Friday, January 3, 2014

လူတစ်ဦး သမ္မတဖြစ်ဖို့အတွက် သန်း (၆၀) ရဲ့ အနာဂါတ် နဲ့ လဲရမှာလား

 လက်ရှိအနေအထားမှာ ဒေါ်စုအတွက် အဟန့်အတားဖြစ်စေ တယ်ဆိုတဲ့ အခြေခံဥပဒေ ၅၉ (စ)လုံးကို ဖြေလျော့ပေးဖို့ သဘောတူ လိုက်ပြီ ဖြစ်ပါတယ်။ ဒါဆို ဆက်ဖြစ်လာမယ့် သဘောတရားတွေ က ဒေါ်စုသား ၂ ယောက်ဟာ မြန်မာ နိုင်ငံ သား ခံယူရပါတယ်။ ဒါဆိုရင်တော့ သမ္မတဖြစ်ဖို့ သေချာ သလောက် ရှိတဲ့ ရာခိုင်နှုန်းဖြစ်နေ ပါပြီ။ ဒါပေသိ ပြောစရာရှိ တာက ဒေါ်စုဟာ သားနှစ်ယောက်လုံး ကို မြန်မာနိုင်ငံသား ခံယူဖို့ စည်းရုံးနိုင်ပါ့မလားဆိုတာ ဟာ သော့ ချက်ဖြစ် လာပြန်ပါတယ်။ သားအငယ်ကောင် ကို စည်းရုံးလို့ ရနိုင်ပေမယ့် သားအကြီးဆုံး ဖြစ်တဲ့ တစ်ယောက်ကိုတော့စည်းရုံးဖို့ မလွယ်လောက်ဘူးလို့ သိရပါတယ်။ဘာကြောင့်လဲဆိုတော့ ဒေါ်စု သားအကြီးက ဒေါ်စု ပြည်ပ ကို ချောင်းပေါက်မတတ် သွားတိုင်း တစ်ခါမှ လာမတွေ့ခဲ့ပါဘူး။သူ့မိသားစုနဲ့ အတူ အခြေတကျ ဖြစ်နေတဲ့ အပြင် ဒေါ်စုကိုပါ မိဘ တစ်ယောက်လို့ သတ်မှတ်ပုံမရပါဘူး ။ ဒါကလည်း အနောက်နိုင်ငံတွေ နဲ့ မြန်မာ နိုင်ငံရဲ့ ယဉ်ကျေးမှု ကွာဟချက်တွေ ထဲက တစ်ခု မို့ အပြစ်ရှိတယ်လို့လဲ ပြောလို့မရ ပါဘူး။မွေးဖွါး ရှင်သန်ခဲ့တဲ့ ရေခံ ၊ မြေခံ ၊ယဉ်ကျေးမှု တွေနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။

နောက်တစ်ချက်က ဒေါ်စုသားတွေ ဟာ မြန်မာနိုင်ငံသား ခံယူမယ်ဆိုတော့ ၁၉၈၂ နိုင်ငံသား ဥပဒေ နဲ့ ကိုက်ညီရပါအုံးမယ်။ ဒါကို ပါ ပြင်ဆင်ဖို့ အတင်းဖိအားပေးမယ်ဆို ရင်တော့ ဒေါ်အောင် ဆန်းစုကြည် အရမ်းကို အတ္တကြီးလွန်းနေပါပီ။ ဒီ ၁၉၈၂ ခုနှစ် ဥပဒေ ဆိုတာ တနည်း အားဖြင့် ပြော ရမယ်ဆိုရင်တော့ မိစ္ဆာတား တဲ့ စည်းပါပဲ ။ မြန်မာ နိုင်ငံလို ပထ၀ီဝင် အနေအထား အရ ဒီ ၁၉၈၂ ဥပဒေ ဟာ မရှိမဖြစ် ထားရှိရမယ့် ဥပဒေ ပဲ ဖြစ်ပါတယ်။ ဒါကို တစ်ဦးတစ်ယောက် အတွက် ပါယ်ဖျက်ပေးဖို့ ဖိအားတွေ ထပ်ပေးနေမယ်ဆိုရင် သန်း ၆၀ သောပြည်သူအတွက် တရားပါရဲ့လား ။ဒါကပထမတစ်ချက် ။ နောက်တစ်ချက်က ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ကို ဒေါ်စု သမ္မတ ဖြစ်ရေး အတွက် ဒေါ်စုမျက်စောင်းထိုးလာပြီဆိုရင်တော့ NLD က ဖွဲ့စည်း ပုံပြင်ဖို့လို့ အကြောင်းပြတဲ့ မွတ်စလင် ဦးကိုနီ အကြိုက်ကစားကွင်းထဲကို ၀င်သွားပြီဖြစ်တယ်။ ဦးကိုနီ ဟာ သူ့ဘာသာတူ ဘင်္ဂလီတွေ အတွက် ၁၉၈၂ ခုနှစ် ဥပဒေကို မျက်စောင်းထိုးနေတာ ကြာပြီဖြစ်တယ်ဆိုတာလည်း အားလုံးရိပ်မိကြမယ်ထင်ပါတယ်။ဒီ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ကို ထိခိုက်လာပီ ဆိုရင်တော့ ဒါဟာ အမျိုးသားအကျိုးစီးပွားအတွက် ကောင်းတဲ့ အလား အလာတော့ မဟုတ်ဘူး။

ဒါ့အပြင် အင်အယ်ဒီ ပါတီ ရဲ့ အခုလက်ရှိ လုပ်ဆောင်ချက်တွေဟာ တဖြေးဖြေးနဲ့ အာဏာရှင် ဆန်လာသလို ၊ ကန်အစိုးရ အနောက်မှာ ရှိတယ် ဘာကြောက်ရမလဲ ဆိုတဲ့ ပုံစံမျိုးနဲ့ လက်ရှိအစိုးရ ကို အကြပ်ကိုင်တဲ့ပုံစံတွေကိုလည်း တွေ့မြင်နေရပါတယ်။ဒါဟာ အာဏာရှင်ကို ဆန့်ကျင်ပါတယ် ၊ ငြိမ်းချမ်းစွာ တောင်းဆိုပါတာတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေသလို အင်အယ်ဒီရဲ့ ရပ်တည်ချက် သဘောထားအမှန်တွေလားဆိုတာလဲ စဉ်းစားစရာဖြစ်ပါတယ်။လက်ရှိအစိုးရဟာ အတတ်ဆုံး လိုက်လျောနေတာတွေ တွေ့နေရသလို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ယူကေမှာလို ဒီမိုကရေစီမျိုးရ ချင်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ချေစောင့် စိတ်ကောက်နေလို့ မဖြစ်ပါဘူး။ ဘာကြောင့် လဲ ဆိုတော့ ဒီမိုကရေစီဆိုတာ ကျင့်သုံးကြမယ့် နိုင်ငံတွေရဲ့ ပထ၀ီ အနေအထား ၊ တည်နေရာ ၊ယဉ်ကျေးမှု စတာတွေနဲ့ အများကြီး သက်ဆိုင်ပါသေးတယ်။One size does not fix all တစ်စုံတည်းနဲ့ လူတိုင်းဝတ်လို့ မရပါဘူး ။ဒါကြောင့်လက်ရှိ ရှဉ့်လည်းလျှောက်သာ ပျားလည်းဆွဲသာလမ်းကို လိုက်တာဟာ ဒေါ်စုအတွက် သမ္မတ ဖြစ်စေမယ့် နည်းလမ်းကောင်းတစ်ခုပဲဆိုတာ မသွေမုချ ဧကန်အမှန်ဖြစ်တယ်။


ဒီလိုအဖက်ဖက်ကဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်နိုင်ရေး လျော့နိုင်သမျှ လျှော့ချပေးနေတာကို တွေ့ရပါတယ်။ဒါဟာ ဒီမိုကရေစီ ရဲ့ Check & Balance သဘောတရားပါပဲ။သူတို့ သူတို့တွေကတော့ ဒါတွေ ဒီလို လုပ်ပေးနေ ပြီ ပြည်သူကို ချစ်ပါတယ်လို့ ဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကကော ဘယ်လိုလဲ ။ဒေါ်အောင်ဆန်း စုကြည်ဟာ ၅၉/စ လုံး ပယ်ဖျက်ရေးကို အစဉ်တစိုက် ဦးတည်နေမှာလား ။ ဒါဆို ရင်တော့ရိုဟင်ဂျာဆိုတဲ့မိစ္ဆာတွေကလူ့အခွင့်အရေး ခေါင်းစဉ်အောက်ကခိုးဝင်ဖို့ အသင့်စောင့်နေ ကြ တယ်။ ဒါမှ မဟုတ် လက်ရှိအခွင့်အရေးကိုပဲ အမိအရ ဆုပ်ကိုင်ပြီး ပြည်သူ့အတွက် သန်း ၆၀ အတွက် ရပ်တည်မှာလား ဆိုတာ ဟာ သူမ ရွေးရမယ့်လမ်းလဲဖြစ်သလို Check & Balance သဘောတရားတစ်ခုလည်းဖြစ်တယ်။ဒါကြောင့်ဒေါ်စုရဲ့ ရပ်တည်မှု ကို ကျွန်တော်တို့စောင့်ကြည့် ရ မှာပဲဖြစ်ပါတယ်။ဒီလိုမှ မဟုတ်ပဲ ကျွန်တော် တို့ မျှော်လင့်ထားသလိုမဟုတ်ပဲ သား ၂ ယောက် ကိုလည်း နိုင်ငံသားမခံစေဘူး ၊ ကိုယ်တိုင်လည်းမစွန့်လွှတ်ဘူး ၅၉/စ ကို လုံးဝ ပယ်ဖျက်ပေးရေးကို အတင်းတွန်းတိုက် ခြိမ်းခြောက်တောင်းဆိုနေမယ်ဆို ရင်တော့ ဒါဟာ သန်း ၆၀ ရဲ့ အနာဂါတ် နဲ့ အများကြီး သက်ဆိုင်နေပါပြီ ။ ရှင်းရှင်းပြောရရင် ၅၉/စ လုံး ပယ်ဖျက်ပေးလိုက် လို့ ဒေါ်အောင် ဆန်းစုကြည် သမ္မတ လုပ်နိုင်ရင်လည်း အလွန်ဆုံး ၂ကြိမ် (၁၀) နှစ်ပဲ အဲ့ ၁၀နှစ်ကျော်သွား ရင်ရော..ကျွန်တော် တို့က ၅၉/စ အပျက်ကြီးနဲ့ နိုင်ငံခြားသား က သမ္မတ လုပ်တာကို ခံရမှာအသေအချာပဲ။ကျွန်တော်တို့ လက်ထပ်မှ ခေတ်သစ် ကျွန် ထပ်ဖြစ်ရအုံးမှာလား။ဒါဟာလုံးဝ သတိထားရမယ့် အခြေအနေပဲဖြစ်ပါတယ်။ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ယဉ်ကျေးမှု နဲ့ နေတဲ့ ကျွန်တော်တို့ နိုင်ငံမှာ တိုင်းရင်းသားကလွဲပြီးတော့ ဘယ်ကုလား ၊ဘယ်တရုတ် ၊ဘယ်နိုင်ငံခြား သားမှ သမ္မတ လုပ်တာ ကိုမခံနိုင်ဘူး။ဒေါ်စု သမ္မတ မဖြစ်လို့လည်း နိုင်ငံကြီးက ထူးပြီးအငွေ့ပျံ သွားမှာ မဟုတ်ဘူး ၊ ကမ္ဘာတည်သ၍ မြန်မာမြေဟာရှိနေမှာဖြစ်တယ်။ မိစ္ဆာ တားတဲ့ စည်း ဖြစ်တဲ့ ၅၉/စ လို ၁၉၈၂ လို ဥပဒေတွေ ပယ်ဖျက်ပေးလိုက်ရင်တော့ သန်း၆၀ ရဲ့ အနာဂါတ်ဟာ မြန်မာ ပျက် တာနဲ့ အတူတူပဲ။ဒီတော့ ကျွန်တော် မေးမယ် လူတစ်ယောက် သမ္မတ ဖြစ်ဖို့အတွက် သန်း ၆၀သော မြန်မာတွေရဲ့ အနာဂါတ်နဲ့လဲရမှာလား ၊လဲသင့်ရဲ့လားလို့…။

စောမင်းနိုင်(မုဒုံ)

No comments:

Post a Comment