Thursday, January 30, 2014

ဖုန်းကတဆင့် ပြည်တွင်းကနေ နိုင်ငံခြားကို SMS ပို့နိုင်တော့မည်

ပြည်တွင်းတွင်အသုံးပြုနေသော မိုဘိုင်းဖုန်းများမှ ပြည်ပနိုင်ငံများသို့ စာတို (SMS) ပို့စနစ်ပေးပို့ အသုံး ပြုနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စီစဉ်နေကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက မဇ္ဈိမကိုပြောသည်။
ပြည်တွင်းမိုဘိုင်းဖုန်းများမှ ပြည်ပရှိ ဖုန်းများသို့ စာတိုပေးပို့နိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ပြည်ပနိုင်ငံများနှင့် မိုဘိုင်းဖုန်း Data Roaming စနစ် ချိတ်ဆက်သွားရန်ရှိပြီး ယင်းလုပ်ငန်းကို ပြည်ပဆက် သွယ်ရေးအော်ပရေတာတစ်ခု ဖြစ်သည့် Orange နှင့်  ပူးပေါင်းလုပ်ကိုင် သွားမည်ဖြစ်သည်။
အဆိုပါ ဒု-အင်ဂျင်နီယာချုပ်က “တခြား နိုင်ငံတွေနဲ့ Data 
Roaming အသုံးပြုနိုင်ဖို့အတွက် Orange နဲ့ ပူးပေါင်းလုပ်ဆောင်သွား ဖို့ရှိတယ်။ အခု Orange ဘက်က စက်ပစ္စည်းတွေ မရောက်သေး လို့ စောင့်နေ တာ။ ပစ္စည်းတွေရောက်တာနဲ့ နိုင်ငံတကာနဲ့ Data Roaming ချိတ်ဆက်မယ့် လုပ်ငန်းတွေ စလုပ် သွားမယ်”ဟု ပြောသည်။
ယင်းစနစ်မှာ အွန်လိုင်းဖြင့် ချိတ်ဆက်ထားခြင်းမဟုတ်ဘဲ မိမိနိုင်ငံမှ ဖုန်းဖြင့်ပင် SMS ပေးပို့ သည့်စ နစ် ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လက်ရှိတွင် မိုဘိုင်း Roaming စနစ် (အသံစနစ်)ကို နိုင် ငံပေါင်း ၃၃ နိုင်ငံနှင့် ချိတ်ဆက်အသုံးပြုလျက်ရှိပြီး နိုင်ငံအများအပြားနှင့် ထပ်မံကာ ချိတ်ဆက် သွားရန်ရှိသည် ဟုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောကြားထားပြီးဖြစ်သည်။

Data Roaming စနစ်နှင့် ပတ်သက်၍ Amara Communciation မှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးကျော်နိုင်က “Data Roaming မှာ အခြေခံက SMS ပို့တဲ့စနစ်ပါ။ ဒီနိုင်ငံက ကိုယ်အသုံးပြုနေတဲ့ဖုန်းနဲ့Data Roaming ချိတ်ဆက်ထားတဲ့နိုင်ငံကဖုန်းကိုSMS ပေးပို့ လို့ရတယ်။ သူက အင်တာနက်လိုင်းနဲ့မဟုတ် ဘဲ မိုဘိုင်းဖုန်းလိုင်းနဲ့ တိုက်ရိုက် SMS ပေး ပို့နိုင်မှာဖြစ်ပါတယ်။ SMS ပေးပို့တဲ့အခါ ကိုယ့်နိုင်ငံက မိုဘိုင်းအော်ပရေတာရဲ့ Gate way အပြင် အခြားနိုင်ငံက အော်ပရေတာရဲ့ ဂိတ်ဝေးကိုပါ ခွင့်ပြုမှ အသုံးပြုလို့ရတာပါ”ဟု ပြောသည်။

ယင်းအပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ထိုင်းနိုင်ငံနှင့် Data Roaming စနစ် (SMS စနစ်) ချိတ်ဆက်ဆောင်ရွက်ထားပြီး ယင်းစနစ်ကို ထိုင်းနိုင်ငံရှိ Advance Info Service Plc (AIS) ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကာ ဇန်န၀ါရီလလယ်ခန့်က စတင်အသုံးပြုနိုင်ပြီဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းဖုန်းများ တိုးချဲ့ချပေးရာတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မိုဘိုင်းဖုန်းလေးသန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် မိုဘိုင်းဖုန်းငါးသန်းနှင့်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာ ရေးနှစ်တွင် မိုဘိုင်းဖုန်းငါးသန်းချထားပေးရန် လျာထားသည်။

No comments:

Post a Comment