Tuesday, January 28, 2014

မတူညီသောအမြင်များနှင့် ရင်ဘတ်ထဲက သစ္စာတရား

    ငါဟာ စစ်သား တစ်ယောက်ဖြစ်တယ်…ရည်မှန်းချက်
 တွေနဲ့ ရှင်သန်ခဲ့တဲ့ စစ်သား တစ် ယောက် အဲဒီတော့ အရှင်း ဆုံး စကားနဲ့ ငါ့ရင်ထဲက သစ္စာတရားကိုပဲ ပြောပြမယ်…မင်းနဲ့ငါက သူငယ်ချင်း….မူလတန်း အရွယ် ကထဲက ပုခုံးဖက်ပြီး ကြီးပြင်းခဲ့တဲ့ သူငယ်ချင်း…
ဘယ်လို အကြောင်းမျိုးနဲ့မှ မခွဲခွာခဲ့တဲ့ ငါတို့သူငယ်ချင်းနှစ်ယောက်ရဲ့ ခင်မင်မှုကို ပျက်စီးစေတဲ့ အကြောင်းအရာ တွေကို ရေးတဲ့ သူတွေကော မင်းကိုကော နားလည် စေချင် လို့ကို ငါဒီအကြောင်းကို ရေးတာ..ကျွန်တော့် ရည်မှန်းချက် ဆိုတဲ့ ခေါင်းစဉ် အောက်မှာ
ငါတို့ နှစ်ယောက် ရေးခဲ့တဲ့ အကြောင်းအရာ တွေကို မင်းမှတ်မိလား… ငါကစစ်သား တစ်ယောက် မင်းက ကျောင်း ဆရာ တစ်ယောက် အကြောင်း..မတူညီတဲ့ စာစီစာကုံး ထဲက မျှော်လင့်ချက် တွေကို ငါပဲ အကောင် အထည် ဖော်နိုင်ခဲ့တာလေ...ဒီပညာတွေ တတ်ပြီးရင် ကျေးလက်ဒေသတွေမှာ ပညာတွေ ပြန်သင်ပေးမယ် ဆိုပြီး စာစီ စာကုံး ရေးခဲ့တဲ့ သူငယ်ချင်း တစ်ယောက်က အခုတော့ ဒီပညာရေးဟာ အဆင့်အတန်း လုံးဝ မရှိဘူး ဆိုတဲ့ စကားကို မင်းမျက်စိမှိတ်ပြီး ပြောထွက်ပြန်ပြီ.့.. မင်းရေးခဲ့တဲ့ ကျွန်တော့် ရည်မှန်းချက် ဆိုတာကို ပြန်တောင် မမှတ်မိတော့ဘူးပေါ့..ဆယ်တန်းအောင် စာရင်း မထွက်ခင် အချိန်ထိ ငါတို့နှစ်ယောက် ကိုယ်စီ စိတ်ကူးတွေ ပြောရင်း ရူးခဲ့ကြတာတွေကို မင်း လွယ်လွယ်လေး မေ့သွားတာလား..လွယ်လွယ်နဲ့မအောင်မြင်နိုင်လို့ မင်း နောက် စာသင်နှစ် တစ်ခုမှာ ကြိုးစား နေတုန်းမှာ ငါက ငါ့ရည်မှန်းချက်ကို အကောင် အထည် ဖော်နေပြီ ..လူတိုင်းမှာ ကိုယ်အားကျ လေးစားတဲ့ ပုဂ္ဂိုလ်တွေရှိတာပဲ…ငယ်ငယ်တုန်းက သင်ခဲ့တဲ့ ငထင်ငယ် အကြောင်းကို မှတ်မိလား…သူ့ဆန်စားတော့ ရဲရသည် ဆိုပြီး အသက်ငယ်ငယ်နဲ့ သူရဲကောင်း ဖြစ်တဲ့ သူပေါ့ ..မင်းရဲကျော်စွာ၊ တပင်ရွှေထီး၊ဘုရင့်နောင်၊အလောင်းဘုရား၊.သတ္တိရှိလို့သူရဲကောင်းလို့ သမိုင်းမှာ သက်မှတ်ခြင်း ခံရတာ…။ ။

ပြီးတော့ ကိုယ့်ကို ကိုယ်လဲ ဂုဏ်ယူတတ်ရမယ်..ငါက စစ်သားတစ်ယောက် ဖြစ်တဲ့အတွက် ငါ့ကိုယ်ငါ ဂုဏ်ယူ တယ် သူငယ်ချင်း… ယောက်ျားတိုင်းဟာ စစ်သား မဖြစ်နိုင်ဘူး..ဒါပေမယ့် စစ်သားတိုင်းက ယောက်ျားပဲ ဖြစ်ရ မယ်…ဒါကငါ့ကိုယ်ငါ ဂုဏ်ယူမိတဲ့ ပထမအချက်…ငါထပ်ပြောမယ် သူငယ်ချင်း…မင်းတိုင်းပြည်အတွက် ဆိုပြီး ဘာလုပ်ဖူးလဲ….ငါအဲဒီစကားကို ပြောတိုင်း မင်းငါ့ကို ဒေါသထွက်တယ်.ထွက်စမ်းပါ သူငယ်ချင်း..ဘယ်အနာမဆို ဒုတ်ကျရင် နာတာကြီးပဲ…ငါစစ်သား လုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာ ဟိုးငယ်စဉ် ငါမသိတတ်ခင် ကထဲက …ဘယ် တော့ မှ မပြောင်းလဲတဲ့ ငါ့ရဲ့ဆုံးဖြတ်ချက် တစ်ခုအတွက် ငါဘယ်တော့မှ နောင်တ မရဘူး သူငယ်ချင်း. ......

    ဗိုလ်လောင်း သင်တန်းပြီးလို့ငါဘယ်မှာ တာဝန်ကျခဲ့လဲ ဆိုတာ မင်းသိပါတယ်…မောင်နှမတွေလို ရင်းနှီးတဲ့ မင်း အမေ နဲ့ငါ့အမေ ဘုရားသွားပြီး အန္တရာယ် ကင်းပါစေဆိုပြီး အမြဲဆုတောင်း နေရတဲ့ နေရာ..ငါ့ကိုယ်ကျိုး အတွက် လုပ်ချင်မှတော့ ငါ့အဖေဆိုင်မှာ ကောင်တာ ထိုင်ရုံနဲ့ ဖြစ်ပါတယ်…ငါရတဲ့လစာဟာ မင်းအခုရနေတဲ့ လစာတွေ ယှဉ်ရင် ၁၀ ပုံ ၁ ပုံမရှိပါဘူး..ငါသေခဲ့ရင်တောင် ငါ့အဖေအမေ အနီးမှာ သေခွင့်မရှိဘူး …ငါ့ကိုယ်လက် အင်္ဂါတွေ ပြတ်တောက် သွားမှာကိုလဲ ငါဂရုမစိုက်ဘူး….ဒါပေမယ့် တိုင်းပြည်တာဝန် ထမ်းဆောင်တာလို့ ခေါင်းစဉ်တပ်ခွင့် ရတဲ့အတွက် ငါကျေနပ်တယ် သူငယ်ချင်း..စစ်သားဖြစ်တဲ့ ငါ့ကိုယ်ငါ ဂုဏ်ယူတယ်…ဘာလို့လဲဆိုတော့ ငါဟာ ရည်မှန်းချက်နဲ့ ရှင်သန်ခဲ့တဲ့ စစ်သား တစ်ယောက် ဖြစ်လို့…မင်းပြောချင်တဲ့ မှိုင်းသွင်းခြင်း ခံရတယ် ဆိုတဲ့ စကားလုံး ..ငါစစ် တက္ကသိုလ်က ဆင်းတာ မင်းသိပါတယ်…ငါတို့ကျောင်းဆင်းပွဲမှာ ငါတို့ခေါင်းဆောင်ကြီးတွေ ပြောခဲ့တဲ့ မိန့်ခွန်းကို မင်း နားထောင် ဖူးလား..သတင်းစာ မှာကော မင်းဖတ် ဖူးလား. .ဟေ့ကောင်..စစ်သား ဆိုတာ ပြည်သူ ထဲကပဲ ဖြစ်လာတာ. .တိုင်းပြည် လိုအပ်ချက် အရ စစ်သား ဖြစ်လာခဲ့ရတာ…လူတန်းစား မျိုးစုံနဲ့ ပြည်သူထဲကနေ ဖြစ်လာတဲ့ တပ်မတော် ပါ ဆိုပြီး ပြောရင် မင်းငြင်းအုံးမှာလား….ငါတို့ဆိုနေတဲ့ သစ္စာလေးရပ် ကိုကော မင်းသိလို့လား..

စစ်သား အကြောင်း သိချင်ရင် ကိုယ်တိုင် စစ်သား လုပ်ကြည့် သူငယ်ချင်း. .အမိန့် မနာခံနိုင်ရင် စစ်သားမဖြစ်ဘူးကွ….စစ်သားဖြစ်လို့ အမိန်ကို နာခံတာ မှိုင်းသွင်းတာ မဟုတ်ဘူးကွ…သေနတ်ကိုယ်စီ ကိုင်ပြီး လူတန်းစား မျိုးစုံရှိတဲ့ စစ်တပ်ကြီးကို အုပ်ချုပ်ဖို့ တပ်မတော်သား အတွက် အမိန့် ဆိုတာ ရှိ တယ်..ဒါပေမယ့် သေနတ်ကိုင်တိုင်း သူရဲကောင်းမဟုတ်ဘူး…တစ်ဖက်နိုင်ငံကို ခြေကုပ်ယူ၊ ကိုယ့်တိုင်းပြည်ကို စိတ်ပိုင်းဖို့ ကြိုးစား နေသူတွေကို စစ်သား မုန်းတာတစ်ခုနဲ့ သူရဲကောင်းတွေလို့ မင်းပါးစပ်မို့ ပြောထွက် တယ် .......စစ်ဗိုလ်ဆိုရင် အထင်မကြီးဘူးလို့ မင်းက ပြောတယ်…အသက်အရွယ် အရကြည့်ရင် မင်းနဲ့ငါနဲ့ ရွယ်တူ..မင်းနားမှာ နားကပ်နဲ့၊ မင်းခေါင်းမှာ ဆံပင်ရှည်အနီရောင်နဲ့၊ မင်းကိုယ်မှာ သောင်းကျော်တန် အ၀တ်အစား နဲ့၊……..မှန်ကို အရင်ကြည့်ပါ သူငယ်ချင်း.ပိုက်ဆံရှိလို့ လူငယ်မို့လို့ လူငယ်လို နေတာ ဘာမှတော့ မဆန်း ပါဘူး …ဒါပေမယ့် သူ့ဘာသာနေပြီး ယူနီဖောင်းဝတ် စစ်သားကို မင်းကဘာ အမြင်မကြည်ရတာလဲ.. မင်းဘာသာမင်း ပိုက်ဆံ ချမ်းသာချင်တာနဲ့ တပ်မတော်နဲ့ ဘာဆိုင်လို့လဲ..ဒီမိုကရေစီမရှိလို့ မင်းက နိုင်ငံခြား သွားပြီး အလုပ် လုပ် နေရတယ်ဆိုရင်၊ ငါကကော ဒီမိုကရေစီ မရလို့ စစ်သား လုပ်နေ ရတာလား…ဘယ်သူမဆို ကိုယ့်တိုင်းပြည် ကိုတိုးတက် စေချင် တာကြီး ပဲ..လူကြီးတွေလဲ သူ့ဘာသာ ကြိုးစားနေတာပဲ..

   ဒါတွေကထား…ငါပြောချင်တာက ငါ့ခံယူချက် သက်သက်….ငါရှရှားမှာ ငါစာလာသင်ရတယ်..ပြည်သူက ကျွေးတဲ့ ထမင်းကို စားတယ်..ငါစာမေးပွဲ အောင်အောင်လုပ်နေတာ ငါတိုင်းပြည် အတွက် လုပ်နေတာလေ..တကယ်လို့ စစ်မြေပြင်မှာ တာဝန်ကျရင်လဲ ငါ့တိုင်းပြည်အတွက် ငါတာဝန် ကျေရအုံးမှာပဲ..မင်းကိုယ်တိုင် ပြည်သူက ကျွေးတဲ့ ထမင်းကို စားရဲလား မေးကြည့်…တစ်ချိန်ထဲမှာပဲ ငါတို့ကျောင်းက ဆရာမတွေ၊ ကျောင်းအသီးသီးက ပညာရှင် တွေ သူတို့တွေ အားလုံးကိုလဲ နိုင်ငံခြား တိုင်းပြည်တွေကို ပြည်သူပေးတဲ့ လစာတွေနဲ့ စေလွှတ်နေတာပဲ မဟုတ်လား … အဖက် ဖက် ကနေပြီးတော့ တိုင်းပြည်အတွက် ကြိုးစားနေကြတဲ့ အချိန်မှာ ငါတို့လူငယ်တွေ ဘာလို့ မစည်းလုံး ကြ တာ လဲ..စစ်တပ်ဆိုတာ တိုင်းပြည် အတွက် မလိုအပ် ဘူးလားပြော …ငါတို့လူငယ်တွေ ကကော တပ်မတော် ထဲ ၀င်ပြီး နိုင်ငံတော်ကို ကာကွယ်ဖို့ မလိုအပ် ဘူးလားပြော…မင်းမလုပ်နိုင်လို့ ငါလုပ်ခဲ့တာကို မင်းက ဘာလို့အခုမှ အပြစ်လာတင်ရတာလဲ...........

  ဘလော့ဂ်တွေကို နှစ်နှစ်သက်သက် ဖတ်တတ်တဲ့ မင်းဖတ်ခဲ့တဲ့ blog တွေထဲမှာ ဘယ်ဘလော့က တိုင်းပြည်အတွက် တစ်ခန်း တစ်နေရာကပါပြီး လုပ်နေသလဲ..ဘယ် blog က သူများအကြောင်း မဟုတ် တာ တွေရေး နေသလဲ..နည်းနည်းလေးမှ စဉ်းစား နိုင်စွမ်း မင်းမှာမရှိတော့ဘူးလား…သတင်းထက် အတင်းကို လူတွေက ပိုစိတ်ဝင်စား ကြတယ်..သတင်း လိုလို၊အတင်းလိုလိုနဲ့ သတင်းမဟုတ်တဲ့ အတင်း တွေကြား မှာ ငါတို့ရွယ်တူ လူငယ်ချင်းတွေကို သွေးကွဲဖို့ မှိုင်းတိုက်နေကြပြီ… မှိုင်းသွင်းခံထားရတယ် ဆိုတဲ့ ငါတို့က နား လည်ပြီး မင်းက ဘာလို့နားမလည် ရတာလဲ..သူများအကြောင်း မကောင်းရေး တာတော့ လူတိုင်း ပြောတတ် တာပဲကွာ…

  တိုင်းရင်းသူလေး တွေကို ဘာလုပ်တယ် ဘာညာဆိုပြီး မင်းက ပြောချင်သေးတယ်.. .....မင်းနဲ့ ငါနဲ့ နေတဲ့အိမ်ဘေးနားမှာ စစ်တပ်ကြီး ရှိတာ မင်းသိ ပါတယ်..အဲဒီတပ်ထဲက စစ်သားတွေ အဲဒီအလုပ် လုပ်တယ်လို့ မင်းကြားဖူး လို့လား..ရုရှားမှာရှိနေတဲ့ စစ်ဗိုလ်တွေ ထဲမှာကော အဲလိုလုပ်ဖူးတဲ့ သူရှိတယ်လို့ မင်းထင် လို့လား …သူတို့ တာဝန်ယူခဲ့တဲ့ တပ်စု၊ တပ်ခွဲတွေမှာကော အဲဒါမျိုးတွေ ရှိဖူး သလား ဆိုတာကို မေးကြည့်စမ်း ပါအုံး….တော်တန့် ရုံအရှုပ်အရှင်းတွေ ထဲမှာ မပါချင်လို့ဘာမှမပြောတာက အတယ်လို့မထင်ပါနဲ့…နောက်မှ ငါ ထပ် ပြော မယ် သူငယ်ချင်း…. အခုငါပြောသလောက် ကိုပဲမင်းစဉ်းစား ပါအုံး… မင်းဟာ ပြည်သူထဲက ပြည်သူ တစ် ယောက် ဖြစ်တယ်မင်းတိုင်းပြည်အတွက်အလုပ်လုပ်ပြီးရင် မင်းကိုယ်မင်း ဂုဏ်ယူဝံ့ကြွားပါ. ငါကပြည်သူထဲက စစ်သား တစ်ယောက် ဖြစ်တယ်..ငါ့ကိုယ်ငါ ဂုဏ်ယူတယ် သူငယ်ချင်း..ငါတို့ မြန်မာနိုင်ငံကို ကမ္ဘာနဲ့ ယှဉ်နိုင် အောင် ကြိုးစားကြတဲ့ အချိန်မှာ ငါတို့လက်တွေ တွဲထားချင်တယ်…နောက်တစ်ခါ ထပ်ပြော လိုက်အုံး မယ် … ငါဟာ စစ်သား တစ်ယောက် ဖြစ်တယ် သူငယ်ချင်း…ပြီးတော့ ငါ့ကိုယ်ငါ ဂုဏ်ယူတယ်…

(ကျွန်တော့နှင့် ယုံကြည်ချက် နှလုံးသားချင်း ထပ်တူကျခြင်းနှင့် ဖော်ပြခွင့်ပေးသည့် အတွက်ပါ အစ်ကိုကြီးကိုစိုင်းအား ကျေးဇူးအထူးတင်လျှက်....)

No comments:

Post a Comment