Friday, January 17, 2014

စင်္ကာပူအနုပညာလောကရဲ့ကြယ်ပွင့်ငယ်လေးဖြစ်တဲ့ Stephanie Koh က "စင်္ကာပူနိုင်ငံသားဖြစ်ရတာ ဂုဏ်မယူပါဘူး" လို့ ပြောလိုက်တာကြောင့် သူတို့ဆီမှာ ပွဲဆူနေပါပြီ။

 
သူ့ကို အွန်လိုင်းကနေ ဝေဖန်ပြော
ဆိုရေးသားတာတွေကို သူက ပြန်တုံ့ပြန်လိုက်တဲ့အတွက် မနေ့က ကြာသပတေးနေ့မှာတော့
 ပေါ့ပ်သတင်းစာမျက်နှာတွေမှာ ဒီအကြောင်း ဖော်ပြထားကြ
ပါတယ်။သူ့တုံ့ပြန်ချက် ကတော့.
စင်္ကာပူဟာ လှပတယ်၊ လူနေမှုအဆင့်အတန်းမြင့်မား

တယ်ဆိုတာတွေအတွက် နှစ်
သက်မိပါတယ်၊ သို့သော်လည်း
ဒါဟာ ငွေကြေးတတ်နိုင်တယ်ဆိုတဲ့သူတွေအတွက်ပါပဲ တဲ့။
လစာကောင်းကောင်းရကြတယ် ဆိုသော်ငြား တခြားသော အလုပ်အကိုင် ဥပမာ အနုပညာရှင်လို မျိုးတွေအတွက်တော့ အောင်မြင်ကြီးပွားနိုင်တဲ့အလားအလာ မရှိဘူး လို့လည်း သူက ပြော လိုက် ပါတယ်။
စင်္ကာပူသူ စင်္ကာပူသားတွေဟာ အမြင်ကျဉ်းတယ်၊ ဘာကြောင့်လဲလို့ ဆိုတော့ စာနယ်ဇင်းမီဒီယာ မှာ ဖော်ပြသမျှကို တကယ်ထင် အဟုတ်ထင်နေကြတာကြောင့်ပါ တဲ့။
စင်္ကာပူမှာ ခိုင်းတာပဲ လုပ်ကြတယ်၊ ဖောက်ထွက်စဉ်းစားခြင်းမရှိဘူး၊ တီထွင်ကြံဆမှုမရှိဘူး ဆိုပြီး လည်း သူ ပြောပါတယ်။
စင်္ကာပူမှာ အရည်အချင်း ရှိကြပေမယ့် ဒါကို မမြင်ကြရတာကတော့ စင်္ကာပူရဲ့ပညာရေးစနစ်က တီထွင်ဖန်တီးမှုဖြစ်လာအောင် အားပေးနိုင်ခြင်းမရှိလို့ပါပဲလို့ သူက ပြောပါတယ်။
ဝန်ဆောင်မှုပေးတာလည်း အလုပ်သဘောအရပဲဖြစ်တယ်၊ ဂုဏ်ယူစွာနဲ့ လုပ်ပေးတဲ့ ဝန်ဆောင်မှု မဟုတ်ဘူး၊ ဒါကြောင့် စင်္ကာပူကလူတွေမှာ ပျော်ရွှင်မှု မရှိပါလို့ ဆိုပါတယ်။
သူ့အတွေ့အကြုံအရဆိုရင် စင်္ကာပူတွေဟာ တပါးသူကိုကူညီခြင်းမရှိလို့ လူကောင်းတွေမဟုတ်ဘူး လို့လည်း ပြောပါတယ်။
ဒါတွေကြောင့် ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းလုပ်ခဲ့တဲ့ Razor ရုပ်သံနဲ့ အင်တာဗျူးမှာ သူက စင်္ကာပူနိုင်ငံသားဖြစ်ရတဲ့အတွက် ဂုဏ်မယူဘူးလို့ ပြောလိုက်တာပါ တဲ့။

စလုံး ဖြစ်ရတာ ဘာကြောင့် ဂုဏ်မယူရသလဲ ဆိုပြီး ရှင်းပြထားတာကိုလည်း You Tube မှာ တင် လိုက်ပါတယ်။ ကြည့်ရှုအားပေးသူ အင်မတန်များ၊ ထောက်ခံသူလည်း အင်မတန် များပါ တယ်။

သူ အားကျတာကတော့ တောင်ကိုရီးယား ဖြစ်နေမလား။
နိုင်ငံအများအပြားမှာ စွာနေတဲ့ ကိုရီးယားလှိုင်းထဲ သူရောက်နေတာတော့ သေချာပါတယ်။

ဆိုခဲ့သလိုပဲ သူက စင်္ကာပူအနုပညာလောကရဲ့ကြယ်ပွင့်ငယ်လေးပါ။
ကိုရီးယားပေါ့ပ်သီချင်းပြိုင်ပွဲမှာလည်း ထိပ်ဆုံးအထိ ရောက်ခဲ့သူပါ။

အရှေ့တောင်အာရှနိုင်ငံအများအပြားမှာ Kpop Star Hunt လို့ အမည်ရတဲ့ အစီအစဉ် ရှိနေတာ သုံးနှစ်ကြာပါပြီ။တိုင်ဝမ်၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဟောင်ကောင်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား အစ ရှိ တဲ့နိုင်ငံများမှာ ကျင်းပနေတာပါ။

နိုင်ငံစုံက ဆန်ကာတင်အဆင့် အရွေးခံရသူတွေဟာ တောင်ကိုရီးယားကို သွားပြီးတော့ ပေါ့ဂီတ ဆိုင်ရာ သင်တန်းတွေတက်ခွင့်၊ အနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင်နိုင်ခွင့် အစရှိတဲ့ အခွင့် အရေးတွေရကြမှာပါ။အဲဒီလက်ရွေးစင်တွေကို တောင်ကိုရီးယားမှာပဲ နောက်ဆုံးအဆင့် ရွေးချယ်မှု  ပြုပါတယ်။
နောက်ဆုံးအဆင့် အရွေးခံရသူများ

  • ၂၀၁၁ - Chonnasorn Sajakul     Sorn       - ထိုင်း
  • ၂၀၁၂ - Kawintida Sujindaporn      - ထိုင်း
  • ၂၀၁၃ - Su I Chin     Andy - ထိုင်ဝမ်
သူတို့ ၃ ယောက်စလုံးရဲ့ တူညီချက်ကတော့  အရွေးခံရစဉ်မှာ     အသက်၁၅ နှစ် ဖြစ်နေကြခြင်း ပါပဲ။ပြိုင်ဘက်များထဲမှာသူတို့လိုဆယ်ကျော်သက်များပါဝင်သလိုအသက်၂ဝ တော်တော်လေး   ကျော်နေ သူများကိုလည်း တွေ့ရမှာပါ။
စင်္ကာပူကိုယ်စားပြု အထက်ဖော်ပြပါအမျိုးသမီးငယ်ကတော့  Kpop Star Hunt အပိုင်း ၃ မှာ ထိပ်ဆုံးအနေအထားအထိ ရောက်ရှိခဲ့သူ အောင်မြင်ခဲ့သူဖြစ်ပါတယ်။
အဲဒီလို အောင်မြင်တဲ့သူဆီကနေ  စင်္ကာပူနိုင်ငံသားဖြစ်ရတဲ့အတွက် ဂုဏ်မယူဘူးလို့ ပြောလိုက်တာကြောင့် သူတို့ဆီမှာ ပွဲဆူနေတာပါ။
မြန်မာပြည်သားအများအပြား အားကျကြတဲ့၊ နေထိုင်နေကြတဲ့ စင်္ကာပူကနေ အခုလိုမျိုး ဆူဆူညံညံသံလေး ထွက်လာတာဟာ စိတ်ဝင်စားစရာကောင်းနေပါတော့တယ်။

No comments:

Post a Comment