Wednesday, January 8, 2014

အသက်စွန့်တိုက်ပွဲဝင်ခဲ့သည့် စစ်သည်များ၏ ကျန်ရစ်သူမိသားစု များအား ထောက်ပံ့ လှူဒါန်း နိုင်ရေး နိုးဆော်


   လဂျားယန်ဒေသ ပွိုင့် ၇၇၁ စခန်းသိမ်းတိုက်ပွဲတွင် တပ်ရင်းမှူးနှင့် အရာရှိ စစ်သည်အများစု ရှိနေသော နေရာသို့ ရန်သူ KIA ၏ လက်ပစ်ဗုံး ၁ လုံး ကျရောက်စဉ် ဒုတပ်ကြပ် အောင်သိမ်းသည် အရာရှိ စစ်သည်များ မထိခိုက်စေရန် အတွက် သူ၏ ခန္ဓာကိုယ်ကို လက်ပစ်ဗုံး ပေါ် ပစ်မှောက်လိုက် ပြီး အားလုံး
အတွက် မြင့်မြတ်လေးစား
ဖွယ်ရာအသက်စွန့်ခဲ့ တဲ့ တပ်မ ၈၈ လက်အောက်ခံ တပ် ရင်းဖြစ်တဲ့ ခြေမြန်တပ်ရင်း (၃၁၇)
 မှ သီဟသူရ တပ်ကြပ် အောင်သိန်း အပါအ၀င် ကျဆုံး စစ်သည် အားလုံးရဲ့ ကျန်ရစ်သူမိ သားစု များ တင့်တင့်တယ်တယ် နေနိုင်ရေး ထောက်ပံ့ပေးအပ်ဖို့ အတွက်
သဒ္ဓါတရား နည်းများမဆို ပါဝင်လှူဒါန်း နိုင်ပါစေရန် နိုးဆော်နေကြောင်း သိရှိရပါသည်။
ဒီလိုလှူဒါန်း နိုင်ရေးအတွက် ဦးဆောင် သူများကတော့ "ရောင်နီဦးနဲ့ မိတ်ဆွေများပရဟိတ အဖွဲ့"ြ ဖစ် တယ်လို့ သိရပြီး ၊ ၎င်း အဖွဲ့ဟာ မြန်မာ နိုင်ငံရဲ့ လိုအပ်နေတဲ့ ဒေသများနဲ့ မျက်စိခွဲစိတ်ကုသဖို့ လိုအပ်နေသူများ၊အရေပြား ရောဂါ ဖြစ်နေတဲ့
ကလေးငယ်များကိုလည်းလတ်တလော  ထောက်ပံ့ပေး  လျှက် ရှိပြီး .. ယခု အလှူကိုလည်း ဆက်လက် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
အလှူငွေကောက်ခံ ခြင်းကိုတော့ မတ်လ ၂၅ နေ့အပြီးပိတ်သိမ်းသွားမှာ ဖြစ်ပြီး..
တပ်မတော်  နေ့  မှာ ကျန်ရစ်သူမိသားစုများကို အလှူငွေကောက်ခံ ရသမျှ ကို အချိုးကြ ဝေငှ ထောက်ပံ့သွားကြ မှာ ဖြစ်တယ်လို့ ၎င်း အဖွဲ့ မှ ထုတ်ပြန်ထားပါတယ်။
ပါဝင် လှူဒါန်း လိုသူများအနေဖြင့် အောက်ဖော်ပြပါ လိပ်စာများကို ဆက်သွယ်လှူဒါန်း နိုင် ပါကြောင်းနိုးဆော် တင်ပြအပ်ပါသည်။



No comments:

Post a Comment