Friday, January 17, 2014

မြန်မာနိုင်ငံသားတွေအတွက် ဂျပန်နိုင်ငံကို အကြိမ်ကြိမ်ဝင်ထွက်ခွင့်ဗီဇာ စတင်ထုတ်ပေး


Wednesday, January 15, 2014
မြန်မာနိုင်ငံသားတွေ ဂျပန်နိုင်ငံကို အကြိမ်ကြိမ် ၀င်ထွက်သွားလာနိုင်တဲ့ multiple-entry ဗီဇာကို ဒီကနေ့ စတင်ထုတ်ပေးနေပြီဖြစ်ကြောင်
း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။
မြန်မာနိုင်ငံသားတွေ ဂျပန်နိုင်ငံကို ပိုမိုလာရောက်နိုင်အောင်နဲ့ ဂျပန်-မြန်မာ သံတမန်ဆက် ဆံရေး နှစ် ၆၀ ပြည့်မြောက်မှု အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံဆက်ဆံရေး ချဲ့ထွင်နိုင်အောင်

ဒီအစီအစဉ်ကို အကောင်အထည်ဖော်တာလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အခုထုတ်ပေးတဲ့ အကြိမ်ကြိမ်ဝင်ထွက်နိုင်တဲ့
ဗီဇာဟာ ၃ နှစ်သက်တမ်းရှိမှာဖြစ်ပြီး မြန် မာနိုင်ငံ သားတွေအနေနဲ့ ခရီးတစ်ကြိမ်အတွင်း ဂျပန်နိုင်ငံမှာ ၁၅ ရက် နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန်တစ်ခု တည်ဆောက်ရေး၊ မီးရထားလမ်းတွေအဆင့်မြှင့်တင်ရေး နဲ့ တခြားအခြေခံအဆောက်အဦး ဖွံ့ဖြိုးရေးစီမံကိန်းတွေအတ
ွက် ဂျပန်အစိုးရက ယန်းငွေ ၆၃ ဘီလျံ ထုတ်ချေးမယ်လို့ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက သမ္မတဦးသိန်းစိန်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း တိုကျိုမြို့မှာတွေ့ဆုံစဉ် ကတိပြုပြောကြားထားပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှ
ံမှု တိုးမြှင့်ရေးအတွက် လည်း နှစ်နိုင်ငံ အစိုး ရတွေအကြား သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးထားပါတယ်။

RFA Burmese

No comments:

Post a Comment