Friday, January 17, 2014

ကျန်စစ်သား, ငထွေးရူး, ငလုံးလက်ဖယ်တို့ကဲ့သို့ မဟာစွမ်းအားရှင်လူသား ယနေ့ခေတ်မြန်မာနိုင်ငံတွင် ပေါ်ပေါက်

အနော်ရထာမင်းကြီးသာ ဒီလောက်စွမ်းတဲ့ ဆရာကြီးအကြောင်းကြားရင် ဘယ်လောက်ဝမ်းသာလိုက်မလဲ
     ပုဂံပြည်ရဲ့  လူစွမ်းကောင်း စွမ်းအားရှင် လူသား ကျန်စစ်သား, ငထွေးရူး, ငလုံးလက်ဖယ်၊ ဗျတ်ဝိ၊ ဗျတ္တ၊ မီးပုံပျံဦးကျော်ရင် ၊ သံမဏီ ဦးကျော်ရင်၊ ဓားနဲ့ မျက်နှာသစ်တဲ့ ဗန္ဓုလ ဦးကျော်စိန်တို့ကဲ့သို့ လူစွမ်းကောင်း စွမ်းအားရှင်တစ်ဦး ယနေ့ခေတ် မြန်မာနိုင်ငံတွင်

 ပေါ်ပေါက်နေပါသည်။
     ထိုစွမ်းအားရှင် လူစွမ်းကောင်းသည် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမှ အသက်(၆၈)နှစ်ရှိ ဦးကျော်ဝင်းလို့ ခေါ်သူဖြစ်ပါသည်။ သူက လေယဉ်ပျံကို ဆံပင်နဲ့ချည်ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ဝင်နိုင်ဖို့ ကြိုးစားနေတဲ့လူ၊ ထိုစွမ်းအာင်းရှင် လူစွမ်းကောင်းသည် မြေလျှိုးမိုးပျံပြီး ကျည်ကိုဖမ်းလို့ ရသည်အထိ အစွမ်းထက်အောင် ကြိုးစားနေတဲ့လူ၊ ထိုစွမ်းအားရှင် လူစွမ်းကောင်းဆရာကြီးသည် ဗိုက်ပေါ်သို့ ကားဘီးဖြင့် အကြိတ်ခံပြခြင်း၊ လူ(၃)ယောက်စီးသော DIဆိုင်ကယ်(၃)စီးကို ဗိုက်ပေါ်သို့ အကြိတ်ခံပြခြင်း၊ လူ(၃)ယောက်စီးသော ဆိုင်ကယ်(၁၀)စီးကို ဆံပင်ဖြင့် ဆွဲပြခြင်း၊ အရှည်(၁)ပေခွဲရှိ ငါးမူးလုံး သံချွှန်ချောင်းဖြင့် လည်မျိုတွင်ထောက်လျက် ငှက်ပျောတုံး ထုတ်ချင်းပေါက်သည်အထိ  တွန်းပြနိုင်ခြင်း၊ လည်မျိုကို ၀ါးရင်းတုတ်ဖြင့် အားကုန်အရိုက်ခံပြခြင်း၊ လည်မျိုအား ကြိုးစွပ်၍ ဇွဲကြိုးချပြသခြင်း၊ အုန်းပင်ထန်းပင်များပေါ်သို့ ဇောက်ထိုးတက်ပြခြင်း၊ ဇောက်ထိုးတက်ပြနိုင်ခြင်း၊ ကားများဖြင့် အကြိတ်ခံပြခြင်း၊ စသော အံသြဖွယ် ပြကွက်ဆန်းပေါင်း (၅၀၀)ကျော် အစွမ်းပြနိုင်သော မဟာစွမ်းအားရှင် လူစွမ်းကောင်းလည်း ဖြစ်ပါသည်။
  သူ့အား စွမ်းအားကျင့်စဉ်က ရှင်တော်ဗုဒ္ဓအလိုကျ နှစ်ပေါင်း (၄၀)ကျော် လေ့ကျင့်ရာမှ အောင်မြင်မှု ရရှိခဲ့တဲ့ မဟာပါဝါအတွင်းအား ထူးခြားကသိုဏ်းစွမ်း၇ည် လည်းဖြစ်ပါသည်။ ရှင်တော်ဗုဒ္ဓရဲ့ အာနာပါနကို အဓိကထားပြီးကျင့်တာ၊ အာနာပါနကို စိတ်စွမ်းအင်နဲ့ပေါင်းပြီး ကျင့်တယ်၊ အထူသဖြင့် အောက်ဆီဂျင်တွေဟာ အတိုင်းအဆမရှိ လေနဲ့သွားတယ်၊ ဒါကြောင့် ဆရာကြီးက လေကို အဓိကဖမ်းယူရူရှိုက်ပြီး ကျင့်စဉ်ပညာရပ်နဲ့ ပေါင်းယူ စွမ်းအားထက်တာပဲ၊ ဒီပညာဟာ ရုပ်နဲ့နာမ် နှစ်ခုပေါင်းပြီး တရားအးထုတ်တယ်၊ တည်ငြိမ်တဲ့ သမာဓိ သမထအားတွေနဲ့ အချိုးညီညီ စိတ်စွမ်းအင်ကျင့်ထားတဲ့ အံဖွယ်ပညာရပ်တွေပါ၊ ကသိုဏ်းပညာလို့လည်း ခေါ်ကြတယ်၊ ထိုပြကွက်ဆန်းများကို ၁၇-၇-၂၀၁၂ ၇က်နေ့ အာဇာနည်နေ့ အထိမ်းအမှတ်ဖြစ် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းရွာအနီး ရန်ကုန်မန္တလေး အဝေးပြေးလမ်းမကြီးပေါ်တွင်လည်းကောင်း၊ ၂၂-၇-၂၀၁၂ ရက်နေ့တွင် နေပြည်တော် တိရစ္ဆာန်ဥယျာဉ်မှာလည်းကောင်း အံသြဖွယ် ပြကွက်ဆန်းတွေကို ပြသခဲ့ပါတယ်။
ဆရာကြီးရဲ့ဖုန်း- ၀၉-၇၃၂၅၄၀၅၉

မှုခင်းသတင်းဂျာနယ် အတွဲ(၁၇)၊ အမှတ်(၁၉) မှ ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment