Wednesday, January 8, 2014

ဆီးဂိမ်းမှာ ရင်ကွဲပက်လက် နာကျင်ခဲ့ရတဲ့ မြန်မာဘောလုံးချစ်ပရိတ်သတ်ကြီး အတွက် ဖြေဆေးတစ်ခွက်(သို့မဟုတ်) အာရှဖလားဝင်ကန်မည့် အာဆီယံဒေသမှ တစ်ခုတည်းသောအသင်း မြန်မာ

လာမည့် ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် စတင်ကျင်းပ တော့ မည့် AFC ယူ-၂၂ ချန်ပီယံရှစ် ပြိုင်ပွဲကား ၂၀၁၄ ခုနှစ် အတွက် မြန်မာ့ဘောလုံး
 လော က ၏ ခန်းဆီး လိုက်ကာကို ဖွင့်လှစ် လိုက်ခြင်းပင် ဖြစ်သည်။ အာရှ ယူ၂၂ ပြိုင်ပွဲသည် ယခုနှစ်မှ စတင် ကျင်းပသည့် ပြိုင်ပွဲဖြစ် သလို မြန်မာ ယူ၂၂ အသင်း အနေဖြင့်လည်း ပထမဆုံး အကြိမ် အဖြစ် အာရှ ဘောလုံး စင်မြင့်ပေါ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ဒီပြိုင်ပွဲတွင် အာဆီယံ ဒေ သ မှ မြန်မာ အသင်း တစ်သင်းသာ ခြေစစ်ပွဲ အောင်ခဲ့ပြီး တောင်ကိုရီးယား၊ ဂျပန်၊ သြစတြေး လျ၊  ဆော်ဒီ၊ အီရန် စသည့်အသင်းများ ကြီး စိုးနေသည့် အဆင့်သို့ ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။ ခြေစစ်ပွဲအဆင့် ကျော်ဖြတ်မြန်မာယူ-၂၂ အသင်းသည် ပြီးခဲ့သည့် ဇူလိုင်လက အေအက်ဖ်စီ ယူ-၂၂ ခြေစစ်ပွဲ အဆင့် အုပ်စု (G) တွင် အာဆီယံ ထိပ်သီး အသင်းများဖြစ်သည့် မလေးရှား၊ ဗီယက်နမ် တို့နှင့်အတူ ဖိလစ်ပိုင်၊ တရုတ် (တိုင်ပေ)နှင့် အာရှ အင်အားကြီး တောင်ကိုရီးယား အသင်းတို့နှင့် တစ်အုပ်စုတည်း ပါဝင်ခဲ့ပြီး အုပ်စု ပွဲစဉ်များ အပြီး၌ ဒေသတွင်းပြိုင်ဘက် အသင်းများဖြစ်သည့် မလေးရှား၊ ဗီယက်နမ် အသင်းများ ကို ဖြတ်ကျော်ပြီး နာမည်ကြီး တောင်ကိုရီးယား အသင်းနှင့်အတူ အုပ်စုဒုတိယဖြင့် ပြိုင်ပွဲ နောက် ဆုံးအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာယူ-၂၂ အသင်း၏ ခြေစစ်ပွဲ ရလဒ်များ ကို ပြန်လည် စောင်းငဲ့ကြည်မည့် ဆိုလျှင် တောင် ကိုးရီးယားအသင်းကို ၀-၀ ဖြင့် သရေကျခဲ့သည့် ပွဲကလွဲ၍ ဖိလစ်ပိုင် အသင်းကို ၅-၁၊ တရုတ်(တိုင်ပေ) အသင်းကို ၆-၂၊ မလေးရှားအသင်းကို ၂-၁၊ ဗီယက်နမ် အသင်းကို ၃-၁ ဖြင့် အနိုင်ရရှိပြီး အာရှထိပ်သီး တောင်ကိုရီးယား အသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက် ကွာဟမှုအနိမ့်ဖြင့် နောက်ဆုံး အဆင့်ပြိုင်ပွဲများသို့ တက်ရောက်နိုင်ခဲ့ ခြင်းဖြစ် ပြီး မိမိ ပရိသတ်များ အတွက် အကောင်းဆုံး ပျော်ရွှင်မှု ပေးနိုင်ခဲ့သည်။
ဂျာမနီ နည်းပြ ဂတ်ဆီဇီနှင့် မြန်မာ ယူ၂၂
AFCယူ-၂၂ နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ မြန်မာယူ၁၉အသင်းကို အောင်မြင်မှုရရန်စွမ်းဆောင်ပေး   နိုင်ခဲ့ သည့် နည်းပြချုပ် ဂျာမန်လူမျိုး မစ္စတာဂတ်ဆီဇီ၏ ဦးဆောင်မှုဖြင့် သွားရောက် ယှဉ်ပြိုင် မည်ဖြစ် သည်။ အသင်း အုပ်ချုပ်သူနှင့် နည်းပြ နေရာတို့အတွက် မြန်မာ့ဘောလုံး ငွေခေတ် လက်ရွေး စင် ဟောင်းများဖြစ်သည့် ဦးသန်းတိုးအောင်နှင့် ဦးကြည်လွင်တို့အား ခန့်အပ် တာဝန်ပေး ခဲ့ပါ သည်။ မြန်မာယူ-၂၂ အသင်းသည် ယူ-၁၉ အသင်းမှ ကစားသမားများကို အဓိက အခြေပြုပြီး ဆီး ဂိမ်းပြိုင်ပွဲဝင် ကစားသမားအချို့နှင့် ၀န်းရံ အင်အား ဖြည့်တင်းကာ အိုမန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၄ အေအက်ဖ်စီယူ-၂၂ ပြိုင်ပွဲအား ၀င်ရောက် ယှဉ်ပြိုင် သွားမည်ဖြစ်သည်။

နည်းပြ ဂတ်ဆီဇီမှာ မြန်မာ့ လက်ရွေးစင် ယူ၁၉ အသင်းကို ကာလရှည် ကိုင်တွယ်ခဲ့သူ ဖြစ် ပြီး မြန် မာ ကစားသမား၊ မြန်မာ့ ဘောလုံးနှင့် ရင်းနှီးကျွမ်းဝင် ပြီးသားလည်း ဖြစ်သည်။ ပတ်ဆောင်ဟွာ မရှိတော့သည့် နောက်ပိုင်း အချိန်တို အတွင်း နည်းပြသစ် ခန့်အပ် တာဝန်ပေးရန်မှာ လွယ်ကူသည့် ကိစ္စမဟုတ်ပေ။ မြန်မာ ဘောလုံးသမား များနှင့် ထိတွေ့မှု လုံးဝ အားနည်းမည် ဖြစ်သလို ရက်ပိုင်း အတွင်း နည်းပြသစ် ရှာရန်မှာလည်း လွန်စွာ ခက်ခဲလွန်းသည်။ ပြည်တွင်း နည်းပြခန့်အပ်ရန် မှာ လည်း AFC ၏နည်းပြ လိုင်စင် သက်မှတ်ချက်ကြောင့် မဖြစ်နိုင်။ ထိုအချိန်တွင် ယူ ၂၂ အသင်း အ တွက် အသင့်တော်ဆုံးမှာ လက်ရှိ ယူ၁၉ အသင်းနည်းပြ ဂတ်ဆီဇီ ပင်ဖြစ်လာခဲ့သည်။

အားလုံး သိထားပြီး ဖြစ်သည့်အတိုင်း ဂတ်ဆီဇီ ရောက်ရှိလာသည့် ၂၀၁၁ ခုနှစ်တွင် မြန်မာ ယူ၁၉ အသင်း BIDC ဖလား ရရှိခဲ့သည်။ ယင်းနောက် ၂၀၁၃ BIDC ဖလားတွင် ဆီးဂိမ်းစ် လာကစားမည့် မလေးရှား၊ ဗီယက်နမ် တို့ကို အနိုင်ယူကာ ဗိုလ်လုပွဲ တွင်မှ ထိုင်း ယူ၂၃ ကို အရေးနိမ့်ပြီး မြန်မာ ယူ၁၉ တို့ ဒုတိယဆု ရရှိခဲ့သည်။ ဂတ်ဆီဇီ နှင့် ယူ ၁၉ အသင်း လက်တွဲပြိုင်ပွဲ ၀င်ခဲ့သည့် MNL 2 လိဂ်ပြိုင်ပွဲ၊ တရုတ်ဖိတ်ခေါ် ပြိုင်ပွဲ၊ ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲ၊ အာဆီယံ ယူ၁၉ ချန်ပီယံရှစ် ပြိုင်ပွဲ များ ကြောင့် ယူ၁၉ ကစားသမား အချို့ ထင်ပေါ်လာခဲ့သလို နည်းပြ ဂတ်ဆီဇီ သည်လည်း အများ ၏ ယုံကြည်အားကိုးမှု ကိုရရှိခဲ့သည်။ ယခု ယူ၂၂ အသင်းကိုတာဝန်ယူပြီးအိုမန်သို့သွားမည်ဆိုတော့  ဂတ်ဆီဇီ နှင့် သူ၏ ရဲဘော်များ စွမ်းဆောင်မှုကို စောင့်ကြည့်ရမည်မှာ စိတ်ဝင်စား စရာပင်ဖြစ် သည်။
ဖိအား သုည
တကယ်တော့ ဂတ်ဆီဇီနှင့် ကစားသမားများ ကံကောင်းပါသည်။ အဘယ်ကြောင့် ဆိုလျင် ဖိအား တစ်စုံတစ်ရာမျှ မရှိပဲ ပြိုင်ပွဲဝင်ရမည့် အသင်းဖြစ်သော ကြောင့်ပင်ဖြစ်သည်။ မြန်မာ့ ဘော လုံး လောက တစ်လျှောက်လုံး ဖိအားလုံးဝ မရှိသော အသင်းလည်း ဖြစ်ပါလိမ့်မည်။ ကျွန်တော်တို့ ယူ၂၂ အသင်း၏ အမြင့်ဆုံး မျှော်လင့်ချက်မှာ အာရှအဆင့်သို့ တက်ရောက် ကစားခွင့် ရရှိရေး (၀ါ) ယူ ၂၂ ခြေစစ်ပွဲ အောင်မြင်ရေး ပင်ဖြစ်သည်။ ယခု ကျွန်တော်တို့ ခြေစစ်ပွဲ အောင်ပြီး ဖိုင်နယ် အဆင့်သို့ ကစားခွင့် ရရှိနေပြီ ဖြစ်သည်။ ဒီအဆင့်တွင် အာရှ ထိပ်သီးများ နှင့်မြန်မာ ယူ၂၂ တို့ က စားရမည် ဖြစ်ရာ ကျွန်တော်တို့ ယူ၂၂ ချန်ပီယံဖြစ်ရေး၊ ဗိုလ်လုပွဲ တက်ရေး၊ ဆီမီး၊ ကွာတား စသြ ဖင့် ပစ်မှတ်ကြီးများ ထား၍ မျှော်လင့်သင့်ပါ သလော။ထိုသို့ မျှော်လင့်ထားကြလျင်ဖြင့်ဂတ်ဆီဇီနှင့်  အဖွဲ့သားများ မဟာ ဖိအားကြီးနှင့် ရင်ဆိုင်ရပေ လိမ့်မည်။
တကယ်မျှော်လင့် ထားတာက
သို့သော် ပွဲတိုင်းကို အရှုံးပေးဖို့ မြန်မာ ယူ၂၂ အသင်း သွားရောက် ယှဉ်ပြိုင်ခြင်းကား မဟုတ်ပေ။ ကျွန်တော်တို့ အသင်း အကောင်းဆုံး ကစားမည်၊ ရလဒ်ကောင်းအောင် ကြိုးစားမည်။ အင်အားကြီး အသင်းများကို မနိုင်ရင် သော်မှ သရေ ရလဒ်အတွက် ရုန်းကန်မည်၊ သရေပင် မရနိုင်သော်ငြား ဂိုးပြတ်တော့ မရှုံးစေရ။ ဒါက ဖြစ်နိုင်ချေ ရှိသည်ကိုသာ မျှော်လင့်ခြင်း ဖြစ်ပါသည်။ သည့်အတွက် လည်း ပြိုင်ပွဲ ကျင်းပရာ အိုမန်သို့ မထွက်ခွာမီ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင်ခြေစမ်း လေ့ ကျင့်နေခြင်း ဖြစ်ပါသည်။ သည်ပြိုင်ပွဲမှ တကယ်မျှော်လင့်သည့် အကျိုးအမြတ် ကတော့ ကျွန်တော် တို့ကစားသမားတွေ နိုင်ငံတကာ အတွေ့အကြုံ ရှိရေး၊ အာရှထိပ်သီး အသင်းများနှင့် ရင်ဆိုင် က စားသည့် ပွဲအတွေ့ အကြုံ ရှိရေး၊ ထိုအတွေ့အကြုံ များမှတဖန် အနာဂတ် မြန်မာ့ လက်ရွေးစင် အသင်းအား အထောက်ကူ ပြုနိုင်ရေး ပင်ဖြစ်သည် မဟုတ်လော။ ဒီထက်ပို၍ ကျွန်တော်တို့ ဘာ များ   မျှော်မှန်း နိုင်မည်နည်း။ သို့သော် မထင်မှတ်တာတွေ ဖြစ်တတ်သည့် ဘောလုံး၏ မျိုးရိုး ဗီဇ အရ မျှော်လင့်မထားသည့် အဆင့်တစ်ခု ရခဲ့လျင်၊ အသင်းကြီး အချို့ကို အနိုင်ရခဲ့ ရင်လည်း မျှော် လင့်ချက် အတိုင်းထက် အလွန်ဟုသာ ဆိုရပေတော့မည်။

ဘာပဲဖြစ်ဖြစ် အာရှ ယူ၂၂ ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်သည့် အတွက် မြန်မာ့ ဘောလုံးလောက၏ ဂုဏ်သိက္ခာတစ်ခု ကတော့ အာရှ အဆင့်သို့ လှမ်းနိုင်ခဲ့သည် ဟူ၍သာ ဖြစ်သည်။ ထို့အတွက် လူငယ် ကစားသမား ကောင်းများ မွေးထုတ် ပေးခဲ့သည့် ကလပ်အသင်းများ ငွေကုန်ရကျိုး နပ်ခဲ့သလို၊ အကယ်ဒမီများ တည်ထောင်ရကျိုးလည်း နပ်ခဲ့သည်။ ကျေနပ်စရာ ဖြစ်သည်။ အဖွဲ့ချုပ်၊ ကလပ် များ၊ စပွန်ဆာများ၊ မီဒီယာများနှင့် ပရိသတ်များ အားလုံး ပါဝင်နေသည့် မြန်မာ့ ဘောလုံး ယန္တရား ကြီး အတူတကွ ပူးပေါင်း ဆောင်ရွက်ကြရင်း သည့်ထက်မက ကျေနပ်စရာ ကောင်းသော နေ့တွေ လည်း ရောက်ရှိလာဦးမည် ဟုယုံကြည်ပါသည်။

By အာကာချို

No comments:

Post a Comment