Saturday, February 22, 2014

ရွှေနတ်တောင် - ၀င်းရတနာ ပဋိပက္ခ ဖြစ်စဉ် အမှန်

၂၀၁၄ ဖေ၁၉ ရက်နေ့  ပဲခူးမြို့ တွင်ရွှေနတ်တောင် ( ပဲခူး- ညောင်လေး
ပင် ) ယာဉ်လိုင်း ...
ယာဉ်အမှတ် 9F / 5095 နှင့် …
ဝင်းရတနာ ( ပဲခူး- ရွှေကျင်) ယာဉ်လိုင်း ....
ယာဉ်အမှတ် ၅ခ/ ၆၇၄၅ တို့ နှစ်စီး …
ခရီးသည် လုခေါ်ယူရင်း ….
စကား အချေအတင် ဖြစ်ပွားခဲ့ပါသည်။

ထို့ နောက် …
ယာဉ်နှစ်စီး လမ်းကြောတစ်ခုတည်း ၌ …
ညောင်လေးပင်- ရွှေကျင်ဘက်သို့ 
 အပြိုင်မောင်းနှင်လာပြီး …
ဝင်းရတနာကားမှ ….
ရွှေကျင်ရှိ ပိုင်ရှင်ဖြစ်သူထံ ...
ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားရာ …
ရွေကျင်ဘက်မှ …
ဝင်းရတနာယာဉ် အမှတ် ၂ဃ/၁၉၄၉ ဖြင့် …
ထပ်မံ လိုက် လာခဲ့ပါသည်။

ညောင်လေးပင် BOC လမ်းဆုံ အရောက် …
ရွှေနတ်တောင် ယာဉ်လိုင်းမှ ယာဉ်ဖြင့် ဆုံမိချိန် ….
၁၇ ၃၀ ချိန်ခန့် တွင် …
ယာဉ် ၃ စီးမှ လုပ်သား အချင်းချင်း …
စတင် ခိုက်ရန်ဖြစ်ပွားခဲ့ရာ …

ရွှေနတ်တောင် ဘက်မှ ယာဉ်အပျက်အစီး မရှိ …
ယာဉ်နောက်လိုက် ဝေဟင်မင်း (ဓားဒဏ်ရာ) ပါ သုံးဦး …
ထိခိုက် ဒဏ်ရာရရှိ ခဲ့ပြီး …

ဝင်းရတနာ ဘက်မှ
၂ဃ/၁၉၄၉ ရှေ့ လေကာမှန် ကွဲ …
၅ခ/ ၆၇၄၅ ဘေးမှန်ကွဲ …
ယာဉ်မောင်း ကြည်လွင် ( နောက်စေ့ဖူးယောင်) …
ဒဏ်ရာများ ရရှိခဲ့ပါသည် ….

အခင်းဖြစ်ပွားမှုတွင် ပါဝင်သူများအား ….
ညောင်လေးပင်မြို့မရဲစခန်း မှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ...
၂၁ ၅၉ ချိန်တွင် ....

(ပ) ၄၂/၁၄ ပုဒ်မ (၃၂၅/၂၉၄/၅၀၆/ ၄၂၇
တရားလို ဒေါ်ချိုချိုလွင် ၊ တရားခံ ငပွား (ခ) ဦးအေးမြင့်စ + ၆ဦး

(ပ) ၄၃/၁၄ ပုဒ်မ ၃၂၃/၃၂၄/၃၃၆/၂၉၄
တရားလို ငပွား (ခ) ဦးအေးမြင့်စံ ၊ တရားခံ ဒေါ်ချိုချိုလွင် + ၉ဦး

(ပ) ၄၄/၁၄ ပုဒ်မ လက်နက် ၁၉ (င)
တရားလို ဒုရဲမှူးသက်လွင်၊ တရားခံ နေလင်းကြည် (၀င်းရတနာ) တို့ အား …

အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

ရွှေနတ်တောင်ယာဉ်လိုင်း ပိုင်ရှင်မှာ ...
ဗမာ အမျိုးသား ဖြစ်ပြီး …
ဝင်းရတနာ ယာဉ်လိုင်းပိုင်ရှင်မှာ ....
အစ္စလာမ်ဘာသာဝင် အမျိုးသမီး ဖြစ်ကာ ….

နှစ်ဘက်လုံးမှ ....
ယာဉ်မောင်း၊ ယာဉ်နောက်လိုက် များမှာ ….
ဗမာလူမျိုး ၊ ဗုဒ္ဓဘာသာဝင် များသာ ဖြစ် ၍ ….
လူမျိုးရေး ဘာသာရေးနှင့် လုံးဝ မပတ်သက်သည့် …
သာမန်ခိုက်ရန် ဖြစ်ပွားမှုသာ ဖြစ်ကြောင်း ….
စုံစမ်း သိရှိ ရပါသည် ….။



( Photo Credit - Marn Htan Myo )
From: ( ရဲမိုး )

No comments:

Post a Comment