Friday, January 24, 2014

လွှတ်တော် လာရောက်လေ့လာသည့် NLD ပါတီဝင်တစ်ဦးရုတ်တရက် သတိလစ်သွားသဖြင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များထဲမှ ပါရဂူ ဆရာဝန်ကြီးများမှ အရေးပေါ် ကုသပေးခဲ့

နေပြည်တော် ပြည်သူ့လွှတ်တော်
တွင် ကျင်းပလျက်ရှိသော ၂၃-၁-၂၀၁၄ ရက်နေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးသို့ လာရောက်လေ့လာလျက် ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကျောက်ပတောင်း မြို့နယ်ပါတီဝင် ဦးမြင့်အေး၊ အသက် ၄၀ နှစ် ရှိသူသည် ၀က်ရူးပြန်ရောဂါကြောင့် ရုတ် တရက် သတိလစ် တက်သွားခဲ့ရာ
လွတ်တော်အတွင်းရှိ တပ်မတော်သား ပြည်သူ့လွတ်တော်ကိုယ်စားလှယ် များထဲတွင် ပါဝင်သည့် ပါရဂူဆရာဝန်ကြီးများမှအရေးပေါ်ကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်းသိရှိရသည်။၎င်းဖြစ်စဉ်ကြောင့်   ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းမှ အစည်းအဝေးအား ခေတ္တရပ်နားပေးခဲ့သည်။

ဖြစ်ပွားချိန်မှာ နေ့လည် ၁၂ နာရီခန့်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးမြင့်အေးသည် နေပြည်တော် နေ့လည် အပူရှိန်တို့ကြောင့် ယခင်အခံရှိသော ၀က်ရူးပြန်ရောဂါ ရုတ်တရက်ထ၍ သတိလစ်သွား ခြင်းဖြစ်ကြောင်း၊ တပ်မတော်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ပါရဂူဆရာဝန်ကြီးများ၏ ပြုစုကုသမှုကြောင့် သတိပြန်လည် ရရှိလာခဲ့ပြီး ၄င်းအား နေပြည်တော် ပြည်သူ့ဆေးရုံ (ကုတင် ၁၀၀၀) သို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်သူ့လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ဦးရှိပြီး ၄င်းတို့အနက် ၅ ဦးမှာ ပါရဂူ ဆရာဝန်ကြီးများဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment