Wednesday, February 19, 2014

ဝိဥာဉ် ခေါ်ပြီး မဲဆွယ် တဲ့ အပေါစား စည်းရုံးရေးနဲ့ NLD

မြန်မာပြည် နိုင်ငံရေးအတွင်းမှာ 
ရဟန်းတော်တွေ လူတွေတင်
 မဟုတ်ဘူး နတ်ကတော်တွေ နတ်စိမ်း
တွေ မြေဖုတ်တစ္ဆေတွေပါ ရာနော
ပါလာပြီ ........ ။ မန္တလေး ဟောပြောပွဲစင်မြင့်ထက်က
 စာရေးဆရာ မောင်သွေးသစ်က 
နတ်ဝင်ပြီး ဟောပြောသွားတဲ့
အကြောင်း တွေ့လိုက်ရပါတယ် .... ။
ကန်တော့ပွဲ တစ်ပွဲကို ရှေ့ချပြီး
 ဗိုလ်ချုပ်ဝိညဉ်ကို ပူးကပ်စေအောင် ခေါ်ပြီး ၄င်းဝိညဉ်က NLD ကို မဲပေးစေဖို့ ပြော သွားကြောင်း လည်း သိရပါတယ် ။
ယုတ္တိယုတ္တာမဲ့လွန်းပြီး လူတွေကို အကြောင်ရိုက် စေတယ်လို့ မြင်မိပါတယ် ။ ဆိုပါစို့

မောင်းသွေးသစ် ခေါ်လိုက်တဲ့ ၀ိညဉ်က ပူးကပ်ပြီး NLD ကို မဲပေးဖို့ အမှန်တကယ် ပြောသွားတယ်ပဲ
ထားပါဦး ။ ဗိုလ်ချုပ်ဝိညဉ်ဆိုတာ ဘယ်လိုသက်သေ ပြမလဲ ။ ဗိုလ်ချုပ်မဟုတ်ပဲ လမ်းဘေး မှာ သေ တဲ့အရက်သမား တစ်ယောက်ရဲ့ ၀ိညဉ်ကော မဖြစ်နိုင် ဘူးလား ........ ။
ဒါတောင်မှ ဖြစ်နိုင်ချေ ရှိလွန်းမှ ပြောတာပါ တကယ့်တကယ် ဖြစ်နိုင်ချေ ရှိဖို့ကလည်း၉၉%   လောက်  မသေချာမရေရာပါဘူး .............. ။ ကဲ .. နောက်တစ်ဆင့်တက်ကြပါစို့ ၀ိညဉ်ပူးတာလည်း ဟုတ်တယ် ။ဗိုလ်ချုပ်လည်းဟုတ်တယ်  ဆို ရင် ။ ကျနော်တို့ လေးစားတဲ့ ဗိုလ်ချုပ်က ပြိတ္တာခေါ် လမ်းဘေး ၀ိညဉ်တစ်ကောင်ဖြစ်နေတယ် လို့ ဆိုလိုချင်တာလား........ ။ ဒါဟာ ဖြစ်သင့် ဖြစ်ထိုက်တဲ့ အရာ မဟုတ်ပါဘူး လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စလည်း မဟုတ်ပါဘူး
ဒါဟာ ဗိုလ်ချုပ်ရဲ့ သိက္ခာကို စော်ကားသလို ပြည်သူတွေကို လိမ်ရာလည်း ကျပါတယ် .... ။

ဝိညဉ်ပူးကပ်ခြင်း လက္ခဏာကို ကျနော် အနည်း ကျဉ်း ရှင်းပြချင်ပါတယ် ။ အမှန်တကယ် ၀ိညဉ်
ပူးကပ်ခံရပါက ။ ပူကပ်ခံရသူဟာ ပုံမှန်အခြေအနေမှ လုံးဝ ပြောင်းလဲသွားပါတယ် ။
၁ ။ ခန္ဒာကိုယ်တစ်ခုလုံး တုန်ခါနေပါတယ် ၂ ။ မျက်စေ့မှိတ်သော် တင်းတင်းကြပ်ကြပ် စုံမှိတ်ပါတယ် ၃ ။ မျက်စေ့ဖွင့်သော် တစ်နေရာတည်းကိုသာ စူးစိုက်ကြည့်တတ်ပါတယ် ၄ ။ အပူကပ်ခံသူ၏ ပင်ကိုယ် အသံနေအသံထား ပျောက်ပြီး ပူးဝင်လာသူ၏ အသံသို့ ပြောင်း လဲသွားတတ်ပါတယ် (အနီးစပ်ဆုံး အသံသြ) သွားပါတယ် ။ ၅ ။ ပူးကပ်ချိန် ပြောခဲ့ပြီးသော စကားကို ပြန်မမှတ်မိပါ ၆ ။ သရေယိုတတ်ပါတယ် ၇ ။ ပြန်ထွက်သွား ချိန်တွင် အပူးကပ်ခံသူသည် ရုပ်သေးကြိုးပျက်ပမာ ရှိပါတယ် ၈ ။ ပူးကပ်ရာမှ ပြန်ထွက်ခါနီး ကျို့ထိုးတတ်ပါတယ် ဒီလိုလက္ခဏာတွေ ပြမှ ၀ိညဉ်ပူးကပ်တယ်ဆိုတာ ယုံနိုင်ဖွယ်ရာရှိပါတယ် သို့ပေမဲ့ မသေချာတဲ့ အကြောင်းတစ်ခု ပြောပါမယ် ။ ၀ိညဉ်တစ်ကောင်ကို ခေါ်ပြီး ပူးကပ်စေ တဲ့ အခါမှာ ခေါ်သူ၏ အနီးတ၀ိုက်မှာ ကျင်လည် ကျက်စားနေတဲ့ ၀ိညဉ်များစွာထဲမှ တစ်ကောင်ကောင် ပူးကပ်ဟန်ဆောင် ခံရနိုင်ခြင်းလည်း ဖြစ်တတ်ပါတယ် ။
မည်သို့ပင်ဆိုစေ နိုင်ငံရေးမှာ ယ္ခုလို အပေါစားဆန်ဆန် လုပ်ကွက်မျိုးပြပြီး မဲဆွယ်တယ် ဆိုက တည်း က အဲဒိလူတွေကလည်း အပေါစားတွေ ဖြစ်ကုန်ပါတယ် ။

နိုင်ငံရေး ပုံရိပ်ကောင်းလျှင် ဘယ်ဝိဥာဉ်မှ ခေါ်ပြီး မဲစွယ်စရာလည်း မလိုပါဘူး ။ နိုင်ငံရေး ပုံရိပ် ကောင်းကြောင်း ပြချင်လို့ ခေါ်ခါမှ အဲဒီပါတီက မကောင်းဆိုးဝါး ပါတီလို့တောင် သတ်မှတ်ခံ ရဖွယ် ရှိပါသေးတယ် .... ။

တကယ်လို့ လူတွေကို ယုတ္တိရှိရှိနဲ့ လိမ်လည် မဲစွယ်ချင်ပါက အကောင်းဆုံးနည်းကတော့ မျက်လှည့် ဆရာ စက္ကောမကို ခေါ်ပြီး မဲစွယ်ပါက ပရိသတ်လည်း အပျင်းပြေပြီး မဲစွယ်မှုလည်း   အောင်မြင် နိုင်ကြောင်းအကြံပြုလိုက်ပါစေ ခင်ဗျာ ....... ။

လိမ်မယ်ဆိုလည်း ယုတ္တိရှိရှိ လိမ်စမ်းပါဗျာ
Photo Credit = ကိုဂျွန်
From: ထက်နေခ
www.mmdailystar.com

No comments:

Post a Comment