Wednesday, January 8, 2014

1234


ကိုယ်တွေ့ကြုံမှ ယုံမိတယ်လို့ပဲပြောရတော့မှာပေါ့ခင်ဗျာ ။ကျွန်တော်တွေ့ကြုံခဲ့ဘူးသည့်အခမ်း အနား များတွင်NLD ပါတီရုံးဖွင့်ပွဲနှင့်အလံတင် ၊ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ၊စသည်ကိုသာ ကြားဘူးခဲ့ပါသည် ။ကျွန်တော်၏ မွေးရပ်ဌာနေကိုပြန်ရောက်မှ ပါတီကြီးတစ်ခု၏ ပါတီဝင်အချို့ ပါတီရုံးအားဖျက်သိမ်း ၊ ဆိုင်းဘုတ်ဖြုတ်ပွဲနှင့် ပါတီအလံချ ပွဲ အခမ်းအနားဟူ၍ အံ့သြစွာတွေ့ရှိ
ခဲ့ရပါတော့သည် ထိုသို့ကြားသိခြင်းကြောင့် မိမိနှင့်မဆိုင်သော်လည်းအဘယ့်ကြောင့် ပါတီအလံကိုချ ၊ တင်ထားတဲ့ ဆိုင်းဘုတ်တွေကိုဖြုတ် ၊ ရုံးကိုပါ ပိတ်ပြစ်ကြရသလဲ ? နှစ်ပေါင်းများစွာ ဘ၀ပေါင်းများစွာ အ သက် နဲ့ ဘ၀တွေကိုစတေးပြီး ရဲရင့်တဲ့ ခွပ်ဒေါင်းစိတ်ဓါတ် ၊ ခွပ်ဒေါင်းသွေးစီးမြောနေတဲ့ ပါတီဝင်တွေရဲ့ ယုံကြည်မှုတွေကို ပြိုလဲပျက်စီးသွားအောင် ဘယ်သို့သောအရာကများ စွမ်းဆောင်နိုင်ခဲ့သ လဲ ၊  ဖျက်ဆီးပြစ်နိုင်ခဲ့သလဲဟုသော အတွေးပေါင်းများစွာနှင့်ထိုအခမ်းအနားရှိရာအရပ်သို့သွားရောက် မိပါတော့တယ် ။အလို....မျက်ရည်စတွေနဲ့ ငိုလက်စမျက်နှာတွေ ၊ မိမိတို့ယုံကြည်မှုနှင့်ခံယူချက် ကို အဓမ္မလုယူလို့ အားမတန်မာန်လျော့ အန်စုံကိုတင်းအောင်ခဲ ၀မ်းထဲမှာမြိုသိပ်ထားပေမယ့် နာကြင်ခံခက်နေတဲ့ မျက်နှာတွေ ။မိမိတပ်စခန်းကို နောက်ဆုံးထွက်သက်ထိကာကွယ်တိုက်ကြပြီး အင်အားခြင်းမမျှလွန်းလို့ရန်သူ့လက် ၀ကွက်အပ်လိုက်ရတဲ့ ရင်နာခြင်းမျိုးတွေနဲ့ အရောင် အသွေးစုံ ၊ ခံစားချက်စုံလင်လှတဲ့ ပါတီဝင်တွေရဲ့ ခံစားချက်များ ကျွန်တော့်ရင်ကိုပါ ကူးစက်လာ ပါတယ် ။ " အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အလံတော်အား ကျွန်ုပ်တို့နောက်ဆုံးအလေးပြုကြပါစို့ " ဆို့နင့်ကြေကွဲစွာ အော်ဟစ်သတိပေးလိုက်ပေမယ့် ၊ မာနတရားတွေနဲ့ပြည့်နှက်နေတဲ့အသံပိုင်ရှင် ၊ အမှန်တရားနဲ့ ဂုဏ်သိက္ခာအတွက်လွန်ဆွဲပွဲမှာ မိမိရဲ့ရဲဘော်ရဲဘက်များအပေါ် နောက် ဆုံးအ ချိန်ထိ သြဇာလွှမ်းမိုးနိုင်သေးသောအသံပိုင်ရှင် ၊ထိုအသံရှင်ဟာ ဇရာရဲ့ဖိစီးမှုကြောင့်လား ၊ လော ကဓံရဲ့အလှည့်အပြောင်းဒဏ်တွေကိုခံရဖန်များလို့လား ခေါင်းအနှံ့ဆံပင်ဖြူတွေကြီးပါလား ။"""ဗဟိုကော်မတီ အဖွဲ့ဝင်အချို့အတွက် မေတ္တာပို့ဖြစ်ပါတယ် """ဦးဆောင်သူအသံရှင်ရဲ့ ရင်တစ်ခုလုံးမှလျှံကြလာတဲ့မေတ္တာပို့ထင်ပါတယ်...သူ့ဦးဆောင်မှုအောက်မှာ လိုက်ပြီးဆိုလိုက်ကြ တဲ့ အသံတွေကိုသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီတွေသာ ကြားမယ်ဆိုရင်.....
*စက္ခုအာရုဏ် ၊ နှစ်ဖက်စုံ ၊အကုန်မြင်ပါစေ ။
*သောတအာရုဏ် ၊ နားအစုံ ၊အကုန်ကြားပါစေ ။
*ဂဏန်း၊ ပုတ်သင်၊ ကိုင်းပင် ၊ လိပ်မျိုး ၊ နွားသိုး ၊ခွေးအ ဤ ခြောက်ဝ ကင်းပကြပါစေ ။

မေတ္တာပို့သံတွေ ပြီးဆုံးလို့ အလံချအခန်းအနား ...ရှုံးနိမ့်ခြင်းကြောင့်လား ၊ အမှန်တရားနဲ့ဂုဏ် သိက္ခာကိုကာကွယ်ရင်း မချိတင်ကဲခံစားမှုကြောင့် အပြီးတိုင်မျက်ကွယ်ပြုကြတာလား ၊သံရှည် ဆွဲ ခယာသံအောက်မှာ တအိအိပြိုကျလာတဲ့ ခွပ်ဒေါင်းအလံ ၊ မျက်ရည်တွေကြားကနောက်ဆံတင်းနေ တဲ့ သံယောဇဉ်ကို အပြီးတိုင်စွန့်ခွါနေကြတဲ့ မာနတရားတွေ ၊ ထိုအရာတွေအားလုံးနဲ့အတူ ဘယ် အချိန်က ကျလာမှန်းမသိတဲ့ ကျွန်တော့်ရဲ့မျက်ရည်တစ်စက် ၊ အော်....သူတို့ခမျာတွေအတွက် အရှုံးဆိုတာဖြစ်နေရင်တောင် ခန်းနားထည်ဝါပြီးဂုဏ်သိက္ခာပြည့်နှက်နေတဲ့အခမ်းနားပါ လား ။
ညီသုတ(ပြည်)

No comments:

Post a Comment