Wednesday, February 26, 2014

သံဃာတော်များကို နဖားကြိုးတပ်ပြီး ဆောင်ရွက်ဟု စော်ကားခဲ့သော NLD ပါတီ ပြည်သူ့ကိုယ်စားလှယ်အား ပြန်တောင်းပန်ဖို့ သံဃာတော်များတောင်းဆို


NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူသည် ရဟန်းဟံဃာ များအား "နဖားကြိုး တပ်ပြီးဆောင်ရွက်စေ"၊ "အယာတိုလာကိုယ်တော်တွေ" ဟူ ပြောကြားခဲ့ခြင်း၊ ဆရာတော်ဦးဝီရသူ အား "ဘုန်းကြီးရူး" ဟု ပြောကြားခဲ့ခြင်း စသည်အားဖြင့် သံဃာတော်များနှင့် သာသာနာတော် ကို စော်ကားခဲ့ခြင်းကြောင့် ၀န်ချ တောင်းပန်ရန် အမျိုးဘာသာကာကွယ်စောင့်ရှောက်ရေး သံဃာတော်များက တောင်းဆို လိုက်ကြောင်း သိရှိရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူသည် ၄င်း၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာတွင် ယမန်နေ့က "၉၆၉ ဘုန်းကြီး"၊ "မြို့နယ် မဟန အတွင်းရေးမှူး ကိုယ်တော်နဲ့ လယ်ဝေးမြို့နယ် သံဃာ့ နာယကအဖွဲ့ ဥက္ကဌတို့ကို နဖားကြိုး တပ်ပြီး ဆောင်ရွက်စေတယ်" ၊ "အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ကို အကြောင်းပြပြီး NLD နဲ့ ဒေါ်စုဆန့်ကျင်ရေးကို ဆောင်ရွက်စေခိုင်းတာကို နားမ လည်တဲ့ ကိုယ်တော်တွေဟာ သူတို့မကြိုက်တဲ့ အယာတိုလာကိုယ်တော်တွေ ဖြစ်သွားကြပါပြီ" စ သည် တို့ကို ရေးသား ဖော်ပြခဲ့ခြင်း ဖြစ်သည်။ အလားတူ ဦးမင်းသူသည် မန္တလေးတွင် ဦးမြအေး၏ စာပေဟောပြောပွဲကို ကန့်ကွက်ခဲ့သော သံဃာနှင့် ဦးဝီရသူတို့ကို "ဘုန်းကြီးရူးနဲ့ လှေလူး" ဟု ရိုင်း စိုင်းစွာ ဝေဖန်ခဲ့ကြောင်း တွေ့ရှိရသည်။
"ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့ ဦးမင်းသူဟာ ကိုယ်စားလှယ် ဖြစ်တာနဲ့အညီ တာဝန် ယူ မှု အပြည့်အ၀ ရှိဖို့ လိုပါတယ်။ ဘုန်းကြီးတို့ကို ဝေဖန်တိုက်ခိုက်နေတာတွေ အများကြီး သူ ပြောခဲ့ပါတယ်။ ပအခုလည်း ဒကာ၊ ဒကာမတွေက လာပြောလို့ သိရတာပါ။ သံဃာကို နဖားကြိုး တပ် တယ် ဆိုပြီး ပြောကြားတာဟာ သံဃာတွေကို နွား လို့ ပြောလိုက်တာနဲ့ မတူဘူးလား။ မြင့်မြတ် တဲ့ သံဃာ့အဖွဲ့အစည်းကို မဟန ဆိုပြီး သုံးနှုံးခေါ်ဝေါ်လိုက်တာ၊ အယာတိုလာ ကိုယ်တော်တွေ ဆိုပြီး သံဃာ့ဂိုဏ်း သင့်စေမယ့် ပြောကြားချက်မျိုးကို ထုတ်ဖော်ပြောကြားတာ။ နောက်ဆုံး ဦးဝီရသူကို ဘုန်ကြီးရူး ဆိုပြီး ပြောတာတွေဟာ ဗုဒ္ဓဘာသာမှ ဟုတ်ပါရဲ့လား လို့ တွေးမိပါတယ်။ ဒီကိစ္စတွေက မသိကျိုးကျွန် ပြုနေရမယ့် ကိစ္စ မဟုတ်တော့ဘူး။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က ဒီလို ပြောဆိုတာဟာ သံဃာထု တစ်ရပ်လုံးကို စော်ကားလိုက်တာပဲ။ NLD ပါတီ ဆိုတာ ဒီနိုင်ငံမှာ ဒကာ၊ ဒကာမတွေရဲ့ ထောက်ခံမှု၊ ယုံကြည်မှု အပြည့်အ၀ ရရှိထားတဲ့ ပါတီ ကြီး  ဖြစ်တယ် လို့ ဘုန်းကြီးတို့ ယုံကြည်တယ်။ ဒီလို ပါတီကြီးက သာမန် ပါတီဝင် မဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဒီလို ပြောဆို တိုက်ခိုက်တာဟာ ဘုန်းကြီးတို့အားလုံးက အပုပ် ချစော်ကားလိုက်တာပဲ ဆိုတာ ထင်ရှားနေတယ်။ ဒီကိစ္စအတွက် ဒကာကြီး ဦးမင်းသူ ၀န်ချ တောင်း ပန်ဖို့ လိုပါတယ်" ဟု အမျိုးဘာသာကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ ဦးဆောင်သံဃာတော် တစ် ပါးက မိန့်သည်။
"အမှန်တော့ လွှတ်တော်ကိုယ်စားလှယ် ဆိုတာ အများကြီး ဂရုစိုက်ဖို့ လိုပါတယ်။ ပြောတာ ဆိုတာ သွားတာ လာတာ သတိထားဖို့ လိုပါတယ်။ ဦးမင်းသူရဲ့ ပြောကြားချက်တွေဟာ စိတ်ခံစားမှုကို ထင် ဟတ်နေသလို တစ်ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ ပေါ်လစီ၊ သဘောထား ကို ဖော်ပြရာရောက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဦးမင်းသူဟာ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဖြစ်တဲ့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြဲတမ်း အနီးကပ် နေထိုင်ရသူ တစ်ဦး လည်း ဖြစ်ပါတယ်။ ဒီလို လူမျိုးတစ်ယောက်ဆီက ဒီလိုစကားတွေ ထွက်လာတာ ကြည့်ရင် NLD ရဲ့ အတွင်းစိတ်မှာ သံဃာတော်တွေကို ဘယ်လို သဘောထားရှိနေလဲ ဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။ အံ့အားသင့် စရာလည်း ကောင်းပါတယ်။ ဦးမင်းသူဟာ ပါတီထိပ်ပိုင်းနဲ့ နီးနီးကပ်ကပ် တည်ရှိနေ တဲ့သူ ဖြစ်တဲ့အတွက် သူ့ရပ်တည်ချက်ဟာ ပါတီခေါင်းဆောင်တွေရဲ့ ရပ်တည်ချက်လား၊ သူ့သဘော ထားဟာ ပါတီ ခေါင်းဆောင်တွေရဲ့ သဘောထားလား သတိထားဖို့ ကောင်းနေပါပြီ" ဟု မြန်မာ အမျိုး သားကွန်ရက်အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
"သံဃာကို နဖားကြိုးတပ်တယ်၊ အယာတိုလာကိုယ်တော်တွေ ဒီလို ပြောဆို သုံးနှုံးတာမျိုးကို လက် ခံနိုင်စရာ မရှိပါဘူး။ မြတ်ဗုဒ္ဓရဲ့ သားတော်တွေ ၀ိနည်းနဲ့ မညီရင် သူတို့ကိုယ်တိုင် တူသောအကျိုး ရရှိခံစားမှာ ဖြစ်ပါတယ်။ ပရိယတ္တိကို အလေးပေးတဲ့အကျိုးဆက်အရ သံဃာအချို့ရဲ့ ၀ိနည်းဖောက် ဖျက်မှုတွေ မရှိဘူးမဟုတ် ရှိပါတယ်။ ဒါပေမယ့် သံဃာတွေကို ဒီလိုမျိုး မိုက်မိုက်ရိုင်းရိုင်း သမုတ် တာကတော့ သိပ်ကို စော်ကားလွန်းရာ ရောက်နေပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ၊ လူထု ထောက်ခံမှု ရရှိထားတဲ့ နိုင်ငံရေးပါတီတွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင်က ဒီလို သတ် မှတ်ခေါ် တွင်တဲ့အခါ ကျန်တဲ့နိုင်ငံတွေ၊ အခြားဘာသာဝင်တွေကိ ဘယ်လို ထင်မြင်ယူဆကြမလဲ။ ဗုဒ္ဓဘာသာဟာ ဒီလိုလူမျိုးတွေကြောင့် နာမည်ပျက် သိက္ခာကျခဲ့ရတာပါ။ အခုလည်း NLD ပါတီက ထိပ်ပိုင်းခေါင်းဆောင်တွေကိုယ်တိုင် ဒီလို လုပ်လာတာဟာ ဗုဒ္ဓဘာသာကို အပုပ်ချဖို့ သက်သက် လို့ပဲ ယူဆတယ်။ ဒါကို ဦးမင်းသူအနေနဲ့ ပြန်ပြီး တောင်းပန်ဖို့ လိုတယ်။ ကိုယ့်အမှားကို ၀န်ခံဖို့ လို တယ်" ဟု လယ်ဝေး သံဃာ့မဟာနာယက ဆရာတော်တစ်ပါးက မိန့်သည်။

"ပြည်သူတွေ ဘာ့ကြောင့် NLD ပါတီကို စိုးရိမ်နေသလဲ ဆိုတာ ဘုန်းကြီးကိုယ်တိုင် နားလည်သွား ပါပြီ။ ဘုန်းကြီးကိုယ်တိုင် NLD ကို အထင်အမြင် မလွဲဖို့ ဒကာ၊ ဒကာမတွေကို ဟောကြားခဲ့တာပါ။ ဒါပေမယ့် အခုလို NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်အဆင့် ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးကိုယ်တိုင် ဒီ လို စော်ကားနေတာ တွေ့ရတော့အံ့သြမိတယ်။စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ဘုန်းကြီးတို့  ပြည် သူတွေအတွက်လည်း အတော်ကြီးကို ရင်လေးစရာ အနေအထားမျိုး မြင်လိုက်ရတယ်။ ဒါပေမယ့် ဘုန်းကြီးကတော့ တစ်ခုပဲ ဆုတောင်းပါတယ်။ NLD ပါတီကြီးတစ်ခုလုံး ဒီလို သဘောထား ရှိရင် ရှိပါစေ။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်မှာတော့ ဒီလို သဘောထား မရှိပါစေနဲ့ ဆိုတာပါပဲ။ ဦးမင်းသူရဲ့ စကားဟာ ဒကာမကြီးရဲ့ သဘောထားနဲ့ ထပ်တူပဲ ဆိုရင်တော့ ဘုန်းကြီးတို့ နောက်ကျ ခဲ့ပြီ လို့ပဲ ပြောရတော့မှာပဲ" မန္တလေးမြို့ရှိ အမျိုးဘာသာသာသနာ ကာကွယ်စောင့် ရှောက်ရေး အသင်းမှ သံဃာတစ်ပါးက မိန့်ကြားသည်။
၎င်းအပြင် ဦးမင်းသူသည် လူမှုကွန်ရက်စာမျက်နှာများတွင် သံဃာများကို ထိပါးစော်ကားပုတ် ခတ်နေသော ဒီမိုဖက်တီး၊ ခွန်ဒီးယမ် စသည်တို့နှင့် အချိတ် အဆက်ပြုမှုများလည်း တွေ့ ရှိ ရကြောင်း၊ ဦးမင်းသူသာမက ကျန် NLD လွှတ်တော်ကိုယ်စားလှယ်အချို့ကိုလည်း ယင်းကွန်ရက် တွင် ပါဝင်နေ သည်ကို တွေ့ရှိရကြောင်း၊ သံဃာတော်များကို အမျိုးမျိုး ထိပါးစော်ကားနေ သူ များနှင့်  NLD မှ လွှတ်တော်ကိုယ်စားလှယ်များ တစ်ကျိတ်တည်း တစ်ဥာဏ်တည်း ဖြစ်နေသည် ကို တွေ့ရှိရသဖြင့် အဖြေမှာ ရှင်းလင်းသွားပြီ ဖြစ်ကြောင်း မြန်မာအမျိုးသားကွန်ရက် ဦးဆောင်သူ တစ်ဦးက ပြောသည်။

ဦးမင်းသူသည်သံဃာတော်များဦးဆောင်ကြိုးပမ်းနေသည့်မျိုးစောင့်ဥပဒေ ပြဌာန်းရေးကိုလည်း  ပြင်း ထန်စွာ ရှုတ်ချခဲ့ပြီး "အမျိုးစောင့် ဟု ဆိုသူများ ပြည်ထောင်စုကြီး ပြိုကွဲမည့် အန္တရာယ်သို့ ဦး တည်နေ" ဟူသော အယူအဆကို လူသိထင်ရှား ဆက်လက် ဖြန့်ဖြူးခဲ့ကြောင်း၊ ၉၆၉ ကို တိုက်ခိုက် မှုများ၊ သံဃာတော်များကို အပုပ်ချသည့် ဘာသာခြားများ၏ ၀ါဒ ဖြန့်ချိရေးစာများ စသည်တို့ ကို လည်း များစွာ လွှင့်တင်ထားကြောင်း သိရှိရသည်။

"ဦးမင်းသူ ပြန်တောင်းပန်ပါ လို့ပဲ ပြောချင်တယ်။ ကျွန်တော်တို့ ဒီကနေ့ လုပ်နေတာတွေက အနာ ဂတ်နိုင်ငံအတွက်ပဲ ဖြစ်တယ်။ သံဃာတော်တွေ ဒီလိုမျိုး ကြိုးပမ်းဆောင်ရွက်နေတာဟာ သာသ နာတော်အတွက်ပဲ ဖြစ်တယ်။ ဗုဒ္ဒဘာသာဝင် အများစုနေထိုင်တဲ့ ဒီနိုင်ငံမှာ သံဃာတော်တွေကို လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်က ဒီလိုမျိုး စော်ကားတာဟာ နားလည် လက်ခံပေးရမယ့် လုပ်ရပ် မဟုတ်ဘူးလို့ပဲ ပြောချင်တယ်။ NLD ပါတီက၊ ဦးမင်းသူကိုယ်တိုင်က ဟောပြောပွဲတွေ အမည်ခံပြီး အခြေခံဥပဒေ ပြင်ဆင်ဖို့ လုပ်နေတာတွေမှာ သံဃာတွေ၊ ပြည်သူတွေ ဘာများ တိုက်ခိုက်ဝေဖန်တာ ရှိခဲ့သလဲ မေးချင်တယ်။ အခုလို ကျွန်တော်တို့ဘာသာ ဆရာ-ဒကာ ညီညီ ညွတ်ညွတ်နဲ့ လုပ်နေတာတွေကိုကျတော့ စော်စော်ကားကား ပြောတယ်။ ဒီမိုကရေစီ ဆိုတဲ့သဘော တရားကို လွှတ်တော်အမတ်ဆိုတဲ့ ဦးမင်းသူကို မေးချင်တယ်။ ထောက်ခံတဲ့သူ ရှိမယ်၊ မထောက်ခံ တဲ့သူ ရှိမယ်။ ဒါဟာ သဘာဝပဲ။ ကိုယ့်ကို မထောက်ခံလို့ မထောက်ခံတဲ့သူတွေကို တိုက်ခိုက် မယ်၊  ဝေဖန်မယ် လက်ခံတယ်။ ဒါပေမယ့် ဘာသာ သာသနာကိုတော့ ဘယ်တော့မှ မစော်ကားနဲ့ လို့ ပြတ်ပြတ်သားသား ပြောချင်တယ်။ ဦးမင်းသူဟာ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ပါ။ သူတို့ ပြောတဲ့အတိုင်း ပြောရရင် ပြည်ထောင်စုအဆင့်အတန်း ရှိတဲ့ ပုဂ္ဂိုလ်တွေပါ။ ဒီလိုလူတွေက ဒီလိုစော်ကားတာကိုတော့ ကျွန်တော်တို့ အနေနဲ့ လုံးဝ လက်မခံနိုင်ဘူး။ ကျွန်တော်တို့ဟာ ဘယ်သူ ဘယ်အဖွဲ့အစည်းရဲ့ တိုက်တွန်းမှု၊ စည်းရုံးမှုနဲ့ လုပ်နေတာ မဟုတ်ဘူး။ ကိုယ့် အသိစိတ်ဓါတ်နဲ့ကိုယ့် ဘာသာ အိတ်စိုက်ပြီး လုပ်နေကြတာ။ ရှင်းရှင်း ပြောရရင် NLD ပါတီလို ပြည်ပအထောက်အပံ့တွေ၊ ဘာသာခြား အဖွဲ့အစည်းတွေက ငွေကြေးထောက်ပံ့မှုတွေ ရယူဆောင်ရွက်နေတာ မဟုတ်ဘူး။ ဒီတော့ စော်ကားခဲ့တဲ့ စကားတွေအတွက် ဦးမင်းသူ ကိုယ်တိုင် တာဝန်ယူပါ။ ဒီကိစ္စမှာ ဦးမင်းသူ တစ်ယောက်တည်းရဲ့ သဘောထား ဆိုပြီး ကျွန်တော်တို့ လက်ခံထားတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ရော NLD နဲ့ရော မပတ်သက်ဘူး လို့ပဲ ကျွန်တော်တို့ ယုံကြည်ထားတယ်။ NLD တာဝန်ရှိသူတွေ အနေနဲ့လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ဖြစ်ပြီး ဒီလိုမျိုး ဘာသာ သာသနာတော်ကို စော် ကား တဲ့ ဦးမင်းသူအတွက် ထိထိ ရောက်ရောက် ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုတယ် ဆိုတာကို ပွင့် ပွင့် လင်းလင်း ပြောချင်ပါတယ်" ဟု မြန်မာအမျိုးသားကွန်ရက် ဦးဆောင်သူ တစ်ဦး က ပြောဆို သည်။

ဦးမင်းသူသည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်း ဒေသကြီး နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မဲဆန္ဒနယ်မြေ တွင် NLD ပါတီကို ကိုယ်စားပြု၍ ၀င်ရောက်ယှဉ်ပြိုင်အနိုင်ရ ရှိပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သူ ဖြစ်သည်။

P-389709127
From: ပြည်သူ့အာဏာ

No comments:

Post a Comment