Friday, January 3, 2014

အရှေ့တောင် အာရှ ယူ-၂၂ ခြေ စစ် ပွဲ တွင် တစ် သင်း တည်း သာ အောင်မြင်သည့် မြန်မာ့ လက်ရွေးစင် ယူ-၂၂ အသင်း ခြေစမ်းပွဲများ ကစားရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ

အရှေ့တောင် အာရှ ယူ-၂၂ ခြေ စစ် ပွဲ တွင် တစ် သင်း တည်း သာ အောင်မြင်သည့် မြန်မာ့ လက်ရွေးစင် ယူ-၂၂ အသင်း ခြေစမ်းပွဲများ ကစားရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ
ရန်ကုန် ဇန်နဝါရီ ၂
မြန်မာ့ လက်ရွေးစင် ယူ-၂၂ အသင်းသည် အာရှ ယူ-၂၂ ချန်ပီ ယံရှစ် ဗိုလ်လုပွဲ စဉ်များ ယှဉ်ပြိုင် ကစားရန်အတွက် ကြိုတင်ပြင်ဆင်မှု
အဖြစ် ကာလတိုခြေ
စမ်းလေ့ကျင့် မှုများ ပြုလုပ်ရန် ယနေ့ နံနက်ပိုင်း
တွင် ထိုင်းနိုင်ငံ
သို့ လေကြောင်း ခရီးဖြင့် ထွက်ခွာ သွားကြောင်း သိရသည်။ဂျာမနီနည်းပြ ဂတ်ဆီဇီ နည်းပြ ချုပ်
အဖြစ် တာဝန်ယူထားသည့် မြန်မာယူ- ၂၂ အသင်းသည် ထိုင်းနိုင်ငံ တွင် ယနေ့ညနေပိုင်းမှ စတင်ကာ လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိပြီး ဇန်နဝါရီ ၄ရက် ညနေ ၄နာရီတွင် ထိုင်းပရီးမီးယား လိဂ် နာမည်ကြီး ကလပ် မြောင်ထောင် ယူနိုက်တက် အသင်း   နှင့်လည်းကောင်း၊ ဇန်နဝါရီ ၆ရက် ညနေ ၄ နာရီတွင် ထိုင်းလက်ရွေးစင် ယူ-၂ဝ အသင်းနှင့် လည်းကောင်း ခြေစမ်းပွဲများ ကစား မည်ဖြစ်ကြောင်း သိရသည်။မန်မာယူ-၂၂ လက်ရွေး စင် အသင်းသည်  AFC U-22 Cham-pionship 2014 ဖိုင်နယ် အဆင့်ပွဲစဉ်များ အဖြစ် အုပ်စု(က)တွင် အိမ်ရှင် အိုမန်၊ အာရှ ထိပ်သီး တောင် ကိုရီးယား၊ ဂျော်ဒန် အသင်းများနှင့် ယှဉ်ပြိုင်ကစား ရမည်ဖြစ် သည်။ ပွဲစဉ်များအား ဇန်နဝါရီ ၁၁ရက်မှ ၂၆ရက်အထိ အိုမန်နိုင်ငံ မတ်စကတ်မြို့တွင် ကျင်းပသွား မည် ဖြစ်ကာ အသင်း ၁၆ သင်းယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။
အဆိုပါ AFC U-22 ချန်ပီယံ ရှစ်ပြိုင်ပွဲသည်  အာရှ ဘောလုံး အဖွဲ့ချုပ်မှ ပထမဆုံး စတင် ကျင်းပ သည့် ယူ-၂၂ အဆင့် ပြိုင်ပွဲဖြစ်ပြီး  မြန်မာ အသင်းမှာ အာဆီယံ ဒေသမှ တစ်သင်း တည်းသော ခြေ စစ် ပွဲ အောင်မြင်သည့် အသင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment