Monday, January 6, 2014

Photo: Eleven Media CEO
ဒေါက်တာ သန်းထွဋ်အောင် သို့ 

ဒါရိုက်တာ မိုက်တီးရဲ့ 
အိပ် မ ပါ ပဲ ပေး တဲ့ စာ
-----------------

ရွှေကလောင်ရှင်သတင်းစာဆရာကြီးတယောက်ကို ဒီလောက်ထိ ရှင်းပြနေရတာကြီးကျတော့လဲ တယ်တော့ နိပ်ဘူးဗျ ၊ ဒီလောက်တောင် အကောင်းစား တွေလုပ်ဆောင်လာခဲ့ပြီးတော့မှဗျာ .... ပညာရှိသတိဖြစ်ခဲလို့ ပဲ ပြောရအောင်ကျပြန်တော့လည်း ပေကပ်ပြီး ဇွတ် ဆက်ငြင်းနေပြန် သေးတာလေ ၊ လူပဲဗျာ- တချိန်တခါမှာ တကြိမ်တခါလောက်မှားတာပဲ - စာတကြောင်းလောက် ပြောလိုက်ရုံနဲ့တင်ပြီးတာပါ၊ ပေကပ်ပြီးဆက်ငြင်းနေတာကြီးကျမှသာ တောက်လျှောက်ဆက်တိုက် ဖါ မဆုံးတော့ပဲ န ဝ တ တဖြစ်လဲလို ရှေ့မတက်ပဲ ငုတ်တုပ် မတ်တပ် လဲရတော့မှာ ၊

သိပ်ရှင်းနေတာပါဗျာ ၊

ဒေါက်တာ သန်းထွဋ်အောင် အနေနဲ့ ရုပ်ရှင်အနုပညာ အကြောင်းကို ကျွန်တော့လောက် သိစရာမလိုသလို ၊ ကျွန်တော် ဒါရိုက်တာမိုက်တီးအနေနဲ့ကလည်း သတင်းစာဆရာ တယောက်ရဲ့ကျင့်ဝတ်တွေ စည်းကမ်းတွေကို ဒေါက်တာသန်းထွဋ်အောင်လောက်သိစရာအကြောင်းကိုမရှိဘူးလေ ၊ အဲဒီကျွန်တော့်ရဲ့မသိမှူ့ ကျွန်တော်နဲ့မဆိုင်မှူ့အတွက် သတင်းမီဒီယာတခုမှာ ကျွန်တော့်ရဲ့ထင်မြင်ယူဆချက်ကို မှားမှားမှန်မှန် လက်လွတ်စပါယ် ရေးလို့ ပြောလို့ ရသလို ၊ ဒေါက်တာ သန်းထွဋ်အောင် ကျ ခုန ကျွန်တော်ပြောသလို လျှောက်ပြောလို့ဖြစ်ပါ့မလား ၊

အခုလည်း ဒီလိုပဲပေါ့ဗျ ၊ 
ကိုသန်းထွဋ်အောင်က သမ္မတ အကြောင်းမသိတဲ့သူလေ၊ သမ္မတလည်းမလုပ်မဲ့ သမ္မတလည်းမဖြစ်နိုင်မဲ့သူ ၊ အဲဒီတော့ - 
သမ္မတလည်းဖြစ်နိုင်မဲ့၊ သမ္မတလည်းလုပ်မဲ့၊ သမ္မတအကြောင်းလည်းသိတဲ့ ဒေါ်စု ကျတော့ ခင်ဗျားပြောသလို လက်လွတ်စပါယ်ပြောလို့ ဖြစ်ပါ့မလား ၊ 
လောဘ ဒေါသလေး နဲနဲလျှော့ပါ ကိုသန်းထွဋ်အောင် ၊

ပြီးတော့လဲ နောက်ထပ်တခုက ဆရာလည်းသိတဲ့အတိုင်း ရွေးကောက်ပွဲနိုင်ပြီး သမ္မတဖြစ်ခဲ့ရင် လို့သာ မေးခွန်းထုတ်ခဲ့ပေမဲ့ အဲဒီဖြစ်ဖို့အတွက်ဆိုတာတောင် ပုဒ်မတွေနဲ့ နဘန်းသတ်နေရတုန်းမဟုတ်လား၊ နောက်- ကဲ ရပါပြီတဲ့ ရွေးကောက်ပွဲမှာကကော ချောချောမောမော မှန်မှန်ကန်ကန် အောင်ပွဲခံနိုင်ကြမယ်.. လို့ ဆရာ(ဒေါက်တာ) အာမခံနိုင်လို့လား ၊ 
ဒါဆို အဲဒီလောက်မှမသေချာတဲ့ ဒီသမ္မတ သာဖြစ်ရင် ဆိုတဲ့ အမေး အဖြေ ကြီးက အဓိပ္ပါယ်မဲ့ကြီးဖြစ်မနေဘူးလား ၊
စဉ်းစားကြည့်လေ- 
ကဲ အခု ဒေါ်စု က ပြောလိုက်ပါပြီတဲ့ ပြည်သူတွေအတွက်လောလောလတ်လတ် အကောင်အထည်ဖေါ်ပြလို့ရမဲ့အကျိုးအမြတ်က ဘာတွေရလာမှာမိုလို့လဲ ၊ မဲဆွယ်ရုံအတွက် သက်သက်လောက်အပြင် တိုက်ရိုက်ထိခိုက်နစ်နာသွားသူတွေရဲ့ ထိုးနှက်ချက်တွေကလည်းဘယ်အတိုင်းအတာထိအောင်ပြည်သူ့အစိုးရဖြစ်လာဖို့ကို အဟန့်အတားဖြစ်စေအုံးမလဲမသိနိုင်ပြန်ဘူးလေ ၊

ကဲ - 
ဘယ်ဘက်ကတွက်တွက် ဘာအကျိုးမှမထွက်တဲ့အပြင် အကျိုးပျက်ဖို့ကိုတောင် ထည့်တွက်နေရမဲ့ ဒီအဖြေအတွက် ကျွန်တော်ထပ်ရှင်းစရာမလိုလောက်တော့ဘူးထင်တာပါပဲဆရာ ။

အားတော့နာပါတယ်ဗျာ ၊ ဒါပေမဲ့
သြဇာကြီးလှတဲ့ ကျွန်တော်အကြိုက်ဆုံး Eleven Media ရဲ့ ၊ အမြဲတမ်းဖြောင့်မတ်မှန်ကန်စွာ ဝေဖန်ပိုင်းခြားနိုင်လေ့ရှိတဲ့ အကို့ရဲ့ သုံးသပ်ချက်အပေါ် နားလည်မှူ့လွဲမှားသံသယတွေဝင်သွားနိုင်မဲ့ ပြည်သူပြည်သားတွေအတွက် မကောင်းတဲ့ အကျိုးဆက်များ ခံစားသွားရစေနိုင်ခြင်းငှာ - 
နောင် ဆရာ့ အပေါ် သမိုင်းတရားခံမဖြစ်ရစေရန်နှင့် - ....... နောက် .....

ကျွန်တော်တို့မှာကလည်း ...
ဒီ တယောက်အပြင် - 
နောက်ထပ်. . . 

. . . .
ဘယ်တယောက်များထပ်ရှိပါသေးလို့တုန်းဆရာ ။

မည်သည့်ပါတီဝင်မှလည်းမဟုတ်ပါ ၊ နိုင်ငံရေးသမားလည်းမဟုတ်ပါ ၊ ရုပ်ရှင်ပဲရိုက်တတ်သည့် မိုက်တီး သာဖြစ်ပါသည် ။

[ ဤစာအား မည်သည့် မီဒီယာမှ မဆို အခမဲ့ ဖြန့်ချိခွင့်ပြုကြောင်း ]
Powered by >> www.myanmarcutegirl.com <<Eleven Media CEO
ဒေါက်တာ သန်းထွဋ်အောင် သို့

ဒါရိုက်တာ မိုက်တီးရဲ့
အိပ် မ ပါ ပဲ ပေး တဲ့ စာ
-----------------
ရွှေကလောင်ရှင်သတင်းစာဆရာကြီးတယောက်ကို ဒီလောက်  ထိ ရှင်းပြနေရတာကြီးကျတော့လဲ တယ်တော့ နိပ်ဘူးဗျ ၊ ဒီလောက်တောင် အကောင်းစား တွေလုပ်ဆောင် လာခဲ့ပြီးတော့မှဗျာ .... ပညာရှိသတိဖြစ်ခဲလို့ ပဲ ပြောရအောင်ကျပြန်တော့လည်း ပေကပ်ပြီး ဇွတ် ဆက်ငြင်းနေပြန် သေးတာလေ ၊ လူပဲဗျာ- တချိန်တခါမှာ တကြိမ်တခါလောက်မှားတာပဲ - စာတကြောင်းလောက် ပြော လိုက်ရုံနဲ့တင်ပြီးတာပါ၊  ပေကပ်ပြီးဆက်ငြင်းနေ တာကြီးကျမှ သာ တောက်လျှောက်ဆက်တိုက် ဖါ မဆုံးတော့ပဲ န ဝ တ တဖြစ်လဲလို ရှေ့မတက်ပဲ ငုတ်တုပ် မတ်တပ် လဲရတော့မှာ ၊

သိပ်ရှင်းနေတာပါဗျာ ၊

ဒေါက်တာ သန်းထွဋ်အောင် အနေနဲ့ ရုပ်ရှင်အနုပညာ အကြောင်းကို ကျွန်တော့လောက် သိစရာမလိုသလို ၊ ကျွန်တော် ဒါရိုက်တာမိုက်တီးအနေနဲ့ကလည်း သတင်းစာဆရာ တယောက်ရဲ့ကျင့်ဝတ်တွေ စည်းကမ်းတွေကို ဒေါက်တာသန်းထွဋ်အောင်လောက်သိစရာအကြောင်းကိုမရှိဘူးလေ ၊ အဲဒီကျွန်တော့်ရဲ့မသိမှူ့ ကျွန်တော်နဲ့မဆိုင်မှူ့အတွက် သတင်းမီဒီယာတခုမှာ ကျွန်တော့်ရဲ့ထင်မြင်ယူဆချက်ကို မှားမှားမှန်မှန် လက်လွတ်စပါယ် ရေးလို့ ပြောလို့ ရသလို ၊ ဒေါက်တာ သန်းထွဋ်အောင် ကျ ခုန ကျွန်တော်ပြောသလို လျှောက်ပြောလို့ဖြစ်ပါ့မလား ၊

အခုလည်း ဒီလိုပဲပေါ့ဗျ ၊
ကိုသန်းထွဋ်အောင်က သမ္မတ အကြောင်းမသိတဲ့သူလေ၊ သမ္မတလည်းမလုပ်မဲ့ သမ္မတလည်းမဖြစ်နိုင်မဲ့သူ ၊ အဲဒီတော့ -
သမ္မတလည်းဖြစ်နိုင်မဲ့၊ သမ္မတလည်းလုပ်မဲ့၊ သမ္မတအကြောင်းလည်းသိတဲ့ ဒေါ်စု ကျတော့ ခင်ဗျားပြောသလို လက်လွတ်စပါယ်ပြောလို့ ဖြစ်ပါ့မလား ၊
လောဘ ဒေါသလေး နဲနဲလျှော့ပါ ကိုသန်းထွဋ်အောင် ၊

ပြီးတော့လဲ နောက်ထပ်တခုက ဆရာလည်းသိတဲ့အတိုင်း ရွေးကောက်ပွဲနိုင်ပြီး သမ္မတဖြစ်ခဲ့ရင် လို့သာ မေးခွန်းထုတ်ခဲ့ပေမဲ့ အဲဒီဖြစ်ဖို့အတွက်ဆိုတာတောင် ပုဒ်မတွေနဲ့ နဘန်းသတ်နေရတုန်းမဟုတ်လား၊ နောက်- ကဲ ရပါပြီတဲ့ ရွေးကောက်ပွဲမှာကကော ချောချောမောမော မှန်မှန်ကန်ကန် အောင်ပွဲခံနိုင်ကြမယ်.. လို့ ဆရာ(ဒေါက်တာ) အာမခံနိုင်လို့လား ၊
ဒါဆို အဲဒီလောက်မှမသေချာတဲ့ ဒီသမ္မတ သာဖြစ်ရင် ဆိုတဲ့ အမေး အဖြေ ကြီးက အဓိပ္ပါယ်မဲ့ကြီးဖြစ်မနေဘူးလား ၊
စဉ်းစားကြည့်လေ-
ကဲ အခု ဒေါ်စု က ပြောလိုက်ပါပြီတဲ့ ပြည်သူတွေအတွက်လောလောလတ်လတ် အကောင်အထည်ဖေါ်ပြလို့ရမဲ့အကျိုးအမြတ်က ဘာတွေရလာမှာမိုလို့လဲ ၊ မဲဆွယ်ရုံအတွက် သက်သက်လောက်အပြင် တိုက်ရိုက်ထိခိုက်နစ်နာသွားသူတွေရဲ့ ထိုးနှက်ချက်တွေကလည်းဘယ်အတိုင်းအတာထိအောင်ပြည်သူ့အစိုးရဖြစ်လာဖို့ကို အဟန့်အတားဖြစ်စေအုံးမလဲမသိနိုင်ပြန်ဘူးလေ ၊

ကဲ -
ဘယ်ဘက်ကတွက်တွက် ဘာအကျိုးမှမထွက်တဲ့အပြင် အကျိုးပျက်ဖို့ကိုတောင် ထည့်တွက်နေရမဲ့ ဒီအဖြေအတွက် ကျွန်တော်ထပ်ရှင်းစရာမလိုလောက်တော့ဘူးထင်တာပါပဲဆရာ ။

အားတော့နာပါတယ်ဗျာ ၊ ဒါပေမဲ့
သြဇာကြီးလှတဲ့ ကျွန်တော်အကြိုက်ဆုံး Eleven Media ရဲ့ ၊ အမြဲတမ်းဖြောင့်မတ်မှန်ကန်စွာ ဝေဖန်ပိုင်းခြားနိုင်လေ့ရှိတဲ့ အကို့ရဲ့ သုံးသပ်ချက်အပေါ် နားလည်မှူ့လွဲမှားသံသယတွေဝင်သွားနိုင်မဲ့ ပြည်သူပြည်သားတွေအတွက် မကောင်းတဲ့ အကျိုးဆက်များ ခံစားသွားရစေနိုင်ခြင်းငှာ -
နောင် ဆရာ့ အပေါ် သမိုင်းတရားခံမဖြစ်ရစေရန်နှင့် - ....... နောက် .....

ကျွန်တော်တို့မှာကလည်း ...
ဒီ တယောက်အပြင် -
နောက်ထပ်. . .

. . . .
ဘယ်တယောက်များထပ်ရှိပါသေးလို့တုန်းဆရာ ။

မည်သည့်ပါတီဝင်မှလည်းမဟုတ်ပါ ၊ နိုင်ငံရေးသမားလည်းမဟုတ်ပါ ၊ ရုပ်ရှင်ပဲရိုက်တတ်သည့် မိုက်တီး သာဖြစ်ပါသည် ။

[ ဤစာအား မည်သည့် မီဒီယာမှ မဆို အခမဲ့ ဖြန့်ချိခွင့်ပြုကြောင်း ]
Powered by >> www.myanmarcutegirl.com <<

No comments:

Post a Comment