Friday, January 17, 2014

နမ့်လင်းပါနှင့် မုန်းဒိန်ပါ ရွာအား KIA တပ်ရင်း (၁၂) တပ်များ ၀င်ရောက်ဖျက်ဆီး

15.1.2014 KIA တပ်ရင်း (၁၂) ဖျက်ဆီး ခဲ့သည့် အိမ်တစ်လုံးအား တွေ့ရစဉ် ကချင် ပြည်နယ် ဗန်းဗော် ခရိုင် မန်စီ မြို့နယ်ရှိ KIA အဖွဲ့နှင့် အစိုးရ တပ်တို့ အကြား တိုက်ပွဲ အပြင်း အထန် ဖြစ်ပွား ခဲ့သည်။ နမ့်လင်းပါ ကျေးရွာ မုန်းဒိန်ပါ ကျေးရွာ များအား KIA တပ်ရင်း (၁၂) မှ အစိုးရတပ်များဆုတ်ခွာ သွားပြီးနောက် ရွာအား ဖျက်ဆီး ခဲ့ကြောင်း ယင်းဒေသ ကျေးရွာနေသူ တို့က ပြောသည်။
“KIA တပ်ရင်း (၁၂)မှ စစ်ပြေး ဒုက္ခသည် စခန်း၊ စာသင် ကျောင်းများ ၊ ဘုရားကျောင်း တွေကို ပစ်ခတ် ဖျက်ဆီး သွားတယ်၊ ရွာသား တွေရဲ့အိမ်၊ ဒုက္ခသည် တွေအတွက် အလှူရှင်တွေ လှူဒါန်း ထားတဲ့ စားနပ် ရိက္ခာ တွေရောပဲ၊ သယ်လို့ ရတာ သယ်တယ်၊ သယ်လို့ မရတာ ဖျက်ဆီး ခဲ့တယ်”
ဟု ကျေးရွာနေသူများမှ ပြောသည်။ ရွာတွေက ပြန်ထွက်တော့ KIA တပ်မှအားလုံး ဖျက်ဆီး သွားတယ်၊ ကျွှဲ၊ နွား တွေလည်း သတ် ၊ နိုင်တာတွေ အားလုံး ယူသွား၊ မနိုင် တာက ဖျက်ဆီးသွားတယ်” ဟု ကျေးရွာနေသူများက ပြောသည်။ KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း ၁၂ တပ်ဖွဲ့ များနှင့် အစိုးရ တပ်တို့သည် ၄င်း မုန်းဒိန်ပါ၊ နန့်လင်းပါ၊ ကောင်ဂျာ ရွာများ တို့၌ ပြီးခဲ့သည့် ၂၀၁၃ အောက်တိုဘာလမှ စ၍ နှစ်ဖက် အကြား တိုက်ပွဲ အပြင်း အထန် ဖြစ်ပွား ခဲ့ကြသည်။ ထို့ကြောင့်လည်း မုန်းဒိန်ပါ၊ နန့်လင်းပါ၊ ကောင်ဂျာ ရွာများမှ စစ်ပြေး ဒုက္ခသည်များ အနီးအနား ရွာများ၌ ဗန်းမော်မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရသည်။

No comments:

Post a Comment