံရှိ PDRC ဆန္ဒပြ စခန်းကို ဂုံးကျော်တံ တား ပေါ်မှ လက်လုပ်ဗုံး နှင့် တိုက်ခိက်ခဲ့သော်လည်း လက်ရန်းကို ထိကာ တံတားပေါ်၌ပင် ပေါက် ကွဲသွားသောကြောင့် ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

Source : Bangkok Post

No comments:

Post a Comment