Thursday, January 16, 2014

“မြန်မာ ပရိသတ်တွေ ဆဲတာ မခံရဖို့ အဓိက ထားပြီး ပြည်ပ ထွက်ကစားဖြစ်တာပါ”

မလေးရှားကလပ် ပီရတ် အသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် မြန်မာ့လက်ရွေးစင် ဘောလုံးသမား ကျော်ဇေယျာဝင်းနှင့် အွန်လိုင်း အင်တာဗျူး
 မေး။    ။မင်္ဂလာပါကျော်ဇေယျာဝင်းရေ မလေးရှား စူပါလိဂ် ကလပ် Perak  ကိုပြောင်းဖြစ်ခဲ့ပုံလေး စပြောပေးပါ။
ဖြေ။     ။အဓိက ကတော့ လိုလို လားလား နဲ့ ကမ်းလှမ်းခဲ့လို့ပါ။ ပြီးတော့ ကျွန်တော့်အတွက်
အတွေ့အကြုံ အများကြီး ရမယ်လို့ထင်လို့ ပြောင်းခဲ့တာပါ။
မေး။    ။ Perak အသင်းက မြန်မာနေရှင်နယ်လိဂ်နဲ့ ယှဉ်ရင် ဘယ်လို အဆင့်လောက်မှာ ရှိတယ်လို့ ပြောနိုင်မလဲ။
ဖြေ။     ။ အဲ့ဒီလိုတော့ ပြောလို့မရသေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်လည်း သူတို့ အသင်းအတွက် တရားဝင် ပြိုင်ပွဲ တစ်ပွဲမှ မကစားရသေးလို့ပါ။ တရားဝင် ပြိုင်ပွဲက လာမည့် ၁၈ ရက်မှ စကစားရမှာပါ။
မေး။    ။ မြန်မာနေရှင်နယ်လိဂ်နဲ့ အခုရောက်နေတဲ့ မလေးရှာ စူပါလိဂ် အခြေအနေကို နှိုင်းယှဉ်ပေးပါဦး။
ဖြေ။     ။ မြန်မာမှာကတော့ အကိုတို့လည်း သိတဲ့ အတိုင်းပဲလေ။ မလေးရှားမှာကတော့ အသင်းတိုင်းက  ကိုယ်ပိုင် လေ့ကျင့်ရေးကွင်းနဲ့ အိမ်ကွင်းတွေရှိကြတယ်။ ကစားသမား ဒဏ်ရာရရင် ကုဖို့  Physio ဆေးရုံ တစ်ရုံစီရှိကြတယ်။
မေး။    ။ပထမဆုံး ပြည်ပထွက်ကစားတဲ့ အတွေ့အကြုံက ကျော်ဇေယျာဝင်းရဲ့ ကစားသမား ဘဝအတွက် ဘယ်လောက် အထောက်အကူ ဖြစ်စေသလဲ။
ဖြေ။     ။ပြည်ပ ထွက်ကစားတဲ့အခါ ကြတော့ ကစားပုံ ပိုပြီးတိုးတက်လာမယ်လို့ထင်တယ်။ မြန်မာနေရှင်နယ်လိဂ်မှာ ပြန်လာကစားတဲ့ အချိန်ကြရင်  ကစားပုံက ပြောင်းလည်းသွားမှာပါ။  ပြီတော့ မြန်မာ ပရိသတ်တွေ ဆဲတာ မခံရဖို့ အဓိက ထားပြီး ပြည်ပ ထွက်ကစားဖြစ်တာပါ။ပြန်လာတဲ့ အခါ မြန်မာပရိသတ်တွေ မဆဲအောင် ကျွန်တော် ကြိုးစားနေပါတယ်။

မေး။    ။ Perak အသင်းမှာ ကြုံတွေ့နေရတဲ့ အဓိက အခက်အခဲ ကဘာဖြစ်မလဲ။

ဖြေ။     ။ မြန်မာတစ်ယောက်အတွက်အဓိက အခက်အခဲ ကတော့  ဘာသာစကားပေါ့။ အသင်းသစ်ဆိုတော့ ရောက်ရောက်ချင်း နည်းနည်းတော့ အခက်အခဲ ဖြစ်ရပါတယ်။

မေ။     ။ Perak အသင်းမှာ မလေးရှား လက်ရွေးစင် ဘယ်နှစ်ယောက်လောက်ရှိလဲ ။ပြီးတော့ သူတို့ရဲ့ မြန်မာတစ်ယောက်အပေါ် ဆက်ဆံရေးကိုလည်း ပြောပေးပါဦး။

ဖြေ။     ။ Perak အသင်းမှာ မလေးရှားလက်ရွေးစင် ၂ယောက်ရှိတယ်။ ဆက်ဆံရေးကလည်း ဖော်ရွေပါတယ်။ အကူအညီလည်း ပေးကြပါတယ်။

မေး။    ။မလေးရှား ပရိသတ်ရဲ့ မြန်မာကစားသမားတစ်ဦးအပေါ် ကြိုဆိုမှုကရော ဘယ်လိုရှိလဲ။

ဖြေ။     ။ Perak ပရိသတ်ကတော့ မြန်မာမှ မဟုတ်ပါဘူး။သူတို့အသင်းမှာ လာကစားတဲ့ ကစားသမား အားလုံးကို ကြိုဆိုပါတယ်။ သူတို့အသင်း အောင်မြင်မှုရဖို့ သာ အဓိကပါ။ ဒါပေမယ့် အသင်းမအောင်မြင်လည်း အားပေးကြမယ့် ပရိသတ်တွေလို့ မြင်ပါတယ်။

မေး။    ။ Perak အသင်းက ကျော်ဇေယျာဝင်းကို ဘယ်လို ထောက်ပံမှုတွေ ပေးထားလဲ။

ဖြေ။     ။ အသင်းက ကျွန်တော်အတွက် အိမ်ပေးထားတယ်။ သွားလာဖို့ ကားလည်းပေးထားပါတယ်။ လိုအပ်ချက်အားလုံးကို ပံ့ပိုးပေးထားလို့ အဆင်ပြေပါတယ်။

မေး။    ။ဆီးဂိမ်းမှာ ခြေစွမ်း မပြနိုင်ခဲ့တာနဲ့ ပက်သက်ပြီး ကိုယ့်ကို ကိုယ် ဘယ်လိုမြင်လဲ။

ဖြေ။     ။ ခြေစွမ်း မပြနိုင်တာ ဘာကိုကြည့်ပြီး သုံးသပ်တာပါလဲ။ ဘယ်သူကသုံးသပ်တာလဲ။ ပြီးပြည့်စုံတယ်ဆိုတဲ့ ကစားသမား တစ်ယောက်မှ မရှိသေးပါဘူး။ မြန်မာပြည်မှာ မက်ဆီ၊ ရော်နယ်ဒို တို့လို ကစားသမားတွေမှမရှိတာ။ မရှိလို့လဲ အခု ပိုကြိုးစားနေတာပေါ့။

မေး။    ။ Perak အသင်းအတွက် ပွဲထွက် ဘယ်နှစ်ပွဲ ကစားထားပြီးပြီလဲ။

ဖြေ။     ။ ခြေစမ်းပွဲ ၂ ပွဲ ပဲ ကစားရပါသေးတယ်။ တရာဝင်ပြိုင်တွေ မစသေးလို့ပါ။ သွင်းဂိုးတော့ မရသေးပါဘူး။

No comments:

Post a Comment