Wednesday, February 26, 2014

မျိုးစောင့် ဥပဒေပြဌာန်းရေး သမ္မတဦးသိန်းစိန်က လွှတ်တော်သို့ တိုက်တွန်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
မျိုးစောင့်ဥပဒေပြဌာန်းရေး ဆက်လက်ဆောင်
ရွက်ပေးရန် သမ္မတ ဦးသိန်းစိန်ကပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်း လာကြောင်း သိရှိရသည်။
အမျိုး ဘာသသာ သာသနာ စောင့်ရှောက်ရေး 
ဗဟိုအဖွဲ့ ဥက္ကဌ အင်းစိန်ရွာမ ဆရာတော်ကြီး
 ဦးဆောင်၍ သံဃာနှင့် ပြည်သူ သိန်းနှင့်ချီ၍ လက်မှတ်ရေးထိုး ပေးပို့ခဲ့သည့် မျိုးစောင့် ဥပဒေ ပြဌာန်းပေးရေး တင်ပြချက်ကို သမ္မတ
ဦးသိန်းစိန်က လွှတ်တော်သို့ တိုက်တွန်းလာ
ခဲ့ကြောင်း လွှတ်တော်ရုံး အရာရှိတစ်ဦးက 
 ပြောဆိုသည်။
"သမ္မတကြီး ပို့တဲ့ သ၀ဏ်လွှာ ပြည်ထောင်စုလွှတ်တော် နာယကဆီ ရောက်လာတာတော့ မှန်ပါတယ်။ အသေးစိတ်ကိုတော့ လွှတ်တော် နာယကကြီးက လွှတ်တော်မှာ ဖတ်ကြားမယ် ထင်ပါတယ်" ဟု ၄င်းအရာရှိက ပြောကြားသည်။
"ဘုန်းကြီးတို့က အမျိုး ဘာသာ သာသနာအတွက် ဆောင်ရွက်တဲ့နေရာမှာ ဘယ်ဘာသာတရား ကိုမှ ထိခိုက်ခြင်း မရှိလေအောင်၊ ပွင့်လင်းမြင်သာမှု ရှိရှိ အိမ်ထောင်ပြုနိုင်အောင်၊ ဘာသာ ကူးပြောင်းကိုးကွယ်တဲ့နေရာမှာလည်း ကာယကံရှင်ရဲ့ ဆန္ဒသဘောထားအတိုင်း ဖြစ်စေပြီး အတင်း အဓမ္မ ဘာသာ ပြောင်းခိုင်တာမျိုးတွေ မဖြစ်အောင် ဥပဒေအရ အကာအကွယ် ပေးနိုင်ဖို့ ကြိုးပမ်းဆောင် ရွက်ခဲ့တာပါ။ သီတဂူဆရာတော် ဘုရားကြီး ကိုယ်တိုင်လည်း ဦးဆောင်ပါဝင်ခဲ့တာ အားလုံးအသိပါပဲ။ အခုလို သမ္မတကြီးက ထောက်ခံတယ် ဆိုတာ ကြားသိရတော့ သာသနာတော် အတွက် အရမ်းပဲ ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ရှင်ဘုရင် မင်း ဧကရာဇ်တို့ စောင့်ရှောက်မှ သာသနာတော် အဓွန့်ရှည် တည်တံ့တာ ဖြစ်ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ သာသနာတော် နေလို လလို ထွန်းလင်းတောက်ပနေခြင်းဟာ အစဉ်အဆက် တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခဲ့သူတွေရဲ့ ချီးမြှင့် အားပေးမှုကြောင့်ပဲ ဖြစ်ပါတယ်။ သမ္မတကြီး ကျန်းမာ ချမ်းသာစေဖို့လည်း မေတ္တာပို့သပါတယ်။ ဘုန်းကြီးတို့ ပို့ထားတာ ကြာပါပြီ။ အခုလို သတင်းကြားရတဲ့အတွက် အမျိုး ဘာသာ သာသနာအ တွက် စိတ်အေးရတာပေါ့" ဟု အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော်တစ် ပါး က မိန့်ကြားသည်။
"ဒီဥပဒေတွေက အခြားဘာသာတွေကို ထိခိုက်တာ၊ ပိတ်ပင်တာ လုံးဝ မဟုတ်ပါဘူး။ အခြားဘာ သာ ကိုးကွယ်ပြီး မျိုးရိုးစဉ်ဆက် ကိုးကွယ်တာကို ပိတ်ပင်ခြင်း မရှိပါဘူး။ ဗုဒ္ဓဘာသာဝင်တွေ လက် ထပ် တဲ့အခါ၊ ဘာသာကူးပြောင်းတဲ့အခါ မိမိသဘောဆန္ဒအရပဲ ဖြစ်စေဖို့၊ ဒါကို ဥပဒေကြောင်းအရ ကာကွယ်မှုရှိဖို့ ရေးဆွဲထားတာ ဖြစ်ပါတယ်" ဟု ဥပဒေ ရေးသားပြုစုရာတွင် ပါဝင်ခဲ့သူ ဥပဒေ ပညာ ရှင်တစ်ဦးက ပြောဆိုသည်။
လူအများ သိရှိထားသည်မှာ မျိုးစောင့်ဥပဒေ ဟူ၍ ဖြစ်သော်လည်း တင်ပြရာတွင် ဘာသာ ကူးပြောင်းရေး ဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ စသည်အားဖြင့်
ခေါ်တွင်စေ ရန် ရေးဆွဲထားကြောင်း၊ မျိုးစောင့် ဟူ၍ သုံးနှုံးထားခြင်း မရှိကြောင်း အထက်ပါ ဥပဒေပညာရှင်က ပြောဆိုသည်။

အစိုးရရုံးစိုက်ရာ နေပြည်တော် ရွှေတိဂုံပုံတူ စေတီတော်အနီးတွင် ယမန်နေ့က မျိုးစောင့်ဥပဒေပြ ဌာန်းရေး ဟောပြောပွဲတွင် လူပေါင်း သောင်းနှင့်ချီ၍ တက်ရောက်ခဲ့ကြပြီး ယင်းဟောပြောပွဲသို့ တက်ရောက်လာခဲ့ကြသည့် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို သမ္မတကြီး ကြားသိသွားပြီ ဟု ယုံကြည်ကြောင်း ယင်းဟောပြောပွဲတွင် ပါဝင်ဟောပြောခဲ့သူ တစ်ဦးက ပြောကြားသည်။

"ကျွန်တော် အမှန်အတိုင်း ပြောရရင် ပြည်သူတွေ ဒီလောက်အထိ တက်ရောက် ကြမယ် ထင်မ ထားပါဘူး။ ၀မ်းသာဖို့ ကောင်းပါတယ်။ ကြည်နူးဖို့လည်း ကောင်းပါတယ်။ ပွဲကို တက်ရောက်လာ ခဲ့တာ လူတစ်စု မဟုတ်တဲ့ လူထုပါ။ ဘယ်သူကမှ မတက်မနေရ အတင်းအကျပ် စေခိုင်းခဲ့တာ လည်း မဟုတ်ဘူး။ အားလုံးက အမျိုးသားရေးအသိနဲ့ တက်ရောက်ခဲ့ကြတာ အားရစရာပဲဗျာ။ အခု ကျွန်တော်တို့ ကြိုးပမ်းနေတဲ့ မျိုးစောင့်ဥပဒေကို သမ္မတကြီးက ထောက်ခံတယ် ဆိုတာ ကြားရတော့  ၀မ်းသာတယ်။ ဂုဏ်ယူတယ်။ သမ္မတကြီးကိုလည်း ကျေးဇူးတင်တယ်" ဟု ဓမ္မစက္က ဦးမောင်မောင်က ပြောဆိုသည်။

"ဆရာတော်ဦးဝီရသူကို ဦးဝင်းတင် လာတွေ့တုန်းက ဆရာတော်က သူ့ရပ်တည်ချက်ကိုပြတ်ပြတ် သားသားပဲ ပြောခဲ့ပြီးသားပါ။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတတင်မက အရေးကြီးတဲ့ ဂိုဏ်းချုပ် ကြီး ဖြစ်စေချင်တယ်။ ပုဒ်မ ၅၉(စ)ကတော့ မပြင်သင့်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လွှတ်တော် ဥက္ကဌ လုပ်ချင်လုပ်။ နိုင်ငံအတွက် ဘာသာအတွက် ရပ်တည်ချက် ပြောင်းမှာ မဟုတ် ဘူး ဆိုပြီး ပြောခဲ့တာပါ။ အခုလို သမ္မတဦးသိန်းစိန်က ထောက်ခံတယ် ဆိုတာ ကြားရလို့ ၀မ်းသာ မိပါတယ်။ ကြိုးစားတဲ့အကျိုး နပ်ပြီလို့ ဆိုရမှာပေါ့" ဟု မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော်တစ် ပါးက မိန့်ဆိုသည်။

မျိုးစောင့်ဥပဒေ ပြဌာန်းရေးကို အပြင်းအထန် ကန့်ကွက်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် လွှတ်တော်၌ ကိုယ်စားလှယ် အနည်းငယ်သာ ရှိသဖြင့် ဥပဒေပြဌာန်းရာ၌ ကြီးကြီးမားမား ကန့်ကွက်နိုင်မည် မဟုတ် ဟု လေ့လာသူများက သုံးသပ်ထားကြသည်။

P-876543032
ပြည်သူ့အာဏာ

No comments:

Post a Comment