Monday, January 6, 2014

လက်ရှိနိုင်ငံရေးအားပြိုင်မှုများက ၂၀၁၅ ရွေးကောက်ပွဲအပေါ် သက်ရောက်မှု ရှိနိုင်

ပြီးခဲ့တဲ့နှစ်တွေအတွင်း ဖွဲ့စည်းပုံအငြင်း
ပွားမှု၊ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်း
မှုတွေနဲ့ အားပြိုင်မှုတွေက ၂၀၁၅
 ရွေးကောက်ပွဲကို သက်ရောက်မှု 
ရှိလာနိုင်တယ်လို့ ဆရာဦးကျော်ဝင်း
က ကုန်သည်စက်မှုအသင်းချုပ်မှာ ဇန်န၀ါရီ ၄ ရက်နေ့က ပြုလုပ်တဲ့ ဘာသာရပ်ဆိုင်
ရာ ဟောပြောပွဲမှာ အခုလို ပြောကြားခဲ့တာပါ။
“၂၀၁၄ကိုလက်ဆင့်ကမ်းမယ့်သဘောရှိပါတယ်။ဒီပြဿနာ၃ရပ်ဘယ်လိုဖြေရှင်းကြမလဲ။  ယေဘုယျ  ခေတ်စားနေတဲ့ နည်းတနည်းနဲ့ ပြောရင် ထိပ်တိုက်ယှဉ်ပြိုင်ရင်းနဲ့ အဖြေရှာကြပါ။ စိတ်ဓာတ်ညှိနှိုင်းခြင်းနဲ့ အဖြေ ရှာကြပါ။ ၂၀၁၄ ထဲမှာ တစုံတရာ အဖြေပေါ်ကောင်းပေါ်သွားနိုင်တယ်။ အဲဒီအဖြေကို မူတည်ပြီး ၂၀၁၅ ရွေးကောက်ပွဲဟာ free & fair ဖြစ်မဖြစ် စကားပြောမှာ ဖြစ်ပါတယ်။”
 
လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။“အများစုက ချက်ချင်းကြီးဖြစ်စေချင်တယ်။ ကျနော်တို့ထင် တယ်။ ဒီတခါ ရလဒ်က ကောင်းမယ်လို့ ထင်တယ်။ အဲဒါပြီးသွားရင် မူကို နှစ်ဖက်သဘောတူညီ မှ နိုင် ငံရေးဆွေးနွေးပွဲ လုပ်ဖို့အတွက် framework မူဘောင်တခုတော့ ရှိလိမ့်မယ်။ ကျနော်တို့ ပစ် မှတ်ကတော့ ဖြစ်နိုင်ဖွယ်ရှိရင်၊ အစစအရာရာ အဆင်ပြေမယ်ဆိုရင်၊ ဇန်န၀ါရီလထဲမှာ လေးဝါးနဲ့ ဘားအံ ဆွေးနွေးပွဲရှိမယ်။ ဒါပြီးရင် ဖေဖော်ဝါရီလထဲမှာ လက်မှတ်ရေးထိုးနိုင်ဖို့ လုပ်ထားတယ်။ ဧပြီ၊ မေလလောက်မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ စလုပ်နိုင်မယ်လို့ ထင်ပါတယ်။”

ဟောပြောပွဲအပြီးမှာတော့ ဆရာဦးကျော်ဝင်းက နိုင်ငံကို အုပ်ချုပ်နေတဲ့ လူတွေရဲ့ အထွေထွေပွတ် တိုက်မှုတွေကနေ ဂိုဏ်းဂဏတိုက်ပွဲအထိ ရောက်မသွားဖို့ သတိပေး ပြောဆိုသွားပါတယ်။

No comments:

Post a Comment