Tuesday, February 11, 2014

ဦးရွှေမောင် လိမ်သမျှ ဗူးပေါ်သလို ပေါ်ပြီ

ဒူချီးရားတန်းကျေးရွာ မီးလောင်မှုနှင့်
ပတ်သက်ပြီး ဒီဗွီဘီသတင်းဌာန
က ဖြတ်ညှပ်ကပ်လုပ်၍ လွှင့်ထုတ်
ခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် 
ဦးရွှေမောင်၏ ရှင်းလင်းချက်မှာ
 လိမ်ညာထွက်ဆိုပြောကြားခြင်း
  ဖြစ်ကြောင်း ဗူးပေါ်သလို ပေါ်
လာပြီဖြစ်ကြောင်း သိရသည်။
ဒူချီးရားတန်းကျေးရွာကို မီးရှို့သူများမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုယ်တိုင် လုပ်ဆောင်ခြင်း သို့မဟုတ် ပူးပေါင်းကြံ စည်ခြင်း ပြု လုပ်ခဲ့သည် ဟု ဒီဗွီဘီ သတင်းဌာနကို ပြောကြားခဲ့သည့် ဘူးသီးတောင်မြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်အား သမ္မတဦးသိန်းစိန်က ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၏ ခွင့်ပြုချက်ဖြင့် ခေါ်ယူ စစ်ဆေးခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးပြီးနောက် မီဒီယာများနှင့် တွေ့ဆုံစဉ် ဒီဗွီဘီသတင်းဌာနက ပြောသမျှ အကုန်မထည့်ဘဲ လိုအပ်သည့်အပိုင်းများကိုသာ ဖြတ်ညှပ်ကပ် လုပ်၍ လိုရာဆွဲကာ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။
ဦးရွှေမောင်၏ ရှင်းလင်းချက်ကို တစ်ပါတီတည်း လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ (ဘူးလက် လှဆွေ)ကလည်း ထောက်ခံပြောကြားခဲ့ပြီး ဒီဗွီဘီ သတင်းဌာနကို အပြစ်ဖို့ခဲ့ကြသည်။
ယခုအခါ ဒီဗွီဘီသတင်းဌာနသည် ဦးရွှေမောင်နှင့် တွေ့ဆုံမေးမြန်းခန်း အပြည့် အစုံကို ထုတ်လွှင့်ခဲ့ ရာ ဦးရွှေမောင်၏ ပြောကြားချက်ကို သတင်းဌာနက ဖြတ်ညှပ်ကပ် လုပ်ခြင်း မဟုတ်ဘဲ မိမိပြော ကြား ခဲ့ သည်များကို မပြောပါဟု ပြောင်ပြောင်တင်းတင်း လိမ်လည်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဦးရွှေမောင်၏ ပြောကြားချက်အပြည့်အစုံကို မဖြတ်မတောက်ဘဲ ပြန်လည် ထုတ်လွှင့်ခဲ့သည့် ဒီဗွီဘီ သတင်းဌာန၏ ယူကျုတွင် လွှင့်တင်ထားမှုကို http://www.youtube.com/watch?v=6xtJCKIZlHo&feature=youtu.be တွင် ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။

ယင်းဗီဒီယိုတွင် ဦးရွှေမောင်သည် ရိုက်ကူးထားသည်များ မည်သည့်နေ့တွင် ထုတ်လွှင့်မည် ကို ပါ ပြန်လည်မေးမြန်းခဲ့သည့် သက်သေများ တွေ့ရှိရသည်။

ဒီဗွီဘီသတင်းဌာန၏ဗီဒီယိုဖိုင်အပြည့်အစုံတွင် ပါရှိသော ဖော်ပြချက်များအရ စစ်ဆေး ခံပြီးနောက် ဦးရွှေမောင်၏ ပြောကြားချက်များမှာ လိမ်လည်ပြောကြားခြင်းများ ဖြစ်နေကြောင်း တွေ့ရှိရသည်။ အကယ်၍သာ ဦးရွှေမောင်သည် ယင်းတုံ့ပြန်ချက်များကို ရဲတပ်ဖွဲ့ထံ ထွက်ချက်ပြုရာ၌ ထွက်ဆို ခဲ့ပါက လိမ်လည်ထွက်ဆိုမှု တစ်မှုထပ်တိုးနိုင်ကြောင်း သိရှိရသည်။

"ဦးရွှေမောင်ကသာ လိမ်လည်ထွက်ဆိုရိုးမှန်ရင် မူလ ပြစ်မှုထက် နောက် တစ်မှု ထပ်တိုး သွား မှာ သေချာပါတယ်။ ဒီဗွီဘီက အထောက်အထားက ဗီဒီယို မှတ်တမ်းအပြင် ရိုက်ကူး သူ၊ မေးမြန်း သူတွေကိုပါ သက်သေအဖြစ် ဆင့်ခေါ်စစ်မေးနိုင်မှာပါ။ ဒီသက်သေတွေ ခိုင်ခိုင်လုံလုံ ရှိနေပြီ ဆို ရင်တော့ ဦးရွှေမောင် လိမ်လည်ထွက်ဆိုတာ ထင်ရှားလာမှာပါ။ လွှတ်တော်အမတ် တစ်ဦး ဖြစ်တဲ့ အတွက် လိမ်လည်ထွက်ဆိုမှုဟာ အရမ်းကို သိက္ခာကျဆင်းစေ ပါတယ်။ ဒါဟာ လွှတ်တော်ကို ဂုဏ် သိက္ခာကျဆင်းအောင်လုပ်ဆောင်စေရာ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ အစိုးရဘက်က စွဲချက်တွေ ထပ်တိုးလာနိုင်တဲ့အပြင်လွှတ်တော်ဘက်ကလည်းတစ်ခုခုအရေးယူရတော့မယ်၊အကယ်၍လွှတ်တော် ကမသိကျိုးကျွံဆက်ပြီး လုပ်နေဦးမယ် ဆိုရင်တော့ လွှတ်တော်ရဲ့ ရပ်တည်ချက် အပေါ် ပြည် သူတွေ က ပြန်ပြီး ထောက်ပြ ဝေဖန်လာတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့ဘက် က ပြောကြား ချက်တွေ သိရှိရသလောက် ဆိုရင် ဒီဗွီဘီနဲ့တင်မကဘူး၊ ဗွီအိုအေနဲ့ပါ ပြောဆိုထားတာတွေ ရှိသေး တယ် လို့ သိရပါတယ်။ ဒါဆိုရင်တော့ ဦးရွှေမောင်ဟာ ငြင်းပယ် ရှောင်ထွက်လို့ မရတော့ပါဘူး။ ဆက်ပြီး လိမ်နေဦးမယ် ဆိုရင်တော့ ရဲတပ်ဖွဲ့နဲ့ အစိုးရဘက်က လည်း ဆက်ပြီး ထောက် ထားနေတော့မှာ မဟုတ်ဘူး ထင်ပါတယ်" ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

လက်ရှိအချိန်အထိ ဦးရွှေမောင်အား စစ်မေးမှုများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးကြောင်း၊ ပြည်သူများ အကြားတွင် ဦးရွှေမောင် စစ်မေးမှုအား စိတ်ဝင် တစား စောင့်ကြေည့်နေကြကြောင်း သိရသည်။

From:ပြည်သူ့အာဏာ

No comments:

Post a Comment