Tuesday, September 24, 2013

သိသိကြီးနဲ့ မှားတဲ့အမှား ဆိုတာတော့ မိုးဘဝမှာ မရှိဘူးဆိုတဲ့ မိုးဟေကို

နောင်မှ နောင်တ မရတတ်ဘူး။ လူဆို
တာတော့ အမှားနည်းအောင် ကြိုးစား
ကြတာချည်းပဲ။ အမှားနဲ့တော့ မကင်းကြ
ဘူးပေါ့။ အဲဒီထဲမှာ အမှားတွေ လုပ်ခဲ့
ရင်လည်း အမှားနည်းအောင် နောင်မှာ
 နောင်တမဲ့အောင် ကိုယ့်ကိုယ်ကိုယ်
 ဆင်ခြင်ပြီးတော့ နေတယ်။ ကိုယ်ကိုယ်တိုင် မသိလို့ မှားခဲ့တဲ့ အမှားကို သူများထောက်ပြမှ သိတယ်။ သြော် ဒါအမှားလား၊ အဲဒီအချိန်ကျမှ သိတယ်။ အမှားဆိုတာတော့ သိသိကြီးနဲ့ မှားတဲ့ အမှားမျိုးတော့ မိုးဘဝမှာ မရှိဘူး။ မသိလို့ လုပ်ခဲ့မိတယ်ပေါ့။ သိသွားရင်သြော် ဒါမှားသွားပြီဆိုရင် ကိုယ်မှားရင် မှားတာကို ဝန်ခံဖို့ ဝန်မလေးသလို တောင်းပန်ဖို့လည်း ဝန်မလေးတတ်ဘူး။ အနုပညာနဲ့ ပတ်သက်ပြီး အရင်လည်း ဒီစိတ်ပဲ။ ကိုယ်လုပ်ချင်တဲ့ စိတ်ရှိတဲ့အထိကို အကောင်းဆုံးဖြစ်အောင် လုပ်တယ်။ Fashion ကိုတော့ အဓိက ဦးစားမပေးဘူး။ Fashion ပြလို့ရတဲ့ဟာ ဆိုရင်တော့ Fashion ပြတယ်။ အိုက်တင်ပြလို့ရတဲ့ဟာ ဆိုရင်တော့ အဓိကက အိုက်တင်ကိုပဲ နိုင်အောင်ကြိုးစားပြီး အိုက်တင်ပိုင်အောင်ပဲ လုပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကလည်း အရမ်းတော်တဲ့ အထဲမှာ မပါသေးတော့ အဲဒါကိုပဲ အကောင်းဆုံး ပီပြင်အောင် လုပ်နေရတယ်။ ကြိုးစားနေရတယ်။ လတ်တလောမှာ ကိုနေမင်း၊ ဒါရိုက်တာ နေသူရိန်တို့နဲ့ ဗီဒီယိုတစ်ကား ရိုက်နေပါတယ်။

No comments:

Post a Comment