Wednesday, February 19, 2014

“ခိုးဝင်ဘင်္ဂါလီများအရေး ပြတ်သားစွာကိုင်တွယ်ရန်နှင့် သမ္မတ၏ ရပ်တည်ချက်ကို တစ်မျိုးသားလုံး ထောက်ခံပေးရန် လိုအပ်ဟု ကိုအေးနေ၀င်း ပြောကြား”

မြန်မာနိုင်ငံတွင်းသို့ ခိုးဝင်လာသော ဘင်္ဂါလီများနှင့်ပတ်သက်ပြီး ပြတ်ပြတ်သားသား
ကိုင်တွယ်ခြင်းမပြုပါက မိမိနိုင်ငံ သူတစ်ပါးလက်တွင်း ပါသွားသကဲ့သို့ ဖြစ်နိုင်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဘင်္ဂါလီအရေးပြော ကြားချက်များကို တစ်မျိုးသားလုံးက ညီညီညွတ်ညွတ်ဖြင့် ထောက်ခံပေးရန် လိုအပ်ကြောင်း ဦးနေဝင်း၏မြေး အကြီးဆုံး ကိုအေးနေဝင်းက ပြည်မြန်မာ သတင်းဂျာနယ်သို့ ပြောကြားလိုက်သည်။

ဘင်္ဂါလီအရေးမှာ တစ်စိမ့်စိမ့်ဖြင့်တွေးပါက စိုးရိမ်စရာကိစ္စတစ်ခု ဖြစ်နေပြီး ယင်းအရေးကို ဖြေရှင်း ရန်မှာ ၁၉၈၂ နိုင်ငံသားဥပဒေက အဆုံးအဖြတ်ဖြစ်ကြောင်း ယင်းဥပဒေကို ဆန့်ကျင်သူများအား ဘင်္ဂါလီအရေးတွင် ပါဝင်ဆွေးနွေးခွင့်မရှိအောင် တားမြစ်ရမည်ဖြစ်ကြောင်းလည်း ကိုအေးနေဝင်းက
ပြောကြားသည်။ “ရှည်ရှည်ဝေးဝေးပြောစရာတောင်မလိုဘူး၊ဘင်္ဂါလီကိစ္စကို ပြတ်ပြတ်သားသား
မကိုင်တွယ်ဘဲဟိုလူ့ မျက်နှာချိုးသွေး၊ ဒီလူ့မျက်နှာချိုသွေး လုပ်နေလို့ကတော့ ကိုယ့်နိုင်ငံ သူများလက်ထဲ ပါသွားဖို့ပဲရှိတယ်။ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို နိုင်ငံသားဖြစ်ခွင့် ဖောဖောသီသီချပေးလို့ကတော့ ကိုယ့်တိုင်းပြည်ရဲ့ ဆုံးဖြတ်ခွင့် ကို သူတို့လက်ထဲ အပ်လိုက်တာနဲ့ အတူတူဖြစ်သွားမယ်” ဟု ၄င်းက ပြောကြားသည်။ တိုင်းပြည်တစ်ခုကို သိမ်းပိုက်ရာတွင် ယခင်ကာလများကဲ့သို့ စစ်တိုက်ပြီး သိမ်းပိုက်ခြင်းထက် နယ်မြေများတွင် ဒုက္ခသည်အဖြစ် ခိုလှုံခွင့်တောင်းခြင်းမှတစ်ဆင့်
နိုင်ငံသားဖြစ်ခွင့်တောင်းပြီး ပြည်နယ်တိုင်းဒေသကြီး တစ်ခုမှသည် နိုင်ငံတစ်ခု ခွဲထွက်သည်အထိ စိတ်ရှည်လက်ရှည် စီမံနိုင်သော အခြေအနေမျိုးများ ဖြစ်လာနိုင်သည်ဟု ၄င်းက ပြောကြား သည်။

 အမေရိကန်နိုင်ငံတွင် နိုင်ငံသားခံယူသွားသော ဘင်္ဂါလီများမှာ မြေးမြစ်များလက်ထက်တွင် အမေရိကန် နိုင်ငံသားစိတ်ဝင်သွားကြသော်လည်း မြန်မာနိုင်ငံတွင် ရှိနေသော ခိုးဝင်ဘင်္ဂါလီများမှာ မြေးမြစ်များ လက်ထက်တိုင်အောင် မြန်မာစိတ် မပေါက်ကြသေးကြောင်း ၄င်းကဆိုသည်။ “အမျိုးသားရေးမဏ္ဍိုင်အရ ၁၉၈၂ ဥပဒေနဲ့ တင်းကျပ်စွာ ကိုင်တွယ်ရမယ်။ ဒီဥပဒေကို စောဒကတက်ချင်တဲ့ဘယ်သူ့ကိုမဆို ပါဝင်ဆွေးနွေးခွင့် မရအောင် ပိတ်ပင်ပစ်ရမယ်။ ဥပဒေအရ နိုင်ငံသားမဟုတ်တဲ့သူတွေကို စေတနာထားပါတယ်ဆိုတဲ့ နိုင်ငံတစ်နိုင်ငံကို ပို့ပေးရမယ်။ စေတနာရှိလှပါတယ်ဆိုတဲ့ UN တို့ OIC တို့ကို သူတို့ရဲ့ အဖွဲ့ဝင် နိုင်ငံတွေမှာ ထားပေးဖို့ ပြောကြည့်ရမယ်။ အဲဒီအခါမှ သူတို့ စေတနာပေါ်လာမှာ” ဟု ကိုအေးနေဝင်းက ပြောသည်။ အစ္စရေးနိုင်ငံမှ ဥပမာတစ်ခုဖြစ်သော ပါလက်စတိုင်းလူမျိုးကိစ္စကို ပြတ်သားစွာ မကိုင်တွယ်ဘဲ လိုက်လျောမှု ကြောင့် တစ်မြေတည်း နှစ်နိုင်ငံ Two States Solution ဖြစ်လာခဲ့ကြောင်း
ထောက်ပြ ပြောဆိုသည်။ “သမ္မတကြီးကိုယ်တိုင်က ရိုဟင်ဂျာလူမျိုးမရှိဘူးလို့ပြောထားတယ်။ ဒီလိုပြောကြားချက်ကို တစ်တိုင်းပြည်လုံး က အငြင်းပွားဖွယ်မရှိဘဲ ရပ်တည်ပေးဖို့ လိုတယ်။ သမ္မတတစ်ဦးကို ထောက်ခံသူ ကန့်ကွက်သူဆိုတာ ရှိမှာပါပဲ။ ဒါပေမဲ့ အဲဒါနဲ့ပတ်သက်ပြီး သမ္မတကြီးရဲ့ ရပ်တည်ချက်ကို ကျွန်တော်တို့ တစ်မျိုးသားလုံး ဝိဝါဒမကွဲ ဘဲ ညီညီညွတ်ညွတ် လက်ခံပေးရမယ်လို့ ယုံကြည်တယ်” ဟု ၄င်းကဆက်လက်ပြောကြားသည်။

Iris

No comments:

Post a Comment