Saturday, January 25, 2014

ကားအက်ဆီးဒင့်ဖြစ်ခဲ့သည့် မင်းသမီး လင်းဇာနည်ဇော် နောက်ဆက်တွဲသတင်း

ရန်ကုန်-ဇန်န၀ါရီ၂၀
ပဲခူးမြို့  အနီး ရန်ကုန်-မန္တလေးလမ်းဟောင်း တွင် သရုပ်ဆောင် လင်းဇာနည်ဇော် လိုက်ပါ စီးနင်းလာသောယာဉ်နှင့် အခြားယာဉ် တစ်စီး တို့ တိုက် မိပြီးယာဉ် မတော်တဆ မှူကြောင့်  အမျိုးသမီးတစ်ဦး အသက်ဆုံးပါး သွားကြောင်း သတင်းရရှိသည့် ယမန်နေ့  ညနေပိုင်းက သရုပ်ဆောင်လင်းဇာနည်ဇော် ၏ အစ်ကိုဖြစ် သူ ဒါရိုက်တာ မိုက်တီး ထံဆက်သွယ်မေးမြန်း ရာ သူတို့ လည်း အခင်းဖြစ်ပွားရာသို့  ရန်ကုန်မှ သတင်းရရခြင်း လိုက်ပါ သွားနေကြောင်းပြော ပီးနောက် “ကျွန်တော် အခုရောက်တော့ မယ် သူ့ ကောင်မလေးတော့ ဆုံးသွားရှာတယ်” ဟုသေ ဆုံးသူ အမျိုးသမီးငယ်မှာ သရုပ်ဆောင်လင်းဇာနည်ဇော် နှင့်အတူ ပါသွားခဲ့သူဖြစ်ကြောင်း ဒါရိုက် တာမိုက်တီး ၏ပြောကြားချက် အရသိရသည်။ ယာဉ်မတော်တဆမှုဖြစ်ပွားရာ တွင် တစ်ဦးသေ ဆုံး၍ သရုပ်ဆောင် လင်းဇာနည်ဇော် အပါအ၀င်လူ(၄) ဦး ဒဏ်ရာရရှိခဲ့ပြီး ပဲခူးဆေးရုံ တွင်ဆေး ကုသမှု ခံယူစေကြောင်း “သေဆုံးသူအတွက် အားလုံး စိတ်မကောင်းဖြစ်နေကြရပါတယ်၊ လင်းလင်းကတော့ အသက် အန္တရာယ် မရှိတော့ပါဘူး မနက်မှ ရန်ကုန်ဆေးရုံရွှေ့ပါမယ်” ဟု စိတ်မပူရစေရန် ဒါရိုက်တာမိုက်တီး က ညပိုင်းမှာ ပြောဆိုပါသည်။

ယနေ့ မှာ ဒဏ်ရာရရှိထားသူ သရုပ်ဆောင်လင်းဇာနည်ဇော်ကို ရန်ကုန်မြို့ သို့ ပြန်လည်ခေါ်ဆောင်ပြီဖြစ်ပြီး မကြာမီ SSCဆေးရုံ သို့ တင်ပို့ ဆေးကုသမှု ခံယူ မှာဖြစ်ကြောင်း ယနေ့ မနက်၁၀နာရီခွဲမှာထပ်မံသိရသည်။

(ညပိုင်းက သတင်းမတင်ခြင်းမှာ လင်းဇာနည်ဇော် ၏ မိဘနှစ်ပါး စိုးရိမ်မည် ကို၍ သတိပြုခဲ့ ကြခြင်းဖြစ်ပါ သည်။ ယခုတော့ ပရိသတ် အချစ်တော်လင်းဇာနည်ဇော် အသက် အန္တရာယ် မရှိတော့၍မိသားစုနှင့် အတူပရိသတ်များ စိတ်အေးစေရန် တင်ပြရပါသည်။ ကွယ်လွန်သူ အမျိုးသမီးငယ်အတွက် လည်းမိသားစုများနှင့် ထပ်တူ စိတ်မကောင်းဖြစ်ရ ပါ၏- အနုပညာအယ်ဒီတာ)

No comments:

Post a Comment