Wednesday, February 19, 2014

ကိုကိုးကျွန်းပေါ်တွင် တရုတ်ရေတပ်စခန်းတည်ဆောက်နေသည်ဟူသည့် သတင်းကို ကာကွယ်ရေးဦးစီးချုပ်ရုံးမှ မဟုတ်ကြောင်း ရှင်းလင်း

ရန်ကုန်တိုင်းဒေသကြီးအပိုင် ဘင်္ဂလား ပင်လယ်အော်နှင့် ကပ္ပလီ ပင်လယ်ပြင်အကြားတွင်တည်ရှိသည့် ကိုးကိုးကျွန်းပေါ်တွင် တရုတ်ရေတပ်စ
ခန်းနှင့် တရုတ်လေယာဉ်ပြေးလမ်းတစ်ခု တည်ဆောက်လျှက်ရှိကြောင်း အိန္ဒိယ သတင်းစာတစ်စောင်က ဖော်ပြခဲ့သည့် သတင်းမှာ မှားယွင်းနေပြီး မူလလေ ယာဉ်ပြေးလမ်းကို ပြန်
လည်ပြုပြင်နေခြင်း သာဖြစ်သည်
ဟု မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက တုံ့ပြန်လိုက်သည်။
``ကိုကိုးကျွန်းက ဘယ်သူမဆိုအလည်အပတ်သွားလို့ရပါတယ်။ အပျော်စီးသင်္ဘောတွေတောင်သွား
လို့ရနေပါပြီ။ တရုတ်နဲ့ပတ်သက်တဲ့ စီမံကိန်းဘာတစ်ခုမှမရှိဘူး။ လူတိုင်းသိလို့ရတဲ့ကိစ္စပါ။ ကိုကိုး ကျွန်းပေါ်မှာ လျှို့ဝှက်ထားစရာနေရာ ဘာမှမရှိဘူး။ ထင်ယောင်ထင်မှားဖြစ်အောင် ဘာလို့လုပ်ကြ တာလဲမသိဘူး´´ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

No comments:

Post a Comment