Friday, February 14, 2014

အွန်လိုင်းတွင်ပျံ့နေသော ဘုန်းကြီးများသေနတ်ကိုင်နေသည့်ပုံ ရှင်းလင်းချက်

အခုပုံက လွန်ခဲ့တဲ့ တစ်နှစ်လောက်ကပုံပါ ။
ကချင်ပြည်နယ် တာလောကြီး ရှမ်းနီရွာ
မှာဖြစ်တဲ့ ဖြစ်စဉ်လေးပါ ။
ကေအိုင်အေရဲ့ လူသစ်စု ၊ 
ဆက်ကြေးကောက်ခြင်း ရွာသား
များအား နှိပ်စက်ခြင်းတို့ကို မခံမ
ရပ်နိုင်ဖြစ်ခဲ့ကြပါတယ် ။
ဘုန်းကြီးတွေရဲ့မိသားစုတွေလဲ 
အသတ်ခံရတော့ ကေအိုင်အေရဲ့ 
ဒဏ်မခံနိုင်တော့လို့ ၊
တစ်ရွာလုံးက ပြည်သူ့စစ် အဖြစ် 
တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်
ခဲ့ကြပါတယ် ။
အရင်တုန်းက ကေအိုင်အေ ထိန်းချုပ်ထားတဲံ့ရွာလေး ၁ ရွာဖြစ်သည့်အလျှောက် ကေအိုင်ကေ ရဲ့ နိုင်ငံထက်စီးနင်းပြုမှုများကို ခေါင်းငုံခံရင်း မိသားစု မှလူငယ်များကို ကေအိုင်အေ လူသစ် အဖြစ် ပေးအပ်ကြရပါတယ် ။
ကျွန်တော်တို့ တပ်တွေက လေ့ကျင့်ပေးထားခဲ့တာဖြစ်ပါတယ် ။၊
အဲဒီရွာကကေအိုင်အေ ခေါင်းဆောင် ၁ ချို့ကို အရှင်ရော အသေရော မိခဲ့တယ်။ ရှမ်းနီ ကေအိုင်အေ ၂၃ ယောက် အလင်းဝင်ခဲ့တယ်၊ အဲဒီနောက်ပိုင်း အလင်းဝင်တွေ နဲ့ တို့တပ် ခလရ (..) က ပူးပေါင်းပြီး ပြည်သူ့စစ် အဖြစ် ဖွဲ့စည်းပေးလိုက်တာပဲ။ ရဟတ်ယာဉ်ပျက်ကျတာလဲ အဲဒီရွာနားမှာပေါ့၊ ရဟတ်ယာဉ်ပျက် ကို သယ်ဖို့လဲ အဲဒီရွာကပဲကူညီခဲ့တာ ၊ တစ်ရွာလုံးက ကေအိုင်အေကို ဆန့်ကျင်ပြီး တပ်မတော်နှင့်ပူးပေါင်းခဲ့ပါတယ် ။ယခု အခါမှာ ကေအိုင်အေလဲ အဲဒီရွာနား မကပ်ရဲတော့ဘူး ။

ဒါဟာ ဖြစ်ရပ်မှန် သတင်း ၁ ခုဖြစ်ပါတယ် ခင်ဗျာ ..
လွန်ခဲ့တဲ့ ၁ နှစ်လောက်ကပုံကို ပြန်လည် တင်ပြပေးတာဖြစ်ပါတယ် ။
နောက်ခံ လူတွေက အလင်းဝင် ရုမ်းနီး ( ကေအိုင်အေ ) တွေဖြစ်ပါတယ် ပြည်သူစစ်အဖြစ်ဖွဲစည်းထားတဲ့ လူငယ်တွေ ဖြစ်ပါတယ် ။ ရှေ့က ပြစ်ခတ်စဉ်ကို လေ့ကျင့်နေတဲ့ သံဃာတော်တွေကတော့ မိမိတို့ မိသားစုတွေကို သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ သံဃာတော်တွေဖြစ်ပါတယ် ။ သံဃာတော်တွေဟာ ဘယ်သူက မှ မခေါ်ပဲ သူတို့ နာကျည်းချက်ကြောင့် ကေအိုင်အေ၏ အနိုင်ကျင့်မှုများကို ပြန်လည်ခုခံဖို့ လေ့ကျင့်နေတာ ဖြစ်ပါတယ် ။

အမှားအမှန်ကို တကယ်ပဲ သိချင်ပါတယ်ဆိုရင် ကချင်ပြည်နယ် တာလောကြီး ရှမ်းနီကျေးရွာသို့ သွားရောက် မေးမြန်နိုင်ပါတယ် ခင်ဗျာ .... ။


From:Phay Sit Gyi

No comments:

Post a Comment