Friday, February 21, 2014
၂၀၁၄ မေ ၁၈မှ ၂၅ရက်အထိ ယှဉ်ပြိုင်ကစားရန်ရှိသည့် အမျိုးသမီး အာရှဖလား ဘောလုံးပြိုင်ပွဲအတွက်
ခြေစစ်ပွဲအောင်မြင်ထားသည့်

မြန်မာလက်ရွေးစင် အမျိုးသမီး အသင်းနည်းပြချုပ်
ကုမာဒါကအာရှ
ပြိုင်ပွဲအထိ
ဝင်ခွင့်ရရန်မှာအာဆီယံ အသင်းသုံးသင်းလုံးတွင် အခွင့်အရေး ဆတူရှိနေကြောင်း
သုံးသပ်ပြောကြားလိုက်သည်။၂၀၁၄ အမျိုးသမီးအာရှဖလား နောက်ဆုံးအဆင့်ပြိုင်ပွဲ
သို့ မြန်မာအမျိုးသမီးအသင်းနှင့်အတူ အာဆီယံဒေသတွင်းမှ ထိုင်းနှင့်ဗီယက်နမ်
အမျိုးသမီးအသင်းများ လည်း ခြေစစ်ပွဲအောင်မြင်ထားပြီး
စုစုပေါင်းအသင်းရှစ်သင်းဖြင့် ပြိုင်ပွဲကို ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ ထိပ်
ဆုံးငါးသင်းမှာ ၂၀၁၅ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲသို့
ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်သည်။
ယင်းနှင့်ပက်သက်၍ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ ဂျပန်လူမျိုး ကုမာဒါက “ဒီအသင်းက ကျွန် တော့် လက်အောက်မှာ နှစ်,နှစ်ကျော်ပါပြီ။ အခုဆိုရင် အသင်းတစ်သင်းရဲ့ အထိုင်လည်း တော်တော်လေး ကျနေပါပြီ။ လာမယ့်အာရှပွဲမှာ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပြီး ပြိုင်ပွဲဝင်သွားမှာပါ။ ပြီးခဲ့တဲ့ဆီးဂိမ်း မှာလည်း ထိုင်းတို့ ဗီယက်နမ်တို့နဲ့ ကစားခွင့်ရခဲ့ပြီးပါပြီ။
သူတို့ကလည်း သူတို့အစီအစဉ်နဲ့သူတို့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေကြမှာပါ။ အာရှပြိုင်ပွဲကနေ ကမ္ဘာ့ဖလားအထိ သွားခွင့်ရဖို့က အာဆီယံသုံးသင်းလုံးမှာ ၃၀ ရာခိုင်းနှုန်းစီနဲ့ အခွင့်အရေး ဆတူရှိနေ ပါတယ်။ ကျန် ၁၀ ရာခိုင်နှုန်းကတော့ ဂျော်ဒန်အသင်းအတွက်ပေါ့” ဟု သုံးသပ် ပြောကြားသည်။
၂၀၁၄ အာရှ အမျိုးသမီးဖလားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲကို အာဆီယံသုံးသင်းနှင့်အတူ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ သြစတြေးလျနှင့် ဂျော်ဒန်အမျိုးသမီးလက် ရွေးစင်အသင်းများ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းမှာ အုပ်စု(ခ)တွင် တောင်ကိုရီးယား၊ တရုတ်၊ ထိုင်းအသင်းများနှင့် အတူ ကျရောက်နေပြီး အုပ်စုတတိယနေရာရရှိပါက တစ်ဖက်အုပ်စုမှ တတိယအသင်းနှင့်Play-off ထပ်မံ ကစားပြီးအနိုင်ရရှိပါက ၂၀၁၅ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ တိုက်ရိုက်ဝင်ရောက်ခွင့်ရရှိမည် ဖြစ်သည်။
Mizzima - News in Burmese

No comments:
Post a Comment