မရေးတော့ဘူးလို့တော့ နေခဲ့တာပဲ။ ကြားရတာ နားဝမချမ်းသာလို့
နည်းနည်းလေးတော့ ရေးပါရစေ။
ပြောလိုက်တော့ ကစားလုံးက ပါး
စပ်နဲ့တောင်
ဆံ့ပါရဲ့လားမသိ။ ဓာတုဗေဒလက်နက် တဲ့။ ဓာတုဗေဒ
စက်ရုံတဲ့။ ဟုတ်ကဲ့ခင်ဗျား။
အလွန့်
အလွန်ကို ထူးချွန်ထက်မြတ်သော မီဒီယာပညာရှင်းများကို အံ့သြ
မိပါတယ်။
လူကြီးမင်းတို့ ဓာတုဗေဒ ဆိုတဲ့စကားလုံး လေးဟာ
ယားယားများ သုံးနေကြတာလား ခင်ဗျာ။ အထက်တန်းကျောင်းသားဘ၀မှာ ဓာတုဗေဒသင်
ခဲ့ရလို့ ငါ့ကိုယ်ငါများ ဓာတုဗေဒကို သိပ်သိတ ယ်လို့များ ထင်နေလားဟင်။
ပရင့်မီဒီယာတစ်ခု ပေါ်မှာ စာတစ်လုံးရေးတော့မယ်ဆိုရင် အတော့် ကို
သတိထားစေချင်ပါတယ်။ ဓာတုဗေဒပစ္စည်းဆိုတာ ဘယ်လိုဟာမျိုးကို ခေါ်သလဲဆိုတာက
စပြီး စဉ်းစားစေချင်ပါတယ်။ ဟုတ်ကဲ့ နည်းနည်းတော့ပြောပြပါရစေခင်ဗျာ။ ခင်ဗျား
နေ့တိုင်း ဒါလေး မပါရင် အရသာမတွေ့ ဘူးဆိုပြီး စားနေတဲ့ အချိုမှုန်ဟာလည်း
ဓာတုဗေဒပစ္စည်းတစ်ခုပါပဲ။ မှတ် ထား ပါ။ မိုနိုဆိုဒီယမ် ဂလုတာမိတ်လို့
ခေါ်ပါတယ်။
ခင်ဗျားနေမကောင်းလို့ ဆေးခန်းပြပြီး ဆရာဝန်က ပေးလိုက်တဲ့ ဆေးတွေဟာလည်း ဓာတုဗေဒပစ္စည်းတွေပါပဲခင်ဗျား။ အိမ်သာထဲမှာ ကြွေချေးချွတ်ဆေးဆိုပြီး သုံးနေတဲ့ အရည်ဟာလည်း ဓာတုဗေဒပစ္စည်းပါပဲခင်ဗျား။ အဲခင်ဗျားနေတိုင်း သုံးနေတဲ့ ဆပ်ပြာဟာ လည်း ဓာတုဗေဒပစ္စည်းပါပဲခင်ဗျား။ သည်လောက် ဥပမာပေးရင် ဓာတုဗေဒပစ္စည်းဆိုတာ ဟာ ဘယ်လိုဟာမျိုးကို ခေါ်သလဲ ရေးရေးလောက်တော့ သိလောက်ပါပြီနော်။ သည်တော့ကား ပြောချင်တာက ခင်ဗျားနေ့တိုင်းသုံးနေတဲ့ ဓာတုဗေဒ ပစ္စည်းဆိုတာတွေ တောင် လွယ်လွယ်နဲ့ ထုတ်လို့ရတဲ့ပစ္စည်းတွေမဟုတ်ဘူ ဆိုတာ သိစေချင်တာပါ။ သာမန် လူသုံးကုန် ဓာတုဗေဒပစ္စည်းတွေတောင် လွယ်လွယ်နဲ့ ထုတ်လို့မရဘူးဆိုတာ သိစေချင်တာပါ။ သာမန် အိမ်သုံးဆပ်ပြာထုတ်ဖို့တောင် လိုအပ်တဲ့ အခြေခံ ဓာတုဗေဒ ပစ္စည်းကို မြန်မာပြည်မယ် ထုတ်လို့ မလွယ်သေးဘူးဆိုတာ သိစေချင်တယ် မီဒီယာပညာ ရှင်ကြီးတွေရဲ့။ အိမ်သုံးဆပ်ပြာထုတ်ဖို့ လိုအပ်တဲ့ ဓာတုဗေဒအက်ဆစ်တောင် နိုင်ငံခြားကနေ မှာယူနေရတုန်းဆိုတာ သိစေချင်တယ်။
သည်လို သာမန် ဓာတုဗေဒ ကုန်ကြမ်းပစ္စည်းထုတ်တဲ့ စက်ရုံတောင် နိုင်အောင် မဆောက်နိုင် မထိန်းချုပ်နိုင်သေးတဲ့ နိုင်ငံမှာ ဓာတုဗေဒ ပစ္စည်းလို့ခေါ်တဲ့ လူသုံးနိုင်တဲ့ ကုန်ပစ္စည်းထက် အဆင့်အများကြီး ပိုတဲ့ ဓာတုဗေဒလက်နက်ဆိုတဲ့ အဆင့်ကို ဘယ်လိုလုပ်ပြီး လုပ်လို့ရမလဲ ဆိုတာ ပထမနှစ် ဓာတုဗေဒကို ကောင်းကောင်းလေ့လာဖူးတဲ့ သူတောင်သိတယ်ဗျ။ ပရင့်မီဒီယာတစ်ခုပေါ်မှာ ရေးမည့်စာတစ်လုံးကို ထိန်းထိန်းသိမ်းသိမ်း ရေးစေချင်တယ်။ ငါ့စကားနွားရ မပြောနဲ့ မရေးနဲ့။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်ဆိုတာထက် ဆိုသွားပါလိမ့်မယ်။ တစ်ခါလည်းမီဒီယာမှာ တက်လာခဲ့တဲ့သတင်းတစ်ခုကို ဟားတိုက်ရီခဲ့ဘူးတယ်။ ကိုယ်တွေတင် ရီတာလားဆိုတော့ မဟုတ်ဘူး တစ်ကမ္ဘာလုံးက ၀ိုင်းရီခဲ့ဘူးတယ်။ ဘယ်သတင်းလည်း သိလာ။ မမှတ်မိမှာဆိုးလို့ ပြန်ပြောပြမယ်။ နူကလီးယားလက်နက်ဆိုပြီး တက်လာတဲ့သတင်းလေ။ ပုံကြမ်းတွေတောင်ပါလာသေးတယ်။ မသိတဲ့သူတွေကတော့ ဟာကနဲ့ ဟင်ကနဲ့ပေါ့။ သိတဲ့သူတွေကတော့ ရီလိုက်ကြတာ ဖက်ဖက်မော ရင်ဘက်နောက်က ကျော ဆိုတာထက်ဆိုး ခဲ့တယ်။ စက်မှုပိုင်းဆိုင်ရာပုံကြမ်းတွေဆိုပြီး တင်လာတဲ့ပုံတွေက နားလည်တဲ့သူဖတ်ကြည့်ရင် သံတိုသံစ ပုံဆွဲထားတာထက်မပိုဘူး။ Engineering နဲ့ပတ်သတ်တဲ့ precision symbol တစ်လုံး မှ မပါတဲ့ drawing တွေနဲ့ ဘယ်လို နူကလီးယားစက်ရုံဆောက်မလဲ။ သည်လိုပဲ အခုတစ်ခါ လာပြန်ပြီ ဓာတုဗေဒ လက်နက်စက်၇ုံ။ စဥ်းစဉ်းစားစားလည်း ရေးကြ ပြောကြပါဗျာ။ ၀မ်းစာမရှိမှန်း သိပ်သိသာတယ်။ စာစောင်ရောင်းကောင်းယုံ ရည်ရွယ်ချက်နဲ့တော့ မဖွကြပါနဲ့ဗျာ။ နိုင်ငံရဲ့ ပုံရိပ် အရမ်းကို ထိခိုက်ပါတယ်။ နိုင်ငံတစ်ကာက ဖိအားပေးလာမှာကို စိုးရိမ်လို့ပြောနေတယ်ထင်လား။ မဟုတ်ရေးချ မဟုတ်ပါဘူးဗျာ။ေ-ာက်ရူးတွေ နေနေတဲ့ တိုင်းပြည်လို့ ထင်ပြီး ၀ိုင်းရီကြမှာ ဆိုးလို့ပါဗျာ။
Credit= မူရင်းရေးသားသူ

No comments:
Post a Comment