Saturday, January 18, 2014

နိုင်ငံရေး ပဋိပက္ခကြောင့် ထိုင်းနှင့် မြန်မာ ဗီဇာကင်းလွတ်ခွင့်ရွှေ့ဆိုင်း

ပုဂံ၊ ဇန်နဝါရီ ၁၆
ထိုင်းနိုင်ငံတွင် ဖြစ်ပွားနေသည့်

 နိုင်ငံရေး မတည်ငြိမ်မှုကြောင့် 
ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ဗီဇာ
ကင်းလွတ်ခွင့် အစီအစဉ်ကို
 ရွှေ့ဆိုင်းထားကြောင်း မြန်မာ
 နိုင်ငံခြားရေးဝန်ကြီး
ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။
ပုဂံတွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအကြိုမီဒီယာများနှင့် တွေ့ ဆုံ စဉ် ၎င်းက ထိုသို့ ပြောဆိုခြင်း ဖြစ်ပြီး မည်သည့် အချိန်ထိ ရွှေ့ဆိုင်းထားသည် ကိုမူ ပြောဆိုခြင်း မရှိပေ။
ဗီဇာ ကင်းလွတ်ခွင့် အစီအစဉ်ကို စတင်ရန် အဆင်သင့် ဖြစ်ပြီးဟု ထိုင်းနိုင်ငံ အစိုးရကို အသိပေး ထားသော်လည်း နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ထိုင်းနိုင်ငံအစိုးရက တစ်စုံတစ်ရာ ပြန်လည် အကြောင်းပြန်ခြင်း မရှိသေးကြောင်း ဦးဝဏ္ဏမောင်လွင်က ဆိုသည်။
“လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေကြောင်း အစိုးရပိုင်းမှာ ဆက်လက်ညှိနှိုင်းနေတယ်။ အပြု သဘောဆောင်တဲ့ ရလဒ်ရဖို့ မျှော်လင့်တယ်” ဟု ၎င်းကဆိုသည်။
ထိုင်းအစိုးရကို ဆန့်ကျင်ဆန္ဒပြပြီး အစိုးရရုံးများကို ပိတ်ဆို့ရန် ကြိုးပမ်းနေသော အတိုက်အခံ တို့ကြောင့် ထိုင်းအစိုးရမှာ ဗီဇာကင်းလွတ်ခွင့် ကိစ္စကို လက်မှတ်ထိုးရန် ကြန့်ကြာနေခြင်း ဖြစ်ပြီး စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးအရပါ ကူးလူးဆက်သွယ်မှု အများဆုံးဖြစ်သော ထိုင်းနှင့် မြန် မာ နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့်ရပါက နှစ်နိုင်ငံ ဆက်ဆံရေးတွင် ကြီးမားသော အကျိုးသက်ရောက် မှုများ ဖြစ်လာနိုင်သည်။
ဗီဇာကင်းလွတ်ခွင့်ဖြင့် သွားလာနိုင်ရန် အာဆီယံဒေသတွင်း နိုင်ငံများနှင့် သဘောတူညီမှု ရရှိထားသော်လည်း လက်ရှိတွင် ဖိလစ်ပိုင်၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စသည်တို့နှင့်သာ သွားလာခွင့် ရရှိထားသည်။

No comments:

Post a Comment