Saturday, January 11, 2014

ထိုင်းစစ်တပ် အာဏာသိမ်းမည်ကို စိုးရိမ်ကြောင်း ယင်းလပ်ပြောကြား

ဇန်န၀ါရီလ ၁၁ရက်၊ ၂၀၁၄ ခုနှစ်
ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ပြုလုပ်မည့် ယင်းလပ် ဆန့်ကျင်သူများ၏ မြို့တော်ဘန်ကောက် ရပ်ဆိုင်းပစ်ရေး ဆန္ဒပြမှုတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပါက ထိုင်းစစ်တပ်မှာ အာဏာသိမ်းမည် ကို စိုးရိမ်သည်ဟု အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ပြောကြားလိုက်ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။
ထိုင်းစစ်တပ်အနေနှင့် ယခုကဲ့သို့ နိုင်ငံရေး ထောက်ခံမှု အမျိုးမျိုးသော ဆန္ဒပြမှုများတွင် အရပ်
သား များ ထိခိုက်မှု မရှိစေရန် တာဝန်အပြည့်ဖြင့် ကာကွယ်သွားမည် ဖြစ်ကြောင်း၊ လာမည့် တန င်္လာနေ့တွင် ပြုလုပ်မည့် မြို့တော်ဘန်ကောက် ရပ်ဆိုင်းပစ်ရေး ဆန္ဒပြမှုတွင်လူတစ်ဦးတစ်ယောက် မျှ ထိခိုက်နာကျင်ခြင်း မရှိစေရန် ထိုင်းစစ်တပ် အနေနှင့် ကိုင်တွယ်သွားမည်ဟု ထိုင်းစစ်တပ် အကြီး အကဲ ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာက ပြောကြားလိုက်သည်။
ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယုဒ်က ယင်းကဲ့သို့ ပြောကြားလိုက်ပြီးနောက် ထိုင်းစစ် တပ် အာဏာသိမ်းမည်ကို စိုးရိမ်ကြောင်း အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်ယင်းလပ်ကထုတ်ဖော် ပြော ကြားခြင်းလည်း ဖြစ်သည်။ထိုင်းစစ်တပ်အနေနှင့် အာဏာသိမ်းနိုင်ခြင်းရှိ မရှိ ခန့်မှန်းချက်များနှင့် ပတ်သက်၍ ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယုဒ်က မကြာခဏ ပယ်ချခဲ့သော် လည်း ပြတ်ပြတ် သားသား ပြောကြားခြင်း မရှိကြောင်း လေ့လာသုံးသပ်သူ အချို့က ပြောသည်။
ထိုင်းစစ်တပ် ခေါင်းဆောင်းပိုင်း အနေဖြင့် ယခင်က အာဏာ သိမ်းခဲ့သည်များမှ သင်ခန်းစာများ ရရှိထားကြောင်း ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယုဒ်က ပြောကြားသည်။
လွန်ခဲ့သော ရက်ပိုင်းအတွင်းက တင့်ကားများ၊ စစ်သားများ ပါဝင်သော ဒါဇင်နှင့်ချီသော ထိုင်းစစ် တပ် တပ်ရင်းများသည် နယ်မှ ဘန်ကောက်မြို့စွန်ရှိ အမှတ် ၁၁ ခြေလျင်တပ်ဖွဲ့သို့ ရောက်ရှိ လာသောကြောင့် ထိုင်းတွင် စစ်တပ် အာဏာသိမ်းမည် ကိစ္စနှင့် ပတ်သက်၍ စိုးရိမ်ခဲ့ရသည်။
သို့သော် ယင်းကဲ့သို့ ဘန်ကောက်သို့ နယ်မှစစ်တပ်များ ရောက်ရှိလာခြင်းမှာ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ကျရောက်သည့် ထိုင်း တပ်မတော်နေ့အတွက် စစ်ရေးပြ အခမ်းအနား ပြုလုပ် ရန် ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ အာဏာသိမ်းမည်ဟူသော ကောလာဟလ များကို အမှတ် ၁ ခြေလျင်တပ်ဖွဲ့ တပ်မှူး ဗိုလ်ချုပ် ဗာရာဘွန်းရာဆစ်က ငြင်းဆိုခဲ့သည်။
ထိုင်းတွင် ယင်းလပ် ဆန့် ကျင်သော အင်အားစုများက ဇန်နဝါရီလ ၁၃ ရက်နေ့တွင် မြို့တော် ဘန်ကောက် ရပ်ဆိုင်းပစ်ရေး ဆန္ဒပြမည် ဖြစ်သကဲ့သို့၊ ထိုင်းမြောက်ပိုင်း ပြည်နယ်များတွင်လည်း ယင်းလပ်ကို ထောက်ခံသော ရှပ်နီများက ဆန္ဒပြကြမည်ကြောင်း ရှပ်နီခေါင်းဆောင် ချက်တူပေါင် ပရွန်ပန်က ပြောကြားသည်။

No comments:

Post a Comment