ရန်ကုန်၊ဖေဖော်ဝါရီ ၂၀ ၁၆.၂.၂၀၁၄ရက်နေ့ ၀၁၁၅
အချိန်ကိုသက်ဇော်ဝင်း
မောင်းနှင်သည့် ၈က/၈၂၇၄ အငှားယာဉ်အား ပြိုင်ကားများမှ
ကျော်တက်
ပိတ်ရပ်ကာ ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ခရီးသည် ကိုအင်ထိတ်ကြန့်
တို့အား ရိုက်နှက်ထိုးကြိတ်ပြီး အငှားယာဉ်အား ထုရိုက်ခဲ့သဖြင့် လှိုင်မြို့မ
ရဲစခန်း (ပ)၇၂/၂၀၁၄၊ ပုဒ်မ ၄၄၀/၄၂၇/၃၂၅/၁၁၄ဖြင့် အမှုဖွင့်ပြီး
ပြစ်မှုကျူးလွန် သူ များနှင့် ပြိုင်ကားများအား ဖမ်းဆီးရမိရေး
ဆောင်ရွက်ခဲ့ပါသည်။
အမှုမှ အလိုရှိသည့် ပြိုင်ကားများအနက် ၉ဂ/၇၄၁၄ Nissan Fairlady အဖြူရောင်ပြိုင်ကားအား ၁၉.၂.၂၀၁၄ရက်နေ့ ၀၂၅၀အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၆)ရပ်ကွက်၊ တော်ဝင် ချယ် ရီအိမ်ရာမှ သိမ်းဆည်းရမိပြီး ပြစ်မှုကျူးလွန်သူဟု မသင်္ကာသူ ဇာနည်ထက်ဝေ၊ ကိုကိုနိုင်တို့မှာ မကွေးတိုင်း
ဒေသကြီး၊ ပခုက္ကူဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရှိရသဖြင့် သက်ဆိုင်ရာတိုင်းဒေ သကြီးနှင့်ချိတ်ဆက်ပြီး တရားခံဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
Source: Yangon Police
Powered by >> www.myanmarcutegirl.com <<

No comments:
Post a Comment