Friday, January 17, 2014

ပြင်သင့်တာလဲ ပြင် ၊ ပြင်ရမယ့် ဟာလည်း ပြင်

NLD အနေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို
 ပြင်ဖို့ပြောတာကို လက်ခံပါတယ်။ 
 ဖွဲ့စည်းပုံ အခြေခံဥပဒေသုံးသပ်ရေးကော်
မတီကို ပြင်သင့်တဲ့ ဥပဒေတွေကို 
 ပေးပို့တာကိုလည်း လက်ခံတယ်။ 
သို့သော် ဟို ဥပဒေကို အခုပြင်ပါ၊
 ဒီ ဥပဒေ ကို ချက်ချင်းပြင်ပါ လို့ ဆူဆူ
ညံညံ လူအမြင်ကပ်အောင် အော်မနေ
သင့်ဘူး။ ဥပမာ - ပုဒ်မ ၁၈ ဖျက်သိမ်းပေး ပါ။ နိုင် ငံရေးအကျဉ်းသား လက်ကျန် ချက်ချင်းလွှတ်။ အစိတ်သား လွှတ်တော်တွင်းက ချက်ချင်းထွက် စသည်ဖြင့်ပေါ့လေ။ သမ္မတကိုပဲ ဖိအားပေးသလိုလို၊ လွှတ်တော်ပဲ ဖိအားပေးသလိုလို ရေရေရာရာ မရှိပဲ အသံထွက်နေကြတာတွေ။ ဒီလို အော်နေကြတာတွေက NLD အနေနှင့် မိမိကိုယ်ကို ယုံကြည်မှု မရှိရာ ကျသလို ရှေ့စ ကား နောက်စကားလည်း မညီဘူး။ သမ္မတ ဦးသိန်းစိန်ရဲ့ လုပ်ငန်းစဉ်တွေကိုလည်း တမင်တကာ ကဖျက်ယဖျက် လုပ်နေတယ်လို့လည်း မြင်တယ်။ ခု တောင်းဆိုနေတဲ့ ကိစ္စတွေ၊ ပုဒ်မတွေက ၂၀၁၅ အစိုးရကျမှ လုပ်လို့လည်း ရတယ်။ ဒီလို စပ်ကူးမပ်ကူး ကာလမှာ ဒီလိုမျိုးတွေ အော်နေတာက ရိုးသားမှု မရှိသလို အဓိပ္ပါယ်လည်း မရှိဘူး။ NLD က မိမိကိုယ်ကို ပြည်သူ ၉၀% က ထောက်ခံတယ်လို့ ယူဆထားတယ်။ ဒီစကားမှန်လျှင် လွှတ်တော်တွင်း ထိုင်ခုံအများစု သူတို့ရမှာ ဖြစ်သလို သမ္မတ လည်း NLD ပဲ ဖြစ်ရမှာပဲ။ ဒေါ်စု သမ္မတ ဖြစ်မဖြစ်က တကဏ္ဍထား။ အဲဒီအချိန် ကိုယ်တိုင် သမ္မတဖြစ်မှ ကိယ်မကျေနပ်တဲ့၊ ကိုယ်ဖြစ်ချင်နေတဲ့ ကိစ္စတွေကို လုပ်။ လွှတ်တော်တွင်းမှာ ပုဒ်မတွေကို ဖျက်။ လွှတ်တော်ဆိုတာ ၂၀၁၅ မှာလည်း ကျင်းပနေရဦးမှာ။ နောက်တစ်ခု ပြောစရာ ရှိသေးတယ်။ ကုလားတွေ ဘယ်ကောင်ခေါ် လာတာလဲ၊ ဝှိုက်ကဒ် ဘယ်သူထုတ်ပေးတာလဲတွေ မေးမနေနဲ့။ ငြင်းမနေနဲ့။ ငြင်းခုန် စကားများနေလို့ အကျိုးမရှိဘူး။ ကိုယ်အာဏာရလာလျှင် ဝှိုက်ကဒ်တွေ ကို ပိတ်သိမ်းပစ်မယ်၊ နိုင်ငံသားဖြစ်ခွင့်ကို ၈၂ ဥပဒေအတိုင်း စိစစ်မယ်ဆိုတာ ကို ကြေငြာလိုက်ကြ။ မြစ်ဆုံကိစ္စ သူများကို ထိုးနှက်ဖို့ချည်းပဲ စဉ်းစားမနေကြနဲ့ဦး။ ကိုယ့်အလှည့်ရောက်လာလျှင် ဘယ် လိုဖြေရှင်းမလဲ စဉ်းစားကြပြီးပြီလား။ ပြည်တွင်းစစ်ကြောင့် လူတွေသေတယ်၊ လူ့အခွင့်အရေးချိုးဖောက်တယ် အော်တာလည်း အော်ပေါ့။ တကယ်လို့ KIA နှင့် ဝ ကိစ္စက ခု အစိုးရနှင့်တင် မပြတ်ပဲ ကိုယ့်လက်ထက်ထိ ရှိလာလျှင် ဘာလုပ်မှာ လဲ စဉ်းစားပြီးပြီလား။ ပြည်သူတွေကို လူတတ်ကြီးလုပ် ရှင်းပြနေသလိုမျိုး KIA နှင့် ဝ ကို ဒီမိုကရေ စီစံနှုန်း ဆိုတာနှင့်တော့ ကိုင်ပေါက်လို့ မရဘူးနော်။ ဒါကိုတော့ သဘောပေါက်။ ဟိုက သေနတ် ရယ်၊ တ ရုတ် ယွမ်ငွေရယ်ပဲ သိတာ။ ကျန်တာ ဘာမှ နားမလည်ဘူး။ ပြောချင်တာက NLD  က မိမိကိုယ်ကို ပြည်သူတွေရဲ့ ထောက်ခံမှု ၉၀% ရှိတယ်လို့ ယူဆတယ်။ အာဏာရမယ်လို့လည်း ယုံကြည် တယ်။ အာဏာရလျှင် မြန်မာနိုင်ငံတော်ကြီး ဘယ်လိုပြောင်းလဲပစ်မယ်လည်း ကြိမ်းဝါးနေ တယ်။ ဒါပေမယ့် ခုချိန်ထိ ကိုယ်အာဏာရလာလျှင် ဘာလုပ်မယ်ဆိုတဲ့ road map ချမပြနိုင်သေးဘူး။ သီဟတင်စိုးနှင့် အတူတူ တော်လှန်ရေးကား ရိုက်နေတုန်း။ ၂၀၁၅ က ကပ်နေပြီ။ ဘာလုပ်မှာလဲ။ ကလေးများ မုန့်တောင်းသလို မရလျှင် ခြေဆောင့်ငိုမှာပဲ ဆိုတာတွေ လုပ်နေလို့ မရတော့ဘူး။ NLD အနေနှင့် မိမိတို့ကိုယ်ကို ပြည်သူကထောက်ခံခြင်းခံနေရသောသူများ၊ တိုင်းပြည်ကို ဦးဆောင် ရမည့်သူများကို ယုံကြည်ထားတယ်၊ ခံယူထားတယ် ဆိုလျှင် အပြုအမူ၊ အပြောအဆို များ ကို ပြင်ဆင်ပြီး ၂၀၁၅ မှာ ဘယ်လိုရှေ့ ဆက်မယ်ဆိုတာကို ပြင်ဆင်ကြပါ။ Myo Min Thant

No comments:

Post a Comment