Saturday, January 4, 2014

၂ဝ၁၅ အာဆီယံ ကုန်သွယ်မှု အတွက် ပြည်တွင်းကား ဈေးကွက် ကြိုတင် ပြင်ဆင်ရန် လိုအပ်

၂ဝ၁၅ အာဆီယံ ကုန်သွယ်မှု အတွက် ပြည်တွင်းကား ဈေးကွက် ကြိုတင် ပြင်ဆင်ရန် လိုအပ်
ရန်ကုန် ဇန်နဝါရီ ၃
ပြည်တွင်းကား အရောင်းအဝယ်မှာ လက်ရှိ အခြေအနေ အတိုင်း ဖြစ်နေမည် ဆိုလျှင် ၂ဝ၁၅ ခုနှစ်တွင် ဖြစ်ပေါ်
လာမည့် အာဆီယံ အခွန်မဲ့ ကုန်သွယ်မှု စနစ်အပေါ်တွင် သက်ရောက်မှုများ
 ဖြစ်လာနိုင်သည့် အတွက် သက်ဆိုင် ရာ ဌာနဆိုင်ရာ များနှင့် ကားလောက သားများ အနေဖြင့် ၂ဝ၁၄ ခုနှစ် ကတည်းကပင်
ကြိုတင်ပြင်ဆင် ထားသင့်သည်ဟု ကားဈေးကွက် ကျွမ်းကျင်သူ များက သုံးသပ်ပြောဆို ကြသည်။
''၂ဝ၁၅ မှာ ကျင့်သုံးတော့မယ့် အာဆီယံ အခွန်မဲ့ ကုန်သွယ်မှု စနစ်က ဒီကိစ္စကို အများကြီး သက်ရောက် သွားစေနိုင်တယ်။ ကားဈေးကလည်း အဲဒီအချိန် ကျရင် ဒီထက်ထက်ဝက် လောက်ကို ကျသွားနိုင်တဲ့ အခြေအနေမှာ ရှိတယ်။ အဓိကက ဒီအချိန်မှာ ကားဈေးကွက် တွေကို ထိန်းချုပ်နိုင်ဖို့ လိုတယ်။ မဟုတ်ရင် ဒီအလုပ်နဲ့ လုပ်စားနေတဲ့ သူတွေ ဒုက္ခရောက်နိုင် သလို ကားဝယ်စီး လိုကြတဲ့ သူတွေ အတွက်လည်း ဈေးကွက် ပြဿနာတွေ ရှိလာနိုင်တယ်'' ဟု ကားအကျိုးဆောင် ကိုဇော်က ပြောသည်။
အဆိုပါ ကာလများတွင် ဒေသတွင်း ကားထုတ်လုပ်မှု အောင်မြင် ဖြစ်ထွန်းနေသည့် ထိုင်း၊ မလေးရှား၊ စင်ကာပူ အစရှိသည့် နိုင်ငံများမှ ကားတင်ပို့ မှုကို တွင်ကျယ်စွာ ပြုလုပ် လာနိုင်ပြီး ကားစက်ရုံ တည်ဆောက်မှု များလည်း နိုင်ငံတွင် ဖွံ့ဖြိုး လာနိုင်ကာ အခွန် ကင်းလွတ်ခွင့် စနစ်များကြောင့် ပြိုင်ဆိုင်မှု များမှာလည်း ပိုမိုအားကောင်း လာနိုင်သည့် အတွက် မြန်မာ့ ကားဈေးကွက်မှာ ၂ဝ၁၅ ခုနှစ်အတွင်း အရောင်း အဝယ်မှာ နိုင်ငံတကာနှင့် တန်းတူနီးပါး ဖြစ်လာနိုင်ကြောင်း ကားဈေးကွက် ကျွမ်းကျင်သူများ ထံမှ သိရသည်။

No comments:

Post a Comment