Monday, January 6, 2014

မြန်မာ့လက်ရွေးစင်ယူ၁၆အသင်းအတွက်အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်တို့တွင် ကစားသမား ရွေးချယ်မှုများ ပြုလုပ်မည်

၂၀၁၄ ခုနှစ်အတွင်း နိုင်ငံတကာ ပြိုင်ပွဲများ 
ယှဉ်ပြိုင် ကစားရန် အတွက် မြန်မာ့ 
လက်ရွေးစင် ယူ၁၆ အသင်းကို ဖွဲ့စည်း 
သွားမည် ဖြစ်ရာ အဆိုပါ အသင်းအတွက်
 ကစားသမား ရွေးချယ်မှုများကို အထက်ြ
မန်မာပြည်နှင့် အောက်မြန်မာပြည် ဇုန်(၂)
 ခုခွဲ၍ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အနေဖြင့် ကစားသမား များအား ဘောလုံး ကျွမ်းကျင်မှု အပြင် အသက် မှန်ကန်မှု ရှိရေး အတွက်ကို ပါ ကစားသမား ရွေးချယ်ရေး ကော်မတီ ဖြင့် စိစစ်ရွေးချယ် သွားမည်ဖြစ်သည်။ ကစားသမား ရွေး ချယ်ရေး ကော်မတီတွင် မြန်မာ့ လက်ရွေးစင် ယူ၁၆ အသင်းနည်းပြ အဖြစ် တာဝန် ယူမည့် ဘူလ်ဂေးရီးယား နိုင်ငံသား နည်းပြ မင်ကော့ဗ်စကီး၊ MFF နည်းစနစ် ဒါရိုက်တာများ ဖြစ်ကြသည့် ဦးဝင်းသူမိုး၊ ဦးတင်မြင့်အောင်၊ ဦးစိုးမြင့်လွင်၊ မန္တလေးမြို့ မြန်မာ ဘောလုံးအကယ်ဒမီမှ နည်းပြ ဦးသန်းလွင်၊ ဇွဲကပင် ယူနိုက်တက် အသင်း CEO ရွှေခေတ် လက်ရွေးစင်ဟောင်း ဦးအေးမောင်ကြီး တို့ပါဝင် ကြပြီး အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ဇုန်များခွဲ၍ တာဝန်ယူ ရွေးချယ် သွား မည် ဖြစ်သည်။
အဆိုပါ ကစားသမား ရွေးချယ်မှုကို အထက်မြန်မာပြည် အတွက် မန္တလေးမြို့ ဘောလုံး အကယ်ဒမီ တွင် ဇန်န၀ါရီ ၁၅၊ ၁၆ ရက်နေ့များ၌ လည်းကောင်း၊ အောက်မြန်မာပြည် အတွက် သုဝဏ္ဏ လေ့ ကျင့်ရေး ကွင်း(၁)နှင့် ကွင်း(၂) တို့တွင် ဇန်န၀ါရီ (၁၈)နှင့် (၁၉) ရက်နေ့ များတွင် လည်းကောင်း နေ့ စဉ် နံနက် (၇း၀၀)နာရီမှ စတင်ကာ ကစားသမား ရွေးချယ်မှုများ ပြုလုပ် သွားမည်ဖြစ်သည်။ လာရောက်ရွေးချယ်ခံသူများ အနေဖြင့် ၁၉၉၈ ခုနှစ်နှင့်နောက်ပိုင်း မွေးဖွားသူ များဖြစ်ရမည်ဟု သိရသည်။
မြန်မာ့ လက်ရွေးစင် လူငယ် အသင်းများသည် ယခုနှစ်အတွင်း အာဆီယံ ယူ၁၆ ပြိုင်ပွဲများ၊ ဂျပန်-အာဆီယံ ယူ၁၄ ဖိတ်ခေါ်ပြိုင်ပွဲများ၊ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ၁၉ ပြိုင်ပွဲများ စသည်ဖြင့် သက်တမ်း အလိုက် နိုင်ငံတကာ ပြိုင်ပွဲများကို ဆက်လက် ယှဉ်ပြိုင် ကစားရန် ရှိနေသည်။

FROM-Myanmar Football Federation

No comments:

Post a Comment