Wednesday, February 19, 2014

သဲကုန်း သပိတ်စခန်း သတင်းနောက်ကွယ်က ဘယ်မီဒီယာ မှ ထည့်မပြောတဲ့ အမှန်တရား

     အစကတော့ မရေးတော့ပါဘူးလေ 
လို့ တွေးမိပေမယ့် အမှန်ကို သိရက်နဲ့ 
မပြောတာဟာ တာဝန်ရှိသလို ခံစား
လာရတယ်။ကြောင်မရှိတော့ ကြွက်တွေ
ဆူသလို အမှန်တရား ကိုဖုံးပြီး သတင်း
အမှားတွေနဲ့ စာဖတ်သူတွေကို အဆိပ်ခတ် နေတဲ့ ပြည်တွင်း/ပြည်ပ
မီဒီယာတွေ အစိုးရ အကြပ်အတည်း ဖြစ်စေ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ စာဖတ်သူကို လိမ်လည်တာတွေ ဟာ တစ်နေ့ တစ်နေ့ တိုးပွားလာနေပါတယ်။ဒါဟာ မြန်မာ နိုင်ငံ လို တိုးတက်ပြောင်းလဲဖို့ ခေါင်းပြူနေတဲ့နိုင်ငံအ
တွက်တော့ခြေတစ်ချောင်းကျိုးနေ  တဲ့ စားပွဲလိုပါပဲ ။ 
အတော် ရုပ်ဆိုးပါတယ်။အမှန်တရား ကို မဖော်ပြပဲ ဖုံးကွယ်တာ ဟာ မီဒီယာတွေ တိုင်းပြည်ကို သစ္စာဖောက်တာပါ။
      အခု လတ်တလော ဖော်ပြနေကြတဲ့ သီတဂူ ဆရာတော်ဘုရားကြီး အမိန့်ကြောင့် ရဲတွေကို သဲကုန်း က သပိတ်စခန်းကို ဖြိုခွင်းတယ်ဆို တဲ့  သတင်းကို ရှင်းပြချင်တာပါ။တကယ့် အဖြစ်အမှန်က မီဒီယာတွေ ဖြတ်
ညှပ်ကပ် ထားတဲ့ သတင်းလောက် မရိုးရှင်းပါဘူး။ဒါကို လိုချင်တာ ပဲ ကွက်ယူပြီး သတင်းလုပ်ရေး ဆူပူလာအောင် ဇောင်းပေးရေး
သားလာကြတာ ဟာ
 အတော် ရုပ်ဆိုးပါတယ်။
သီတဂူ ဆရာတော် ဘုရားကြီး ဆိုတာ ဘယ်သူလည်းဆိုတာလောက်တောင် မသိရလောက်အောင် မီဒီယာတွေ ဘာသာရေးမျက်စိကန်းနေပြီလား။ ကိုယ်စာစောင် ရောင်းရ ပီးရော..၊ သီတဂူ ဆရာတော်ဘုရားကြီးလည်း ဂရုမစိုက်ဘူး ၊ ငရဲဆိုတာ သေမှ ရောက်တာမသေ
ခင်တော့ ချမ်းချမ်းသာသာ နေရပီးရော ဆိုတဲ့ သဘောမျိုးနဲ့ ဆိုရင်တော့ ပြောစရာ ကုန်သွားပါပီ။
        တကယ့် အဖြစ်မှန်က ..သီတဂူဆရာတော် 
ဘုရားကြီးက သဲကုန်းမှာ မရှိနွမ်းပါးသူတွေ ၊ မျက်စိရောဂါ ခံစားနေရသူတွေအတွက် ကျန်းမာရေး အဆင်ပြေချောမွေ့စေရေး ရည်ရွယ်ပြီးတော့ မျက်စိဆေးရုံးဖွင့်ပေးပါတယ်။အဲ့ဒီ မျက်စိဆေးရုံ ဖွင့်ပွဲအတွက်သက်ဆိုင်ရာ ၀န်ကြီးဌာန ၊ ကျန်းမာရေးဝန်ကြီးဌာနတွေ နဲ့ မြို့မိမြို့ဖ တွေကို လည်း ကြို တင်ဖိတ်ထားပါတယ်။အဲ့မှာဘာထဖြစ်လဲဆိုတော့ သက်ဆိုင်ရာလူကြီးတွေရော ၊ သီတဂူ  ဆရာတော်ကြီး လည်းလာမှာ သိတော့ အခွင့်ကောင်းပဲ ဆိုတဲ့သဘောနဲ့ ထုံးစံအတိုင်း လယ်တွေအ သိမ်းခံရပါတယ် ဆိုပြီး ဆန္ဒပြပွဲ ထလုပ်ပါတယ်။ ဒါနဲ့ သက်ဆိုင်ရာ လူကြီးတွေ နဲ့ သီတဂူ ဆရာတော် ဘုရားကြီး ကလည်း အသိမ်းခံရပါတယ်ဆိုတဲ့ လယ်ယာမြေ ကိစ္စကို မေးမြန်းတော့လည်း အခြေ အမြစ်မရှိတဲ့ စကားတွေပဲပြောပီး ဘာအချက်အလက်မှ မရှိပါဘူး ။ အဲ့ဒီ ဆန္ဒပြပွဲမှာ ပါတာဟာ အလွန် ရိုးအတဲ့ တောသူတောင်သားတွေပါ ။သူတို့ နောက်ကွယ်မှာ သွေးထိုးတဲ့အုပ်စုတွေ ရှိနေနိုင် ပါတယ်။
      ဒါကို သဲကုန်းမြို့သားတွေ အားလုံးက လက်မခံကြပါဘူး သပိတ်စခန်းဆိုတာကိုလည်း 
 အသိအမှတ်မပြုဘူး။ဘာမှ အချက်အလက်လဲ အခိုင်အမာ မရှိပဲနဲ့ အခုတလော ခေတ်စားနေတဲ့
ခောတ်မှီစီးပွားရေး လုပ်စားနည်းဆိုတာ ကို အားလုံးသိပါတယ်။အသိအမှတ်လည်း မပြုပါဘူး ။ဒါ တမင်
သက်သက် သီတဂူဆရာတော် ဘုရားကြီးရဲ့ အလှူပွဲကို နှောက်ယှက်နေတာပါ။ ဒါကြောင့်သဲကုန်း မြို့ခံ
တွေရော ၊ မြို့နယ် အုပ်ချုပ်ရေးမှူးရော ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေပါ သပိတ်စခန်း ဆိုတာ ကို ဖျက်သိမ်းပေး အနူးညွတ်တောင်းပန်ခဲ့ပါတယ် ။ မရပါဘူး ။ လုံးဝ ဖျက်မပေးနိုင်ဘူး ပြောပါတယ်။
နောက်ဆုံး သီတဂူဆရာတော်ဘုရားကြီး ကိုယ်တိုင်မေတ္တာရပ်ခံခဲ့ပါတယ်။ သပိတ်စခန်း ဖွင့်တယ်ဆိုတဲ့သူတွေဟာ ဆရာတော် ဘုရားကြီးကိုတောင် မျက်လုံးထဲ မထားတော့ပဲ မိုက်မိုက်ရိုင်းရိုင်းတွေ အော်ဟစ် ပြောဆိုနေခဲ့ပါတယ်။

      နောက်ဆုံးတော့ ဘယ်လိုမှ မေတ္တာရပ်ခံလို့ မရတဲ့အဆုံးမှာ တာဝန်ရှိသူတွေက ရဲအင်အား ၁၀ ဦးလောက်နဲ့ ဖယ်ရှားလိုက်တာပါ ။ ဒါကို မီဒီယာတွေက ရဲအင်အား ၅၀ ကျော် ၊ စွမ်းအားရှင် ၅၀ ကျော် နဲ့ ရှင်းလင်းတယ်ဆိုပြီး တမင် လီဆယ် ရေးသားနေကြပါတယ်။ ဖယ်ရှား ရှင်းလင်းလိုက်တဲ့ တောင်သူ အယောက် ၃၀ ကိုလည်း ဘာအရေးယူခြင်းမှ မလုပ်ပဲ နေရပ်ကို ကားပေါ်တင်ပြီး နေရပ်ပြန်ဖို့ခဲ့
ပါတယ်။ဒါကို တမင် သတင်းမှားတွေ ရေးပြီး ဆူပူအောင် လုပ်နေတဲ့ ဧရာဝတီဘလော့ ၊ အေးချမ်းမွန် သတင်းစာမျက်နှာ တွေဟာ အတော် ရွံစရာ ကောင်းပါတယ်။ဒီပြဿနာ မှာ ဘယ်သူက မှားတာလဲ ဆိုတာ စာဖတ်သူပဲ ဝေဖန်စဉ်းစားကြည့်ကြပါလို့ အကြုံပြုတင်ပြလိုက်ပါတယ်။


သတင်းပေးပို့သော ဟိန်းစိုးအောင်(သဲကုန်းသား)အား ကျေးဇူးတင်ပါသည်။
 
From:OE

No comments:

Post a Comment