Thursday, January 16, 2014

သမ္မတဦးသိန်းစိန်ကိုမဲပေးရန် သီတဂူဆရာတော်တိုက်တွန်း

နိုင်ငံ့အကျိုး၊ သာသနာ့အကျိုး
သယ်ပိုးခဲ့သည့် သမ္မတ
ဦးသိန်းစိန်ကို ၂၀၁၅ 
ခုနှစ်ရွေးကောက်ပွဲ
တွ င် ထောက်ခံ မဲပေးကြ
ရန် သီတဂူဆရာတော် ဘဒ္ဒ န္တ
ဉာဏိဿရ က အထက်မြန်
မာပြည် အမျိုးဘာသာ
သနာစောင့်ရှောက်ရေး အဖွဲ့
 သြ၀ါဒခံယူပွဲတွင် တိုက်တွန်း
မိန့်ကြားလိုက်သည်။
ဗုဒ္ဓဘာသာဝင်အများစုက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလျှင် အမျိုးသာသနာမှေးမှိန်နိုင် စရာရှိသည်ဟု ယုံကြည်နေကြ၍ သမ္မဦးသိန်းစိန်ကို ထောက်ခံမဲပေးရန် မိန့်ကြားခြင်းဖြစ်ကြောင်း သီတဂူဆရာတော် က ဆိုသည်။ အမျိုးဘာသာသနာစောင့်ရှောက်ရေး အဖွဲ့ သြ၀ါဒခံယူပွဲသို့ တက်ရောက်နေ သည့် NLD ပါတီဝင်အချို့ကလည်း ဆရာတော်၏ တိုက်တွန်းချက် ကို ထောက် ခံ ကြောင်း အဆိုပါပွဲကိုတက်ရောက်နေသည့် ဦးလှိုင်ထူးအောင်က People Power သို့ ဆက် သွယ်ပြော ကြား သည်။
NLD ပါတီအမျိုးသား လွတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးကိုလည်း အမျိုးဘာသာ သနာ အကျိုးသယ်ပိုးခဲ့သည့်အတွက်လည်း သြ၀ါဒပေးသည့်ဆရာတော်များက တညီတစ်ညွတ် တည်း ချီးကျူးဂုဏ်ပြုခဲ့ ကြောင်း ၎င်းကမှတ်ချက်ပြုပြောဆိုသည်။
မန္တလေးမြို့ မဟာ အတုလ ဝေယံဘုံသာ အတုမရှိကျောင်းတော်ကြီးတွင်ကျင်းပသည့် ပွဲကို မြန် မာနိုင်ငံ အရပ်ရပ်မှ ဆရာတော်အပါး ၄၀၀ တက်ရောက်ခဲ့ပြီး လူပုဂ္ဂိုလ် သုံးသောင်းခန့်နှင့် သံဃာ အပါး တစ်သောင်း ခန့် တက်ရောက်ခဲ့ကြောင်း အထက်မြန်မာပြည်အမျိုးဘာသာ သနာစောင့်ရှောက်ရေး အဖွဲ့၏ သတင်းထုတ်ပြန် ချက်အရသိရသည်။

သတင်းရေးသားသူ-ညီထွန်းသူ
တည်းဖြတ် -EN01
From: People power

No comments:

Post a Comment